နည်းပညာ၏သားကောင်များဖြစ်လာသည့်ကျွန်တော်တို့လူသားများသည်တိုးတက်လာသည့်နည်းပညာများနှင့်တစ်သားတည်း ကျအောင်နေလာရင်းဖြင့် ကျွန်တော်တို့မြတ်နိုးခဲ့သည့်အကျင့်၊ အလေ့အထများကိုလည်း သတိမထားမိဘဲစွန့်ပစ်လာတတ်ကြ သည်။ အထူးသဖြင့် ကျွန်တော်တို့၏စာဖတ်သည့်အလေ့အထမှာ လည်း ယခင်က စာအုပ်များကိုထိတွေ့ပြီးဖတ်ဖြစ်ခဲ့ကြရာမှ ယခု အခါ သယ်ဆောင်ရပိုလွယ်ကူခြင်း၊ လိုအပ်သလောက်ကို အလွယ် တကူသယ်ယူနိုင်ခြင်း စသည့်အကြောင်းပြချက်များဖြင့် e-bookများကိုပြောင်းလဲဖတ်ရှုလာကြသည်။ စာအုပ်များဖြင့်စာဖတ်ခြင်း သည် ကောင်းမွန်သော်လည်း သယ်ယူရသည်မှာပင်ပန်းခြင်း၊ တစ်ခါတစ်ခါသယ်လျှင်လည်း တစ်အုပ်နှစ်အုပ်သာသယ်နိုင်ခြင်း စသည့်အကြောင်းပြချက်များစွာဖြင့် ကျွန်တော်တို့သည် တက်ဘလက် များဖြင့်လည်ကောင်း၊ လက်ကိုင်ဖုန်းများဖြင့်လည်းကောင်း e-bookမြောက်များစွာကိုသိမ်းဆည်းပြီးသွားလေရာသယ်ဆောင်ကာ အချိန်မရွေးလွယ်ကူစွာဖတ်တတ်သည့်အလေ့အကျင့်များ လည်း ရခဲ့ကြခြင်းဖြစ်သည်။
အထူးသဖြင့် ကျွန်တော်တို့သည် စာဖတ်လျှင်အိပ်ရာထဲ တွင်အနားယူကာ စာဖတ်တတ်ကြသည်။ ယခင်က စာအုပ်လေး တစ်အုပ်လောက်ဆွဲပြီး အိပ်ယာထဲတွင်ဇိမ်ယူကာဖတ်တတ်ကြ သော်လည်း ယခုခေတ်ကာလတွင်လူတိုင်း၏အိပ်ရာပေါ်၌တက်ဘလက်များ၊မိုဘိုင်းဖုန်းများသာနေရာယူနေကြသည်မှာ တော့ သဘာဝတစ်ခုလိုပင်ဖြစ်သည်။ ကျွန်တော်တို့သည် အိပ်ရာ ပေါ်တွင် ဖေ့စ်ဘွတ်ခ်ကြည့်ခြင်း၊ စာဖတ်ခြင်းစသည်တို့ကိုလုပ်လေ့ လုပ်ထရှိခြင်းကို အမေရိကန်ရှိဆရာဝန်များက သတိပေးချက် တစ်ခုကိုထုတ်ပြန်ခဲ့သည်။ ထိုသတိပေးချက်မှာ “အိပ်ရာဝင်ခါနီး အိပ်ရာပေါ်တွင် ဖေ့စ်ဘွတ်ခ်၊ အီးဘွတ်ခ်များဖတ်ခြင်းသည်သင့်၏အိပ်ချိန်ကိုထိခိုက်စေရုံသာမကသင်၏ကျန်းမာရေးကိုပါထိခိုက်စေ နိုင်သည်” ဟုဆိုသည်။
အဘယ်ကြောင့်ဆိုသော် ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသနပြုချက်အရ စာအုပ်နှင့်အီးဘုတ်ဖတ်ခြင်း၏ကွာခြား ချက်များကိုရှာဖွေတွေ့ရှိချက်များကြောင့်ဖြစ်သည်။ e-book ဖတ် သူများသည် ဇက်ကြောတက်ခြင်း၊ အိပ်ရေးကောင်းကောင်းမဝ ခြင်းနှင့် အိပ်ရာကထလျှင်လည်း ပင်ပန်းနွမ်းနယ်ခြင်းစသည်တို့ကိုပါ ခံစားရစေနိုင်ပါသေးသည်။ သာမန်ရိုးရိုးစာအုပ်ဖတ်သူများမှာ ထိုသို့ခံစားရလေ့မရှိဘူးဟုဆိုပါသည်။ယင်းသို့ခံစားရသည်မှာအသုံးပြုနေကြသည့်အီလက်ထရွန်နစ်ပစ္စည်းများကထွက်ရှိလာသည့်အလင်းရောင်များကြောင့်ဟုဆိုပါသည်။ကျွန်တော်တို့သည်အီလက်ထရွန်နစ်များကထွက်လာသည့်အလင်းရောင်ကို အားစိုက်ပြီးဖတ်ရသောကြောင့် ယင်းကဲ့သို့ခံစားလာရသည်ဟုဆိုပါ သည်။ ထိုကြောင့်လည်းအီလက်ထရွန်နစ်စက်ပစ္စည်းများနှင့်စာဖတ်မည်ဆိုပါကအလင်းကိုလျှော့ပြီးဖတ်သင့်သည်ဟုလည်း အကြံပြုပေးထားပါသည်။
ဤမျှသာမက ကျွန်တော်တို့၏ခန္ဓာကိုယ်သည် နေ့၊ ညဇီဝ ဖြစ်စဉ်များနှင့်လိုက်လျောညီထွေအောင် ကျွန်တော်တို့ခန္ဓာကိုယ်ရှိ Body Clock ၏စည်းချက်အတိုင်းလိုက်ပြီးနေရသည်။ သို့သော် လည်းတက်ဘလက်များ၊ စမတ်ဖုန်းများ၊ အီလက်ထရွန်နစ်ဖန် မျက်နှာပြင်မှာပါဝင်သည့် Blue Light တို့သည် ကျွန်တော်တို့၏ခန္ဓာကိုယ်တွင်း Body Clock ကိုအနှောင့်အယှက်ပေးပါသည်။ ညနေပိုင်းတွင် Blue Light များသည် ခန္ဓာကိုယ်တွင်းမှာရှိ အိပ် စက်အနားယူစေသောဟော်မုန်းထုတ်လုပ်မှုကို တားဆီးစေပါသည်။ ထိုကြောင့်လည်း အီလက်ထရွန်နစ် Display
ကြည့်ရှုသူများသည် အိပ်ပျော်ရာတွင် အခက်အခဲရှိနေရခြင်းဖြစ်ပါသည်။
ထိုကြောင့်လည်း ပညာရှင်တွေဟာ လူနှစ်ယောက်ကို အခန်းတစ်ခန်းထဲမှာနှစ်ပတ်ခန့်ထည့်ပြီး တစ်ယောက်ကိုတော့ရိုးရိုးစာအုပ်သာဖတ်စေပြီး၊ နောက်တစ်ယောက်ကိုတော့iPad ဖြင့်ဖတ်စေခဲ့ပြီးစမ်းသပ်ခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များမှာ အထက်ကအတိုင်း iPad ဖြင့်စာဖတ်သူ၏ အိပ်စေသောဟော်မုန်း များသည်ရိုးရိုးပုံနှိပ်စာအုပ်ဖတ်သူထက်များစွာလျော့နည်းနေသည်ကိုတွေ့ရှိရပါသည်။iPad ဖြင့်စာဖတ်သူသည်အိပ်ပျော်ဖို့အတွက်လည်းအချိန်အတော်တန်ကြာယူရုံမက နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊ နောက်နေ့တွင်လည်း ပင်ပန်းခြင်း၊ မလန်းဆန်း ခြင်း စသည်တို့ကိုခံစားခဲ့ရပါသည်ဟုဆိုပါသည်။ ဤရှာဖွေတွေ့ရှိ ချက်ကိုတော့ National Academy of Science ဂျာနယ်တွင် ဖော်ပြထားပါသည်။
ထိုမျှသာမက အိပ်ရေးမဝခြင်း၏နောက်ဆက်တွဲဆိုး ကျိုးများကိုလည်းဖြစ်ပေါ်စေနိုင်ပါသေးသည်။ အထူးသဖြင့် အဝ လွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းတို့သာမက နောက်ဆက်တွဲ ကင်ဆာရောဂါများလည်း ဖြစ်ပေါ်စေနိုင်ပါသေးသည်။
ထို့ကြောင့်လည်း ကျွမ်းကျင်ပညာရှင်များက စာဖတ်မည် ဆိုပါက အပြာရောင်အလင်းတန်းထုတ်လွှင့်နေသောဖန်သားမျက် နှာပြင်များက သင့်မျက်လုံးကိုထိခိုက်စေရုံသာမကဘဲသင်၏ ရေရှည်ကျန်းမာရေးကိုထိခိုက်စေနိုင်သောကြောင့် ပုံနှိပ်စာအုပ် များကိုပဲဖတ်ဖို့အားပေးပြီး၊ e-bookများကိုဖတ်မည်ဆိုပါက ညနေ ဘက်မှစ၍ အလင်းရောင်ကိုလျှော့ပြီးဖတ်ဖို့ အကြံပေးထားရခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ အပြာရောင်အလင်းတန်းများထွက်ရှိလာခြင်း ကြောင့် ကျွန်တော်တို့၏ဆိုးကျိုးများသည်လည်း များပြားလှပါ သည်။ အိပ်မပျော်ခြင်း၊ အိပ်ပျော်လျှင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ နောက်နေ့တွင် ပင်ပန်းခြင်းကြောင့်လုပ်ငန်းခွင်၌လည်းတက်တက်ြွကြွက၊ရွှင်ရွှင်လန်းလန်းမရှိခြင်းတို့သာမက နောက်ဆက်တွဲပြဿနာများ ကိုပါ ခံစားစေနိုင်သောကြောင့် ကျွန်တော်တို့သာမက ကျွန် တော်တို့၏ ပတ်ဝန်းကျင်မှာရှိ သည့်ချစ်ခင်ရသောသူအပေါင်းကိုလည်းညဘက်အီလက်ထရွန်နစ်ပစ္စည်းများသုံးခြင်း၏ဆိုးကျိုးများမှကင်းဝေးအောင် တတ်နိုင်သမျှ လျှော့ချစေရန် ဆန္ဒပြုလျှက်…။
Author – ဒေါက်တာထက်ဝေ