(၁) အားကစားပုံမှန် လိုက်စားခြင်း
နေ့စဉ် အားကစားပုံမှန်လုပ်ခြင်းသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ အားကစားလုပ်ရာတွင် ပြင်းပြင်းထန်ထန်လုပ်စရာ မလိုပါ။ နေ့စဉ် မိနစ် ၃၀ ဆယ်လောက် လမ်းလျှောက်ပေးရုံဖြင့် ခုခံအားကောင်းမွန်မှုအတွက် ကောင်းမွန်သည်။
(၂) အိပ်ရေးဝအောင်အိပ်ခြင်း
နေ့စဉ် အိပ်ချိန်(၇) နာရီမှ (၉) နာရီထိအိပ်သင့်သည်။ အိပ်ရေးမမှန်မှုသည် ရောဂါပိုးမွှားများ ကူးစက်နိုင်မှုကို ပိုမိုမြင့်တင်ပေးသည်။
(၃) အရက်သေစာ လျော့ခြင်းနှင့် ဆေးလိပ်ရှောင်ခြင်း
အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းသည် ခန္ဓာကိုယ်ခုခံအားကို ကျဆင်းစေရုံသာမက အဆုတ်ရောဂါလည်း ဖြစ်စေနိုင်သည်။ ဆေးလိပ်ငွေ့အား တစ်ဆင့်ရှူမိလျှင်လည်း ဖြစ်နိုင်သည်။
(၄) အသီးအနှံနှင့် အရွက်များစားခြင်း
အရောင်တောက်ပသော အသီးအနှံများ စားသင့်သည်။ ချဉ်သောအသီးများသည် ဗီတာမင်စီပါဝင်သောကြောင့် ခုံခံအားအတွက် အထူးကောင်းမွန်သည်။ တချို့သော အစိမ်းရောင်ရှိ့သည့် အရွက်များသည်လည်း ဗီတာမင်ဓာတ်အများအပြား ပါဝင်သည်။
(၅) လေကောင်းလေသန့် ရှူခြင်းနှင့် နေရောင်ထိခြင်း
နေရောင်ထိခြင်းသည် အရေပြား၏ ဗီတာမင် ထုတ်လုပ်မှုကို မြင့်တင်ပေးသည်။ ဗီတာမင်ဒီ အားနည်းခြင်းသည် အသက်ရှူလမ်းကြောင်း ပြဿနာများအား ပိုမိုဖြစ်စေနိုင်သည်။ နေ့စဉ် နေရောင်အနည်းငယ် ထိတွေ့သင့်သည်။ သို့သော် နေလောင်ဒဏ် ကာကွယ်ပေးသည့် Cream များ လိမ်းသင့်သည်။
(၆) စိတ်ဖီစီးမှု မရှိခြင်း
စိတ်ဖိစီးမှုသည် ကျန်းမာရေးအတွက် မကောင်းပါ။ စိတ်ဖိစီးမှု များနေသော နေထိုင်မှု ဘဝရှိပါက အပန်းဖြေချိန်ကို သေချာသတ်မှတ်ထားသင့်သည်။ ဥပမာ- ယောဂကစားခြင်း၊ သီချင်းနားထောင်ခြင်း (သို့) ဦးတည်ရာမရှိ မြို့ပတ်ကားမောင်းခြင်းတို့ လုပ်သင့်သည်။
(၇) အရာဝထ္ထုပစ္စည်းများ သန့်ရှင်းအောင်ထားခြင်း
ညစ်ပတ်သောပစ္စည်းများ ကိုင်မိခြင်းသည် ရောဂါများဖြစ်ခြင်း၏ အဓိကတရားခံများ ပါဝင်သည်။ တစ်နေကုန် မိမိသည် သူများကိုင်မိသော ပစ္စည်းများ၊ အသုံးအဆောင်များ၊ ဥပမာ တံခါးလက်ကိုင်များ၊ လှေကားလက်ကိုင်များ၊ မိမိဖုန်းတို့ ကိုင်မည်ဖြစ်သည်။ ထို့နောက်ထိုလက်နဲ့ပင် မျက်နှာအား ကိုင်မိခြင်း၊ ပါးစပ်ထဲသို့ လက်ထည့်ခြင်းတို့ လုပ်မိမည်ဖြစ်သည်။ ထိုအခါ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မည် ဖြစ်သည်။ မိမိ၏ အိမ်၌ဖြစ်စေ အရာဝထ္ထုများအား သန့်ရှင်းအောင်ထားသင့်သည်။
(၈) ကြက်သွန်ဖြူစားခြင်း
ကြက်သွန်ဖြူအစိမ်းစားခြင်းသည် ခန္ဓာကိုယ်၏ခုခံအားကို မြင့်တင်ပေးနိုင်သည်။ ချက်စားခြင်းဖြင့် ကြက်သွန်ဖြူထဲမှ ဗီတာမင်ဓာတ်အချို့ ပျောက်ဆုံးသွားနိုင်သည်။
(၉) ရေနွေးကြမ်းသောက်ခြင်း(Green Tea)
ရေနွမ်းကြမ်းသည် ခုခံအားအတွက် အထူးကောင်းမွန်သည်။
(၁၀) အသင့်လုပ်ပြီးသော အစားအစာရှောင်ခြင်း
အချို့မှုန့်နှင့် အခြားသော အသင့်လုပ်ပြီးအစာများသည် ခုခံအားကို ကျဆင်းစေနိုင်သည်။ အသင့်သုပ်ပြီး အစာများသည် အာဟာရဓာတ်ပေးနိုင်သော်လည်း ကျန်းမာရေးအတွက် ဆိုးကျိုးများလည်း ပေးနိုင်သည်။
Author – Healthcare Journal