အစာစားချိန်မမှန်စေသည့်အကြောင်းအရာများ
၁။ ခန္ဓာကိုယ်အလေးချိန်လျှော့ချခြင်း
လူအများစုသည် ခန္ဓာကိုယ်အလေးချိန်လျော့ကျစေရန် အတွက် အစားအသောက်ရှောင်ခြင်းကို ပြုလုပ်တတ်ကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မိမိကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ထို့အတွက် ကြောင့် အစာစားချိန်ကိုရှောင်မည့်အစား အရေအတွက်နည်းနည်း ဖြင့် အကြိမ်များများစားသုံးသင့်သည်။
၂။ ခရီးထွက်ခြင်း
မိမိစားသောက်နေကျအစားအစာများနှင့် မတူညီသော ဓလေ့စရိုက်များနှင့်တွေ့ကြုံရသောအခါများတွင်လည်း အစာစား ချိန်လွန်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ အသစ်အသစ်သော အစား အစာများကို စားသောက်ရန်ခက်ခဲနေပါက ပေါင်မုန့်များ၊ အသီး အရွက်များ အစရှိသည့် စူပါမားကက်များမှ အစားအသောက်များကို ယူဆောင်သွားသင့်သည်။
၃။ အားကစားပြုလုပ်ခြင်း
အားကစားသမားအများစုသည် လိုအပ်သောခန္ဓာကိုယ် အချိုးအစားများ ရရှိစေနိုင်ရန်အတွက် အစားအစာများကို ချိန်ဆ စားသောက်ခြင်းကြောင့်လည်း အစားမမှန်ခြင်းများဖြစ်စေနိုင်သည်။
၄။ အလုပ်တာဝန်များ
နေ့စဉ်တွေ့ကြုံပြုလုပ်နေရသော အလုပ်တာဝန်များကြောင့် လည်း အစာစားချိန်မမှန်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ မနက်စာ စားချိန်၊ နေ့လယ်စာစားချိန်များတွင် အလုပ်တာဝန်များပြားနေခြင်း ကြောင့် အချိန်လွန်ပြီး မစားဖြစ်ခြင်း၊ မေ့လျော့ခြင်းများ ဖြစ်စေနိုင် သည်။
အစာစားချိန်မမှန်ခြင်းကြောင့်ဖြစ်စေနိုင်သည့် နောက်ဆက်တွဲ ရောဂါများ
၁။ အစာအိမ်အက်ဆစ်ဓာတ်များ များပြားလာခြင်း
ခန္ဓာကိုယ်အတွင်းဖြစ်စဉ်များသည် ပုံမှန်လည်ပတ်နေသည့် နာရီတစ်လုံးနှင့်တူသည်။ အစားအသောက်ကို နေ့စဉ်ပုံမှန်စားသုံးခြင်း မပြုပါက အစာချေဖျက်ရန်အတွက် ထုတ်လုပ်သောအင်ဇိုင်းများကို မည်သည့်အချိန်တွင်ထုတ်လုပ်ရမည်ကိုမသိဘဲ ရှုပ်ထွေးမှုများဖြစ်ပေါ် စေနိုင်သည်။ အကျိုးဆက်အနေဖြင့် အစာချေဖျက်ရာတွင်လိုအပ် သည့်အက်ဆစ်ဓာတ်များကို ပိုမိုထုတ်လုပ်ပြီး အစာအိမ်ကိုထိခိုက် စေနိုင်သည်။ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ မအီမသာ ဖြစ်ခြင်းများကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အပြင် အစာအိမ်အနာ ပေါက်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်းများကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် နေ့စဉ် ပုံမှန်စားနေကျနံနက်စာ၊ နေ့လယ်စာ၊ ညစာများကို အချိန်မှန်မှန်စားသုံးသင့်သည်။
၂။ အယောင်ဆောင်အလေးချိန်လျော့ကျခြင်း
အဆီဓာတ်များသည် ခန္ဓာကိုယ်ခုခံကာကွယ်ခြင်းစနစ် အတွက်လည်း ပါဝင်ဆောင်ရွက်ပြီး လိုအပ်သောစွမ်းအင်ကိုထုတ် လုပ်ပေးနိုင်သည်။ အစာစားချိန်မမှန်ခြင်းကြောင့် ခန္ဓာကိုယ်ဇီ၀ ဖြစ်စဉ်များကိုနှောင့်နှေးစေပြီး မကျန်းမာခြင်းများကိုဖြစ်စေနိုင်သည်။ အစာပုံမှန်မစားခြင်း၊ အစာလျှော့စားခြင်းများကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးစေပြီး အလေးချိန်ကျခြင်းကို ဖြစ်ပေါ်စေသော်လည်း အဆီဓာတ်များဆုံးရှုံးခြင်းမဟုတ်သည့်အတွက်ကြောင့် အချိန်မရွေး အလေးချိန်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
၃။ အူလမ်းကြောင်းဖြစ်စဉ်များအား လှုံ့ဆော်ခြင်း
အစာစားချိန်ပုံမှန်မဖြစ်ခြင်း၊ ဖိစီးမှုများသောအလုပ် များကိုပြုလုပ်ခြင်း အစရှိသောသူများတွင် အူလမ်းကြောင်းဖြစ်စဉ် ပုံမှန်မဟုတ်ခြင်း (ှုမမငအဘေူန သြတနူ ှပညိမသာန) ကို ဖြစ်ပေါ်စေနိုင် သည်။ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ လေတက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားရစေနိုင်သည်။ ထိုသို့မဖြစ်ပေါ်စေရန် အတွက် အစားအသောက်ကို ပုံမှန်စားသည့်အလေ့အကျင့်ပြုလုပ်ရန် လိုအပ်ပေသည်။
၄။ ပါးစပ်အတွင်းအနာများပေါက်ခြင်း
အစာအိမ်အတွင်း အက်ဆစ်ဓာတ်များပြားလာခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပါးစပ်ထဲတွင်လည်း အနာများဖြစ်စေနိုင် သည်။ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း အလွန်ခံရခက် သောကြောင့် အစာစားချိန်တွင် နာကျင်ခြင်း၊ နာကျင်မှုကြောင့် ပုံမှန်မစားဖြစ်ခြင်းများကိုလည်း ဖြစ်စေနိုင်သည်။
အစာစားချိန် ပုံမှန်ဖြစ်စေဖို့
၁။ အစားအစာများကို ကြိုတင်ပြင်ဆင်ပါ
ပုံမှန်အစာစားချိန်မှန်စေနိုင်ရန်အတွက် မိမိစားသောက် မည့်အစာအစာများကို ပြင်ဆင်ရန်လိုအပ်ပေသည်။ တစ်ပတ်စာစား သောက်မည့်အစားအစာများကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို ပုံမှန်စားသောက်နိုင်မည်ဖြစ်သည်။ မိမိ စားသောက်လိုသည်များကို စူပါမားကက်များမှ ကြိုတင်ဝယ်ယူထားပြီး လိုအပ်ချိန်တွင်အသုံးပြုနိုင်ရန် ပြင်ဆင်ထားသင့်သည်။ အစာစား ချိန်တွင်မှ ပြင်ဆင်မည်၊ စဉ်းစားမည်ဆိုပါက အချိန်မလုံလောက်ခြင်း၊ စားသောက်ချင်စိတ်မရှိခြင်းတို့ဖြစ်ပေါ်စေနိုင်သည်။ ထို့အတွက် ကြောင့်ပင် မိမိစားလိုသောအစားအသောက်များကို ကိုယ်တိုင်ချက် ပြုတ်မည်ဆိုပါကလည်း ကြိုတင်ပြင်ဆင်သင့်ပြီး စားသောက်ဆိုင် များတွင် စားသောက်မည်ဆိုပါကလည်း ကြိုတင်စဉ်းစားထားသင့် သည်။ ထို့ပြင် အလွယ်တကူစားသောက်နိုင်သော မုန့်ပဲသရေစာ များကိုလည်း ဝယ်ယူထားသင့်သည်။
၂။ အချိန်မှန်စားသောက်ပါ
နေ့စဉ် မိမိအစာစားသောက်မည့်အချိန်ကိုလည်း အချိန် ဇယားနှင့်တကွ သေချာစွာပြုလုပ်ထားသင့်သည်။ အစားအသောက် စားသုံးရန်အတွက် မေ့နေခြင်း၊ အချိန်မရခြင်း၊ သတိရသော်လည်း မစားဖြစ်ခြင်း အစရှိသည်တို့မှ ကင်းလွတ်စေရန်အတွက် အချိန် ဇယားကို အသုံးပြုသင့်သည်။ သတိပေးနှိုးစက်ထားခြင်းဖြင့် လည်းကောင်း၊ သူငယ်ချင်းတစ်ယောက်ယောက်အား သတိပေးစေ ခြင်းဖြင့်လည်းကောင်း၊ အစာစားချိန်ကို ပြင်ဆင်ထားခြင်းဖြင့် လည်းကောင်း အစာစားရန်အတွက်သတိရစေပြီး ရောဂါများမှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။
၃။ ခန္ဓာကိုယ်အလေးချိန်အတွက် မှတ်တမ်းများထားရှိပါ
နောက်ဆုံးအနေဖြင့် မိမိတစ်နေ့တာစားသုံးသည့်အစား အစာများနှင့် လက်ရှိကိုယ်အလေးချိန်တို့ကို မှတ်တမ်းတစ်ခု ထား ရှိပါ။ ထိုသို့ထားရှိခြင်းအားဖြင့် နေ့စဉ်စားသုံးနေကျအစားအစာများ၊ အစာစားချိန်၊ ကိုယ်အလေးချိန်တို့ကို ထိန်းညှိနိုင်ပြီး ကျန်းမာသော ဘဝကိုပိုင်ဆိုင်နိုင်စေရန်အတွက် လိုအပ်သည်များကို ပြုလုပ်နိုင် မည်ဖြစ်သည်။
Author – ဒေါက်တာထက်ဝေ