သင့်ကျန်းမာရေးအတွက် ဆေးတစ်ခွက်အကြောင်းပြောပြလိုက် ပါရစေ။ ဒီဆေးတစ်ခွက်မှာ ဆေးအမည်ပေါင်းများစွာပါရှိပါတယ်။လူတိုင်း နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့အခြေ အနေတွေထဲက မိမိ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင် မှာပါ။
၁။ လမ်းလျှောက်ပါ
နေ့စဉ်နေ့တိုင်းနာရီဝက်ခန့်လမ်းလျှောက်ခြင်းကိုပြုလုပ်ပါ။ ဘယ်လိုနည်းလမ်းမျိုးနဲ့ဖြစ်စေ (သွက်သွက်ကလေးလျှောက်သည်ဖြစ်စေ၊ခြေလှမ်းမှန်မှန်လျှောက်သည်ဖြစ်စေ)ကြိုက်တဲ့ပုံစံနဲ့သာလျှောက်ပါ။ အခုလိုလမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါနဲ့ လေဖြတ်တာကို ၃၀ ရာခိုင်နှုန်းသက်သာမှုရရှိစေနိုင်ပါတယ်။ လမ်း မှန်မှန်လျှောက်ခြင်းဟာ တခြားကိုယ်ခန္ဓာလှုပ်ရှားမှုတာဝန်တွေ ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။
၂။ သွေးပေါင်ချိန်ကိုထိန်းသိမ်းပါ
မိမိသွေးပေါင်ချိန်ကို ၁၁၅/၇၅ အထိလျှော့ချပါ။ ကိုလက်စထရောလျှော့ချဖို့ထက် သွေးပေါင်ချိန်လျှော့ချဖို့က ပိုပြီး အရေးပါပါတယ်။ အလွယ်ကူဆုံးလေ့ကျင့်ခန်းမှန်မှန်လုပ်ရုံနဲ့ ဝမ်း ဗိုက်ပိုင်းအဆီကိုလျှော့ချနိုင်ပါတယ်။ အိုမင်တန် (Omentum) လို့ခေါ်တဲ့ ဗိုက်ခေါက်ထူထူကြီးကိုလျှော့ချဖို့ အထူးလိုအပ်ပါတယ်။ အိုမင်တန်ဆိုတာ ဝမ်းဗိုက်အတွင်းရှိ တခြားအင်္ဂါတွေနဲ့ဆက်သွယ် ထားတဲ့ အူဖုံးမြှေးထူအဆီပြင်ကြီးကိုခေါ်တာပါ ။ ဒီအဆီပြင်ကြီးက ကျောက်ကပ်၊ အသည်းနဲ့ တခြားအင်္ဂါတွေကိုပါ ပံ့ပိုးထောက်ပံ့မှု ပေးနေပါတယ်။ ဝဖြိုးချိန်မှာ ကိုယ်အလေးချိန်တိုးလာတာနဲ့အမျှ ကျောက်ကပ်ကိုအဆီနဲ့ဖုံးလွှမ်းစေပါတယ်။ အခုလို ကျောက်ကပ်ကို အဆီဖုံးလာပြီဆိုတာနဲ့ ကျောက်ကပ်အတွင်းကသွေးကို လည်ပတ် သန့်ရှင်းစေဖို့အတွက် သွေးပေါင်ချိန်ဖိအား ပိုမိုလိုအပ်လာပါတယ်။ ဒါကြောင့် သွေးဖိအားမြင့်မားတိုးတက်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ခန္ဓာကိုယ်ကထုတ်လုပ်ပေးရပါတယ်။ ဒီတော့ သွေးပေါင်ချိန်မြင့်မားလာစေတော့တာပါပဲ။ အဆီလျှော့ချပေး နိုင်ရင် သွေးပေါင်ချိန်ကိုလျှော့ချပေးနိုင်ပါတယ်။
ကျောက်ကပ်ရဲ့တာဝန်က ခန္ဓာကိုယ်တစ်ခုလုံးရှိအညစ် အကြေးတွေကိုသယ်ဆောင်လာတဲ့သွေးကို သန့်စင်ပေးရတာဖြစ် ပါတယ်။ သွေးသန့်စင်အောင်ပြုလုပ်ဖို့ ကျောက်ကပ်ဟာ ရေနဲ့ ဓာတ်ဆားကို ဟန်ချက်ညီအောင်ထိန်းပေးရပါတယ်။ အစား အစာက ဆားကိုလျှော့စားပြီး ကျောက်ကပ်ကိုကူညီပံ့ပိုးပေးပါတယ်။ သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သာမန်နည်းလမ်း သုံးပြီး သွေးပေါင်ချိန်ကိုလျှော့မချနိုင်ဘူးဆိုရင်တော့ သွေးပေါင်ချိန် ချဆေးကို သုံးစွဲနိုင်ပါတယ်။
၃။ သစ်ဥသစ်ဖု၊ သစ်သီးဝလံများ စားသုံးပါ
သစ်ဥသစ်ဖုတွေမှာ လစ်ပိုပရိုတိန်း (Lipo Protein) ခေါ် အကျိုးပြုကိုလက်စထရော (HDL) ကိုမြင့်မားစေပါတယ်။ သစ်ဥသစ်ဖုတွေဟာ ရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ သစ်ဥသစ်ဖုတွေမှာ အိုမီဂါ- ၃ ခေါ်တဲ့ ကျန်းမာရေးကိုအထောက် အကူပြုတဲ့ ပရိုတိန်းတစ်မျိုးပါရှိပါတယ်။ ဆားမစိမ်ရသေးတဲ့ လတ်လတ်ဆတ်ဆတ်သစ်ဥသစ်ဖုအစိမ်းဟာ အမှန်တကယ်အကျိုး ပြုပါတယ်။ တကယ်လို့ သစ်ကြားသီးမှာ အန္တရာယ်ဖြစ်စေမယ့် အခရင်အေမိုက်သတ္တု (Acrylamide) ကို ပျက်ပြယ်စေလိုပါက သစ်ကြားသီးကို အပူချိန် ၁၇၅ ဒီဂရီစင်တီဂရိတ်၊ ကိုးမိနစ်ခန့်အပူ ပေးပြီးမှစားသုံးမယ်ဆိုရင် အန္တရာယ်ကင်းရှင်းစေနိုင်ပါတယ်။ သစ်ဥသစ်ဖုတွေမှာ အရည်ရွှမ်းသစ်ဥသစ်ဖုတွေကို ဒီအတိုင်း စားသုံးနိုင်ကြပါတယ်။
၄။ အကျိုးပြုကိုလက်စထရောကို မြှင့်တင်ပေးပါ အကျိုးပြုကိုလက်စထရော(Acrylamide)ကိုလေ့လာပြီးသွေးအတွင်းပါဝင်မှုနှုန်းကိုမျက်ခြည်မပြတ်ဂရုစိုက်ကြည့်ရှုပါ။ အဲဒီပါဝင်မှုနှုန်း ၅၀ ရာခိုင်နှုန်းအထိရောက်ရှိအောင် ကြိုးစားပါ။ ရာခိုင်နှုန်းမြင့်တက်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ပါ။ ကျန်းမာရေး နဲ့သင့်လျော်ကိုက်ညီတဲ့ဆီကိုစားသုံးပါ။ (ဥပမာှူ သံလွင်ဆီ၊ နေကြာ ဆီနဲ့ သစ်ဥ၊ သစ်ဖုတွေစားသုံးပါ။)
၅။ ခရမ်းချဉ်သီးဆော့စားမြိန်ရည် စားသုံးပါ
ခရမ်းချဉ်သီးဆော့မှာ သွေးပေါင်ချိန်ကျစေတဲ့ ပိုတက် ဆီယမ်ဓာတ်ဆား များစွာပါဝင်ပါတယ်။ အဆီရွှမ်းတဲ့ခရမ်းချဉ်သီး ဆော့ကိုတော့ ရှောင်ပါ။ ဂျုံမှုန့်ညက်တွေရောထားတဲ့ ခရမ်းချဉ်သီး ဆော့ကိုရှောင်ကြဉ်ပါ။
၆။ သွားကျန်းမာရေးကိုဂရုပြုပါ
သွားဝန်းကျင်တစ်ရှူးတွေရဲ့ကျန်းမာရေးဟာ သွေးလွှတ် ကြောရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အခုလိုဂရုစိုက်တာ ဟာ သွေးလွှတ်ကြော၊ သွားကျန်းမာရေးနဲ့၊ နှလုံးကို သွေးပြည့်ဝစွာ ရောက်ရှိလည်ပတ်မှုကို အထောက်အကူပြုစေတဲ့အပြင် မျိုးပွားအင်္ဂါ ကိုလည်း အကျိုးပြုပါတယ်။ မျက်နှာပြင်ကအရေးကြောင်းတွေ၊ ပါးရေနားရေတွန့်တာတွေကိုလည်း အကာအကွယ်ပေးပါတယ်။
၇။ နေ့စဉ် ပြည့်ဝဆီ ၂၀ ဂရမ်ထက်ပိုမစားသုံးပါနှင့်
ဖြစ်နိုင်သမျှအဆီကိုလျှော့စားပါ။ပြည့်ဝဆီနဲ့ပြည့်ဝဆီဖြစ်လုနီးပါးအစားအစာကိုရှောင်ပါ။စည်သွတ်ဘူးတွေနဲ့ဖုတ်ထားတဲ့မုန့်တွေ၊အစားအစာတွေမှာပြည့်ဝဆီဖြစ်လုနီးပါးအရာတွေပါဝင်တာများပါတယ်။ဒါတွေက ပြည့်ဝဆီထက် ပိုပြီးအန္တရာယ်ရှိ ပါတယ်။
၈။ အချိုကဲတဲ့အစားအစာတွေကိုရှောင်ပါ
အဆီမပါပေမဲ့ အချိုကဲတဲ့အစားအစာတွေကလည်း အန္တရာယ်မကင်းပါဘူး။ အချိုက ရောင်ရမ်းမှုကိုအားပေးပါတယ်။ သကြားဓာတ်က အဆီအဖြစ်စုစည်းစေပါတယ်။ သစ်သီးဝလံတွေ မှာ သကြားဓာတ်ပါဝင်ပေမဲ့လည်း လူကိုအကျိုးပြုစေပါတယ်။
၉။ ဝိုင်၊ သို့မဟုတ် ဘီယာတစ်ခွက်ထက် ပိုမသောက်ပါနှင့်၊ ဆေးလိပ် သောက်ခြင်းကိုရှောင်ကြဉ်ပါ
ကျန်းမာရေးကောင်းစေဖို့၊သွေးလည်ပတ်မှုကောင်းစေဖို့ဝိုင်အနည်းငယ်သောက်သုံးသင့်ပေမဲ့အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။ဆေးလိပ်မသောက်တာကလည်းနှလုံးရောဂါနဲ့လေဖြတ်ခံရတာတွေကို ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။