နှလုံးသွေးကြောထဲ စတန့် (Stent) ထည့်ခြင်း

နှလုံးသွေးကြောထဲ စတန့် (Stent) ထည့်ခြင်း

နှလုံးရောဂါကုသမူတစ်ခုအနေဖြင့် နှလုံးသွေးကြောထဲstentထည့်ခြင်းသည် လူနာအချို့အတွက်အထူးအရေးပါသောကုသမူတစ်ခုဖြစ်ပါတယ်။သို့သော် stentဆိုသောအရာသည် ဘယ်လိုမျိုးလဲဆိုသည်မှာလည်း သေချာနားမလည်ကြပါ။
Stent ဆိုသည်မှာ
Stentဆိုသည်မှာ အလွန်သေးငယ်သောပြွန်တစ်ခုဖြစ်ပါတယ်။သွေးကြောအတွင်းထည့်သွင်းပြီးသွေးကြောအတွင်းသွေးလည်ပတ်စီးဆင်းမူကိုကောင်းစေပါတယ်။
Stentသည် ပိတ်နေသော။ကျဉ်းနေသော။အားနည်းသောသွေးကြောများကို သက်သာစေရန်ပြုလုပ်ပေးပါတယ်။Stentများကိုအခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းများတွင်လည်း ကုသမူအနေဖြင့်ထည့်သွင်းနိုင်ပါတယ်။ဦးနှောက်သွေးကြောများ။ဆီးနှင့်သည်းကြောရည်များစီးဆင်းမူကောင်းမွန်စေရန်ကူညီပါတယ်။
Stentကို အများအားဖြင့် ပိုက်ကွန်ကဲ့သို့သတ္တူပြွန်ဖြစ်သော်လည်း fabric stentများလည်းရှိပါတယ်။တခါတရံ အချို့ဆရာဝန်များအနေဖြင့် ယာယီကုသမူအတွက်သုံးရန်ဆေးဝါးများဖုံးအုပ်ထားသော Stentများလည်းအသုံးပြုကြပါတယ်
Stentအသုံးဝင်ပုံ
Stentကိုအများဆုံးအသုံးပြုသောနည်းလမ်းတစ်ခုမှာသွေးကြောအတွင်းသွေးခဲအဖတ်များပိတ်ခြင်းကိုပွင့်စေရန်အသုံးပြုမူဖြစ်ပါတယ်။
သွေးခဲအဖတ်များသည် ကိုလက်စထရော။အဆီနှင့်သွေးတွင်းအခြားအရာများပါဝင်ပါတယ်။အဆိုပါသွေးခဲအဖတ်များသွေးကြောအတွင်းစုပြုံလာသောအခါ သွေးကြောနံရံများထူလာစေပါတယ်။သွေးကြောများကျဉ်းလာသောအခါ ကိုယ်ခန္ဓာအတွက်လိုအပ်သောသွေးပမာဏသည် စီးဆင်းမူလျော့ကျလာနိုင်ပါတယ်။သွေးခဲအဖတိများစုပြုံလာသောအခါ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်လာစေပါတယ်။အချိနိတစ်ခုကြာသောအခါ နှလုံးကျဉ်းလာသောအခါ ရင်ဘတ်အောင့်ခြင်းစသော အရေးကြီးသောလက္ခဏာများစတင်ခံစားရနိုင်ပါတယ်။ရင်ဘတ်အောင့်ခြင်းကိုအချိန်မှီကုသမူမပြုလူပ်ပါက နောက်ဆက်တွဲဆိုူးကျိုးများအနေဖြင့် လေဖြတ်သည်အထိဆိုးရွားနိုင်ပါတယ်။သွေးကြောကျဉ်းမူသည် ပိတ်သည်အထိဆိုးရွားပါက stentထည့်ပြီး ဖွင့်ရန်လိုအပ်လာပါလိမ့်မယ်။ကုသမည့်ဆရာဝန်အနေဖြင့် stentအရွယ်အစားကိုပိတ်သည့်သွေးကြောအရွယ်အစားကို အခြေအနေပေါ်မူတည်ရွေးချယ်ပါတယ်။

Stentထည့်ကုသမူပြုလုပ်သောရောဂါများမှာ-
-ဦးနှောက်သွေးကြောနှင့်သွေးကြောမကြီးတွင်သွေးကြောဖောင်းခြင်း
-အဆုတ်လေပြွန်ကျဉ်းခြင်း
-ဆီးပြွန်ကျဉ်းခြင်း
-သည်းခြေပြွန်ကျဉ်းခြင်းစသည်တို့တွင်အသုံးပြုပါသည်။

Stentထည့်ခြင်းတွင်ကြုံတွေ့နိုင်သောအခြေအနေများ
-သွေးထွက်ခြင်း
-ပိုးကူးစက်နိုင်ခြင်း
-ဓာတ်မတည့်ခြင်း
-သွေးကြောထဲထည့်စဉ်ဒဏ်ဖြစ်ခြင်း
-ကျောက်ကပ်ထိခိုက်ခြင်းနင့်နှလုံးခုန်အမှန်ခြင်းစသည်တို့ဖြစ်ပါတယ်။
အချို့အခြေအနေမျိုးတွင် ထည့်လိုက်သောstentတွင် တစ်ရှုးများကပ်ညှိသောကြောင့်ပြန်ကျဉ်းသွားနိုင်သောအခြေအနေဖြစ်လာစေနိုင်ပါတယ်။
Stentထည့်ဖို့အတွက် သတိထားရမယ့်အခြေအနေများမှာ
-အသက်ကြီးသူများ
-နလုံးအခြေအနေဆိုးရွားသူများ
-သွေးကြောများစွာပိတ်နေသူများ
-ကျောက်ကပ်မကောင်းသူများတွင် နောက်ဆက်တွဲဆိုးကျိုးပိုမိုဖြစ်စေနိုင်ပါတယ်။
Stentထည့်ုပြီးတပတ်အတွင်း ပုံမှန်လုူပ်ရှားမူပြုလုပ်နိုင်ပါတယ်။Stentထည့်ပြီးနောက် Asprinလ်ုဆေးမျိုးလည်း ဆက်လက်သောက်သုံးရန်လိုအပ်နိုင်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ