ခွေ ျးထွက်များခြင်းဟာ ကျန်းမာရေးအတွက် ကောင်းသလားဆိုးသလား

ခွေ ျးထွက်များခြင်းဟာ ကျန်းမာရေးအတွက် ကောင်းသလားဆိုးသလား
အခုလိုပူပြင်းတဲ့ရာသီမှာ လူတိုင်းချွေးထွက်တတ်ကြပါတယ်။သို့သော် အချို့လူများအတွက် ချွေးထွက်များလာသောအခါ သံသယဝင်လာတတ်ကြပါတယ်။ချွေးထွက်ခြင်းသည် ကိုယ်ခန္ဓာအပူချိန်အပေါ်လိုက်ရျ် ထွက်သလို စိတ်လူပ်ရှားလျှင်လည်း ချွေးထွက်များတတ်ပါတယ်။

-(1)ချွေးထွက်များသောနေရာများမှာ

-လက်မောင်းကြား
-မျက်နှာ
-လက်ဖဝါး။ခြေဖဝါးတွင်အထွက်များတတ်ပါတယ်။
ချွေးထွက်များခဲ့လျှင် သို့မဟုတ် လုံးဝမထွက်ခဲ့လျှင် အောက်ခံအကြောင်းအရင်းကိုသေချာရှာဖွေသင့်ပါတယ်။ချွေးထုတ်သောဂလင်းများမှချွေးထွက်ပြီး ဘက်တီရီးယားပိုးများရောနှောပြီးလူတွေအတွက် ပြသနာဖြစ်လာတတ်ပါတယ်။ချွေးတွင်ရေနှင့်ဆား။အဆီဓာတ်များပါဝင်ပါတယ်။

(2)ချွေးထွက်သောအကြောင်းအရင်းများမှာ

-ကိုယ်ပူချိန်များခြင်း
ကိုယ်ပူချိန်များခြင်းသို့မဟုတ် ပတ်ဝန်းကျင်အပူချိန်များနေသောအခါ ချွေးထွက်များနိုင်ပါတယ်။

-စိတ်လူပ်ရှားမူများခြင်းနှင့်စိတ်ဖိဆီးမူများခြင်း
စိတ်တိူခြင်း။ဒေါသထွက်ခြင်း။ကြောက်ရွံ့ခြင်းနှင့်ဒေါသထွက်ခြင်းစသည့်အခြေအနေများတွင် ချွေးထွက်များတတ်ပါတယ်။

-အစာအစားများ
မိမိစားသောအစာအစားများ ဥပမာ အပူအစပ်များ။ကော်ဖီ။လဘက်ရည်။နှင့် အရက်ဘီယာစသည်တို့ကြောင့်လည်း ချွေးထွက်များပါတယ်။

-အခြားသောရောဂါအခံများနှင့်ဆေးဝါးတချို့
ချွေးထွက်များခြင်းသည် ရောဂါအခံများနှင့်ဆေးဝါးများကြောင့်ချွေးထွက်များတတ်ပါတယ်။ဥပမာ

-ကင်ဆာ
-ကိုယ်ပူကျစေသောဆေးများ
-ကူးစက်ရောဂါများ
-အကိုက်အခဲပျောက်ဆေးများ
-သိုင်းရွိုက်ဟော်မုန်းများမညီမျှမူ
-သွေးဆုံးခြင်း
အမျိုးသမီးများအနေဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ချွေးထွက်များခြင်းနှင့်ကိုယ်ပူရှိန်ခြင်းစသည်တို့ဖြစ်စေပါတယ်။

(3)ချွေးထွက်လျှင်ပြုလုပ်သင့်သောအရာများ
ပုံမှန်ချွေးထွက်လျှင် ဆေးကုသရန်မလိုအပ်ပါ။သို့သော်သက်တောင့်သက်သာရှိရန်နှင့် ချွေးထွက်နည်းရန်အောက်ပါတို့ကိုပြုလုပ်ပါ။

-ပါးလွှာရျ် သက်တောင့်သက်သာရှိသော။အသက်ရှုချောင်သောအဝတ်များဝတ်ပါ။
-အပူစုပ်သော ထူထပ်သောအဝတ်အစားများမဝတ်ပါနဲ့။
-မျက်နှာနှင့်ကိုယ်ကိုချွေးသုတ်ပေးပါ။
-ချွေးစိုနေသောအဝတ်အစားများလဲလှယ်ပါ။
-ချွေးထွက်ခြင်းကြောင့်ဆုံးရှုံးသွားသောရေနှင့်ဓာတ်ဆားကို ရေများများသောက်ခြင်းနှင့်ဓာတ်ဆားရည်သောက်ခြင်းဖြင့် ပြန်လည်ဖြည့်တင်းပါ။
-ချွေးနံ့ သက်သာစေသောချွေးနံ့ပျောက်ဆေးလိမ်းပါ။
-ချွေးထွက်လွန်သောအစာအစားများရှောင်ပါ။

(4)ချွေးထွက်များသောဆိုးကျိုးများ
ချွေးထွက်များသောကြောင့်ဖြစ်နိုင်သောအခြေအနေများမှာ
-ရင်ဘတ်အောင့်ခြင်း
-မူးမောခြင်း
-အသကိရှုမဝခြင်း
-မူးမေ့လဲခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။

Dr.ပြည့်ရှင်း

 

ဆက်စပ် ဆောင်းပါးများ