ဆေးခန်းသွားရမဲ့ ကိုယ်အပူချိန်

ဆေးခန်းသွားရမဲ့ ကိုယ်အပူချိန်

ကိုယ်အပူချိန်ကိရိယာလေးဆောင်ထားတယ် ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ? အဆိုပါမေးခွန်းသည် အိမ်ရှင်မတိုင်းသိချင်ကြပါတယ်။မိမိမိသားစုဝင်တယောက်အတွက် တိုင်းပေးရတာ အိမ်ရှင်မတွေပါ။ဖျားနေလား ပုံမှန်ကိုယ်အပူချိန်လား ဆုံးဖြတ်ရခက်ဒွိဟဖြစ်စေသော အချက်များလည်း့ကြုံတွေ့ရတတ်ပါတယ်။
ပုံမှန်ကိုယ်အပူချိန်သည် လူတစိယောက်ရဲ့ အသက်အရွယ်။ကျား။မ။လက်ရှိလူပ်ရှားမူအခြေအနေ စသည်တို့တွင်မူတည်ပါတယ်။ပုံမှန်လူတစ်ယောက်ရဲ့အပူချိန်သည် 98.6°F ( 36°C) ဟုသတ်မှတ်ထားသော်လည်း တစ်ဦးနှငိ့တစ်ဦး အနည်းငယ်တော့ကွာခြားတတ်ပါတယ်။
ကိုယ်အပူချိန်တိုင်းခြင်းသည် မည်သည့်နေရာတွင် ကိရိထားတိုငိးသလဲဟူသောအချက်ပေါ်မူတည်ရျ်လည်းကွဲပြခြားနားပါတယ်။
ကိုယ်အပူချိန်ကိုသက်ရောက်စေသောအချက်များမှာ
-အသက်အရွယ်။ကျား/မ
-တိုင်းသည့်အချိန် ပုံမှန်အားဖြင့် မနက်စောစောတွင် အပူချိန်သည်ကျနေတတ်ပြီး နေ့လည်ပိုင်းတွင်မြင့်နေတတ်ပါတယ်
-လူပ်ရှားမူ
-အစာစားထားမူ သောက်ထားမူ
-အမျိုးသမီးများရာသီချိန်
-တိုင်းသည့်နေရာ (ပါးစပ်။စအို။ချိုင်း) စသည်တို့က များစွာသက်ရောက်မူရှိပါတယ်။
(1)လူကြီးတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်
ပုံမှန်လူကြီးတစ်ယောက်ရဲ့ကိုယ်အပူချိန်သည် 97.6-99.6°F အတွင်းဖြစ်နိုင်ပါတယ်။လူကြီးတစ်ယောက် အဖျားရှိမရှိဆုံးဖြတ်ခြင်းသည် ပုံမှန်အားဖြင့် အပူချိန်100.4°F အနည်းဆုံးရှိရပါမယ်။အပူချိန် 103.1°F ဆိုလျှင် အဖျားကြီးသည်ဟုယူဆပြီး အပူချိန် 105.8°F ဆိုလျှင် စိုးရိမ်ရသောအခြေအနေဟု သတ်မှတိပါတယ်။သုတေသနပြုချက်အရ အသက်ကြီးသူများသည် ပုံမှန်အပူချိန်ကျတတ်ပြီး အာဖရိက-အမေရိကန် အမျိုးသမီးများသည် လူဖြူများထက်အပူချိန်များတတ်ပါတယ်။အချို့သောရောဂါရှိသူများသည်လည်း အပူချိန်အနည်းအများဖြစ်စေပါတယ်။သိုင်းရွိုက်ဟော်မုန်းနည်းသူများသည် အပူချိန်ကျတတ်ပြီး ကင်ဆာရှိသူများသည်အပူချိနါမြင့်မားတတ်ပါတယ်။
(2)ကလေးကြီးတစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်
အသက်၃နှစ်မှ၁၀ နှစ်ကလေးတစ်ယောက်ကို ပါးစပိမှတိုင်းလျှင် ပုံမှန်ကိုယ်အပူချိန်သည် 99.5_99.5°F အတွင်းရှိတတ်ပါတယ်။ကလေးရဲ့ကိုယ်အပူချိန်သည် လူကြီးအပူချိန်နှင့် တူညီပါတယ်။
(3)ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်
ကလေးငယ်တစ်ယောက်ရဲ့ပုံမှန်ကိုယ်အပူချိန်သည် လူကြီးပုံမှန်အပူချိန်ထက်မြင့်ပါတယ်။မွေးစမှအသက်၂နှစ်ကလေးငယ်ရဲ့ပုံမှန်စအိုမှတိုင်းသောအပူချိန်သည် 97.9-100.4°Fအတွင်းရှိတတ်ပါတယ်။သွားပေါက်စအချိန်သည်ပိုပူတတ်ပါတယ်။မွေးစကလေးငယ်ရဲ့ပျမ်းမျှကိုယ်အပူချိန်သည် 99.5°Fဖြစ်ပါတယ်။ကလေးငယ်များရဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မူသည်မြန်ပြီး အပူများများထုတ်သောကြောင့်ဖြစ်ပါတယ်။
ကလေးငယ်သည် လူကြီးများနှင့်ယှဉ်လျှင် ကိုယ်အပူချိန်ကို မထိန်းညှိနိုင်ပါ။ဆိုလိုသည်မှာ အနွေးဓာတ်ရလျှင်ချွေးထွက်နည်းခြင်းကိုဆိုလိုပါတယ်။ထို့အပြင် ဖျားနေစဉ်အတွင်း ကိုယ်အပူချိန်မြင့်မားနေရာမှ ပုံမှန်အပူချိန်ရောက်ရန် ခက်ခဲကြာမြငိ့တက်ပါတယ်။
(4)ဘယ်လိုအပူချိန်ဆို ဆေးခန်းပြသငိ့သလဲ?
လူတစ်ယောက်ရဲ့အသက်အရွယ်ပေါ်မူတည်ရျ်  အရေးကြီးသောကိုယ်အပူချိန်ဆိုတာ ရှိပါတယ်။
-လူကြီး
ရောဂါအခံမရှိသောလူတစ်ယောက်သည် အခြားထူးခြားသောလက္ခဏာများမရှိဘဲ အပူချိန်သည် 100.4-104°Fအတွင်းသည် နာတာရှည်အဖျားကြောင့်ဟု ယူဆမရပါ။သို့သော် နှလုံးရောဂါ။အဆုတ်ရောဂါရှိသောသူတွင် အဖျားအနည်းငယ်တက်ရုံမျှပင် စိုးရိမ်စရာဟု ယူဆနိုင်ပါတယ်။
ကိုယ်အပူချိန်အပြင်အခြားသော သတိမေ့ခြင်း။ခေါင်းကိုက်ခြင်းနှင့်မောခြင်းစသော လက္ခဏာများရှိပါက ကိုယ်ပူချိန်သည် 104°F အထက်နှင့် 95°F အောက်ဖြစ်ခဲ့လျှင် နီးစပ်ရာဆရာဝန်နှင့်သေချာကုသမူခံယူပါ။ကိုယ်အပူချိန် 95°Fအောက် ကျနေခြင်းသည် အထူးအန္တရာယ်ရှိသော အပူချိန်ပင်ဖြစ်ပါတယ်။
-ကလေး
ကလေးငယ်အသက် ၃လမှ ၃နှစ်အတွင်းရှိ ကလေးငယ်များသည် အပူချိန်ရှိသော်လည်း 102.2°F မကျော်လျှင် သောက်ဆေးသောက်ရန် အမြဲမလိုအပ်ပါ။102.2°F ကျော်ခဲ့လျှင် သို့မဟုတ် အန်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း။ရေဓာတ်ခမ်းခြောက်ခြင်းစသည့်အခြေအနေရှိပါက အမြန်ဆုံးကုသမူခံယူပါ။
-မွေးစကလေးငယ်များ
မွေးစမှအသက်၃နှစ်အောက်ကလေးငယ်များသည် စအိုမှအပူချိန်တိုင်းကြည့်ရျ် 100.4°F နှင့်အထက်ဖြစ်ခဲ့လျှင် အရေးပေါ်ကုသမူလိုအပ်ပါတယ်။အလွန်ငယ်သောကလေးများတွင် ကိုယ်အပူချိန်အနည်းငယ်တက်လျှင်လည်း ပြင်းထန်သောရောဂါကူးစက်ခံနေရသည်ဟု ယူဆရျ်ရနိုင်ပါတယ်။
(5)အသက်အရွယ်လိုက် ကိုယ်အပူချိန်တိုင်းနည်းများ
-မွေးစမှ၃လ အရွယ်သည် စအိုမှတိုင်းပါ။
-၃လမှ၃နှစ်ကလေးငယ်သည်  စအို။နားနှင့်ချိုင်းကြား မှတိုင်းပါ။
-၄နှစ်မှ၅နှစ်ကလေးသည် ပါးစပ်။စအို။နားနှင့်ချိုင်းကြားမှတိုင်းပါ။
-၅နှစ်အထက်သည် ပါးစပ်။နားနှင့် ချိုင်းကြားမှတိုင်းပါ။
မိမိအသုံးပြုသောသာမိုမီတာ အသုံးပြုနည်းကို သေချာဖတ်ရျ် တိုင်းပါ။
ကလေးလူကြီးမရွေး ကိုယ်အပူချိန်သည် မြင့်မားနေသော်လည်းကောင်း ကျနေသော်လည်းကောင်း အမြန်ဆုံး နားလည်တတ်ကျွမ်းသော ဆရာဝန်။ဆရာမနှင့်ထိရောက်သောပုသမူခံယူသင့်ပါတယ်။

Dr.Pyae Shin

 

ဆက်စပ် ဆောင်းပါးများ