သွေးဘာလို့စစ် ၊ ဆီးဘာလို့စစ် ၊ အာထရာဆောင်းဘာလို့ရိုက်

 

သွေးဘာလို့စစ် ၊ ဆီးဘာလို့စစ် ၊ အာထရာဆောင်းဘာလို့ရိုက်

သင့်ခန္ဓာကိုယ် အတွင်းရှိ ဇီဝဓာတု ပစ္စည်း ပမာဏ မူမမှန်ခြင်းကို သွေး နှင့် ဆီး နမူနာ ဓာတ်ခွဲစစ် ဆေးခြင်းအားဖြင့် ဖော်ထုတ်နိူင်ပါတယ်။ ယင်းသို့ စစ်ဆေးခြင်း အမျိုးအစား များစွာရှိပြီး တစ်ခုချင်းဆီတွင် တိကျသော ရည်ရွယ်ချက်ရှိပါတယ်။

(Electro Cardiogram -ECG)အီးစီဂျီ နှလုံး စမ်းသပ်စက်ဖြင့် စစ်ဆေးခြင်းနှလုံး၏ လျှပ်စီးကူးမှု နှင့် နှလုံးကြွက်သား လုပ်ဆောင်ချက်များကို ဤ စက်ဖြင့် မှတ်တမ်းတင်နိူင်ပါတယ်။ နှလုံးရောဂါ များကိုလည်း သိရှိနိုင်ပါတယ်။

Haemogram ဆိုသည်မှာသွေးဆဲလ်အဖွဲ့အစည်း၏ အရေးပါသော ဆဲလ်များ(သွေးဖြူဥ၊ သွေးနီဥ၊ သွေးမွှားဆဲလ်၊ စသည်)ကို အဏုစိတ် စစ်ဆေးခြင်းဖြစ်သည်။

Blood Group သွေးအမျိုးအစား စစ်ဆေးခြင်းဟာ  အရေးပေါ် ကိစ္စရပ်များတွင် သွေးသွင်းခြင်း၊ သွေးအလှူခံခြင်းတို့ အတွက် မုချလိုအပ်ပါတယ်။

Urine test ဆီးနမူနာ စစ်ဆေးခြင်း ( သမားရိုးကျ စစ်ဆေးခြင်းနှင့် မိုက်ခရိုစကုပ် ကိရိယာဖြင့် အဏုစိတ်စစ်ဆေးခြင်း) ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းတလျှောက် ပိုးဝင်ခြင်း၊ မူမမှန်ခြင်းတို့ကို သိရှိနိူင်ပါတယ်။

HbA1c စစ်ဆေးခြင်းဆိုသည်မှာ ဆီးချိုရောဂါထိန်းသိမ်းမှုအတွက်အဓိကကျသောစစ်ဆေးမှုဖြစ်ပါတယ်။

Blood Sugar ( သွေးတွင်း သကြားဓာတ်ပမာဏ စစ်ဆေးခြင်း)ဆီးချို ရောဂါ ဖော်ထုတ်ရာတွင် ပဓာနကျပါတယ်။

Blood urea and serum creatinine သွေးတွင်းရှိ ယူရီးယားဓာတ်၊ ခရီယေတနင်း ဓာတ်များစစ်ဆေးခြင်းဖြစ်ကာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ပါတယ်၊

SGOT,SGPT, Serum Bilirubin အသည်း၏ စွမ်းဆောင်ရည်ကို အသည်း အင်ဇိုင်းပမာဏ နှင့် သွေးတွင်း ဘီလီယူဘင် (အသားဝါစေသော ဓာတ်)ကို ကြည့်၍ အကဲဖြတ်နိူင်ပါတယ်၊

Lipid Profile( သွေးတွင်း အဆီဓာတ်ပမာဏ စစ်ဆေးခြင်း ) ကောင်းကျိုး ပေးသော အဆီ နှင့် ဆိုးကျိုးပေးသော အဆီ များကို ခွဲခြမ်းစိတ်ဖြာ၍ နှလုံးကျန်းမာရေး အခြေအနေကို အကဲဖြတ်နိူင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိကို   HBs Antigen ၊ HCV antibody စစ်ဆေးခြင်းဖြင့် သိနိူင်ပါတယ်။

ရင်ဘတ် ဓာတ်မှန် ရိုက်ခြင်း (Chest X-Ray)ရိုးစင်း၍ မြန်ဆန်သော နည်းပညာ ဖြစ်ပြီး ရင်ခေါင်းအတွင်းရှိ အဆုတ်နှင့် နှလုံးတို့ကို ပုံမှန်ဟုတ် မဟုတ ် ရောဂါရှိ မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ဝမ်းဗိုက် နှင့် တင်ပဆုံ တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်ခြင်း(USG of Abdomen and pelvis)ဝမ်းတွင်း အဂါၤ ရောဂါများ ကို ရှာဖွေရာတွင် များစွာအထောက်အကူပြု ပါတယ်။ဥပမာ…အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ သရက်ရွက်၊ ကျောက်ကပ် စသည်တို့ ရောင်ရမ်းခြင်း၊ ဆီးကျောက် တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းတို့ကိုစစ်ဆေးနိုင်ပါတယ်။

ရောဂါ ရှာဖွေစမ်းသပ်ချက်အဖြေ အားလုံးကို ဝါရင့်ဆရာဝန်တစ်ဦးမှ ချင့်ချိန်သုံးသပ်၍ ဆွေးနွေးခြင်းကိုExpert Counsellingဟုခေါ်ဆိုပါတယ်။ ဆရာဝန်ကစမ်းသပ်မှုရလာဒ်များ၏ အ သေးစိတ်လေ့လာတွေ့ရှိချက်ကို ရှင်းပြပြီး လိုအပ်တဲ့ကုသမှုများကို အကြံပေးပါလိမ့်မယ်။သင့်အ နေနဲ့ မိသားစုဆရာဝန်နှင့်ပုံမှန် ပြသ၍ အကြံပေးထားသည့်အတိုင်း ကုသမှု ပြုလုပ်သင့်ပါတယ်။
ကာကွယ်ခြင်းသည်ကုသခြင်းထက်အကျိုးရှိပါတယ်နော်။

ဆက်စပ် ဆောင်းပါးများ