မိဘနဲ့ကလေး အတူတူအိပ်သင့်မအိပ်သင့်

မိဘနဲ့ကလေး အတူတူအိပ်သင့်မအိပ်သင့်

မိမိရင်သွေးငယ်ကို မိမိနဲ့အိပ်ရာအတူတူထားအိပ်သင့်ပါသလားဟူသောမေးခွန်းသည် မိဘတိုင်းသိချင်ကြပါတယ်။မြန်မာလူမျိုးများအတွက် မိဘနဲ့ခွဲသိပ်သင့်သည်ဟုမထင်ကြပါ။အဆိုပါမေးခွန်းအတွက် အဖြေကကျယ်ပြန့်လွန်းလှပါတယ်။အချို့လေ့လာချက်များအရ မိဘနှင့်ကလေးခွဲသိပ်ခြင်းသည် ကောင်းသည့်အချက်များသည်ဟုဆိုသော်လည်း  အချို့မှာမူ အန္တရာယ်များသည်ဟုဆ်ုကြပါတယ်။(1)ကလေးနှင့်မိဘ အိပ်ရာအတူထားမအိပ်သင့်သောအချက်များအချို့လေ့လာတွေ့ရှိချက်များအရ မိဘနှင့်ကလေးတူတူထားအိပ်ခြင်းသည် အသက်တစ်လမှတစ်နှစ်အတွင်းရုတ်တရက်အသက်ရှုရပ်သေဆုံးခြင်းရဲ့အကြောင်းရင်းတစ်ရပ်အနေဖြင်ါတွေ့ရှိရပါတယ်။အနောက်နိုင်ငံများတွင် ရုတ်တရက်ကလေးအသက်ရှုရပ်သေဆုံးခြင်း ၆၉%သည် မိဘနှင့်အိပ်နေစဉ်သေဆုံးခြင်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။အိပ်ရာအတူထားအိပ်ခြင်းသည် ကလေးငယ်အတွက် အပူချိန်လွန်ကဲခြင်း။လေကောင်းလေသန့်မရရှိခြင်း။ခေါင်းအုပ်နေခြင်းနှင့်ဆေးလိပ်အငွေ့ရူခြင်းစသည့် အန္တရာယ်များဖြစ်စေနိုင်ပါတယ်။ထိုအကြောင်းများသည်  ရုတ်တရက်ကလေးအသက်ရှုရပ်သေဆုံးခြင်းဖြစ်စေသောအချက်များပင်ဖြစ်ပါတယ်။ထို့အပြင် ခုတင်အိပ်ရာများသည် ကလေးငယ်များအတွက်ဒီဇိုင်းဆွဲမထုတ်လုပ်ထားသောကြောင့် ကလေးငယ်အတွက်မမျော်လင့်သော ထိခိုက်မူများ ဥပမာ အသက်ရူပိတ်ခြင်း။ပြုတ်ကျခြင်းနှင့်လည်ပင်းအစ်ခြင်းစသည်တို့ဖြစ်စေနိုင်ပါတယ်။မွေးစမှ၃လနှင့်လမစေ့ပေါင်မပြည့်ကလေးငယ်များအတွက်ပိုမိုဖြစ်စေနိုင်ပါတယ်။ထိုကလေးငယ်များသည် ကိုယ်ခံအားမကောင်းသောကြောင့် လူကြီးများနှင့်အတူမအိပ်သင့်ပါ။(2)ကလေးနှင့်မိခင်အတူထားအိပ်သင့်သောကောင်းကျိုးများမိခင်အများစုအတွက် ကလေးကိုမိမိနှင့်အတူထားအိပ်စေခြင်းမှာ မိခင်နို့ကို ကြာရှည်စွာနို့တိုက်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ကလေးငယ်သည် မိခင်နို့ကိုအချ်န်ကြာမြင့်စွာသောက်သုံးရသောအကျိုးကျေးဇူးရရှိစေပါတယ်။အချို့မိခင်များသည် နို့တိုက်ကျွေးရာတွင်အခက်အခဲတွေရှိတတ်ပါတယ်။မိမိကလေးငယ်ကိုမိမိနှင်ခွဲသိပ်ထားပါက မိခင်သည်ကလေးငယ်နို့ချိုတိုက်ကျွေးရန် အချိန်ယူ ထတိုက်ရသောကြောင့်ရေရှည်တွင်ပင်ပန်းမူဖြစ်လာကာ မိခင်နို့တိုက်ခြင်းကို စွန့်လွှတ်တတ်ကြပါတယ်။ထိုအခြေအနေတွင်မိခင်နှင့်အတူထားသိပ်ခြင်းသည် ကလေးငယ်နို့စို့နေစဉ် မိခင်သည်လည်းကောင်းစွာအနားယူနိုင်ပါတယ်။ထို့ကြောင့် မိခင်နှင့်အတူထားသိပ်ခြင်းသည် မိခင်နို့ကောင်းစွာရရှိသည့်အပြင်ကလေးရောမိခင်ပါ ကောင်းစွာအိပ်စက်မူပိုမိုရရှိစေပါတယ်။အခြားသောကောင်းကျိုးများမှာ မွေးစကလေးငယ်များသည် နွေးထွေးမူအထူးလိုအပ်ပါတယ်။ကလေးငယ်များသည် နွေးထွေးမူ။သက်တောင့်သက်သာရှိမူနှင့်လုံခြုံမူအတွက် မိဘနှင့်အိပ်ခြင်းသည်အထူးလိုအပ်ပါတယ်။ငယ်စဉ်မိဘနှင့်အိပ်သုသည်အရွယ်ရောက်လာသောအခါပိုမိုသင်ကြားမူလွယ်ကူသည်ဟုဆိုနိုင်ပါတယ်။၂၀၁၁ခုနှစ်လေ့လာချက်များအရ မွေးစမှ၃နှစ်အထိမိဘနှင့်အတူသိပ်ခြင်းသည် ကလေးငယ်၅နှစ်အရွယ်တွင် အပြုအမူကောင်းများပိုမိုရရှိစေပါတယ်။နိဂုံးချုပ်အရ ကလေးကျန်းမာရေးအဖွဲ့အဆိုအရ မိဘနှင့်အတူအိပ်သင့်မအိပ်သင့် ဆုံးဖြတ်မူသည် မိဘသာလျှင် ဆုံးဖြတ်မူပေးသင့်ပါတယ်။မိဘနှင့်အတူထားအိပ်စေလျှင် မိဘများသည်  ရုတ်တရက်ကလေးအသက်ရှုရပ်သေဆုံးခြင်းအကြောငိးအရာများကိုကောင်းစွာသဘောပေါက် ဆင်ခြင်ကာကွယ်သင့်ပါတယ်။ကလေးငယ်ကိုမိဘနှင့်အိပ်ရာခွဲသိပ်ခဲ့လျှင် ကလေးငယ်စိတ်အခြေအနေလုံခြုံနွေးထွေးမူနှင့် မိခင်နို့လုံလောက်စွာရရှိရန် အထူးဂရုပြုဆောင်ရွက်သင့်ပါတယ်။ထို့ကြောင့်ကလေးငယ်အတွက်-လုံခြုံသောအိပ်ရာဖန်တီးပါ။-မိခင်နို့ကောင်းစွာရရှိရန်တိုက်ကျွေးပါ။Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ