fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 236 Total Cases
😥 6 Deaths
😇 148 Recovered

ပန်းသီးရှာလကာ

ပန်းသီးရှာလကာ

ပန်းသီးရှာလကာရည် သောက်မယ်ဆိုရင် ဘာတွေကောင်းလဲ ဆိုပြီး Ondr မှာမေးလေ့ရှိတဲ့ ပျိုမေတို့အတွက် ဒီဆောင်းပါးလေး ရေးလိုက်ပါတယ်။ ပန်းသီးရှာလကာရည်နှင့် ပျားရည်ရောစပ် သောက်သုံးပါက ရရှိနိုင်သော ကောင်းကျိုးများကတော့

(၁) ရင်ပူခြင်း ကင်းဝေးစေခြင်း

ပန်းသီးရှာလကာရည်နှင့် ပျားရည်ရောစပ်သောက်သုံးပါက ရင်ပူခြင်းနှင့် အစာအိမ်ပူခြင်းတိုကို သက်သာစေပါတယ်။ နှစ်ခုစလုံးကတော့ အစာအိမ်အက်ဆစ်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ပျားရည်သည် သဘာဝအားဖြင့် ရောင်ရမ်းမှု့ သက်သာစေပြီး အစာပြွန်အပေါ် ချောမွေ့မှု ပေးပါတယ်။

(၂) အစာချေဖျက်မှု အားပေးခြင်း

ရင်ပူခြင်းအပြင် ပန်းသီးရှာလကာရည်နှင့် ပျားရည်အရောသည် အစာအိမ်လမ်းကြောင်းကို ပိုမိုကာကွယ်မှု့ ပေးပါတယ်။ အစာချေဖျက်မှုအတွက် လိုအပ်တဲ့ အင်ဇိုင်းများကို ထွက်စေပါတယ်။ အသားဓာတ်ကို ဖြိုခွဲ ပြီး အစာအိမ်လမ်းကြောင်းအတွင်းရှိ မလိုအပ်တဲ့အဆီများကို ချေဖျက်မှုကို အားပေးပါတယ်။ ပျားရည်သည် အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်မှု့ တွေအတွက် ချောမွေ့စေပါတယ်။

(၃) သွေးတိုးကျစေခြင်း

ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် သဘာဝနည်းဖြင့် သွေးတိုးကျစေနိုင်သော အကောင်းဆုံးဆေးနည်းတစ်ခု ဖြစ်ပါတယ်။ သူတို့တွင် ပါဝင်သောပစ္စည်းများက သွေးတိုးကျစေသော အစွမ်းသတ္တိ ပါဝင်ပါတယ်။

(၄) ကိုယ်အလေးချိန် ကျစေခြင်း

ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပန်းသီးရှာလကာရည်သည် အစာစားချင်စိတ်ကိုထိန်းပြီး အဆီစုခြင်း ကာကွယ်ပါသည်။ သွေးတွင်းအချိုဓာတ်ကို ထိန်းပေးပါတယ်။ ကိုယ်ခန္ဓာအတွင်း မလိုအပ်တဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

(၅) အားအင်ပြည့်စေခြင်း

မနက်တိုင်း ပန်းသီးရှာလကာရည်နှင့် ပျားရည်သောက်သုံးခြင်းသည် တစ်နေ့တာအတွက် လိုအပ်တဲ့အားအင်တွေ ရရှိစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေပြီး ပျားရည်မှာပါဝင်တဲ့ အချိုဓာတ် အကျိုးပြု ကာဗွန်ဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် သောက်သုံးလျှင် ပိုမိုအကျိုးရှိစေပါတယ်။

(၆) အသားအရည် ကောင်းမွန်မှု

အရေပြားပေါ်ရှိ နှင်းခူ၊ ယားနာ စသည်တို့အတွက် သက်သာပျောက်ကင်းစေပြီး အသားအရည်ကြည်လင်ရှင်းသန့်စေရန် အထောက်အကူ ပြုပါတယ်။ ပျားရည်ရှာလကာရည်သည် အရေပြားရောဂါများကိုကာကွယ်ပြီး အသားအရည်အတွက် ရေဓာတ် ထိန်းညှိပေးပါတယ်။ သဘာဝချေးချွတ်မှုအနေဖြင့် မကောင်းသောဆဲလ်အသေများ ဖယ်ရှားပြီး ချွေးပေါက်ပိတ်စေကာ အသားအရည် ပိုမိုကောင်းမွန်စေပါတယ်။

ပျားရည်က သဘာဝ အနာကျက်ဆေးအနေဖြင့် အသားအရည် ချောမွေ့စေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ကျန်းမာသော အသားအရေအတွက် လိုအပ်တဲ့အသားဓာတ်၊ အမိုင်နိုအက်ဆစ်နှင့် ဗီတာမင်များ ပါဝင်သောကြောင့် အသားအရေ လှပစေပါတယ်။ ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် ဝက်ခြံများ ဖယ်ရှားကုသရာတွင် အလွန်အသုံးဝင်ပါတယ်။

(၇) ရောင်ရမ်းမှု သက်သာစေခြင်း

ပန်းသီးရှာလကာနှင့် ပျားရည်သည် ကိုယ်ခန္ဓာ pH ကို ထိန်းပေးပြီး ရောင်ရမ်းမှု လျော့ကျစေပါတယ်။

(၈) ကိုလက်စထရော လျော့ကျစေခြင်း

နေ့စဉ်သောက်သုံးခြင်းဖြင့် ကိုလက်စထရောပမာဏ လျော့ချပေးပြီး အကျိုးပြု HDL ပမာဏကို မြှင့်တင်ပေးပါတယ်။ မကောင်းတဲ့အဆီတွေ ဖယ်ရှားပြီး ကောင်းတဲ့အဆီတွေ တိုးစေပါတယ်။

(၉) ကိုယ်လက်အရိုး ကိုက်ခဲမှု လျောကျစေခြင်း

နေ့စဉ်သောက်သုံးခြင်းဖြင့် အရိုးအဆစ်ရောင်ရမ်းမှု သက်သာစေပြီး နာကျင်မှု ဝေဒနာတွေကို ဖယ်ရှားပေးပါတယ်။

(၁၀) ခံတွင်းနံ့ဆိုး သက်သာခြင်း

ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် ပိုးမွှားများ သေစေနိုင်သော အစွမ်းကြောင့် ခံတွင်းနံဆိုးခြင်းကို ဖယ်ရှားပေးပါတယ်။ သောက်သုံးနည်းကတော့ ရေတစ်ခွက်တွင် ပန်းသီးရှာလကာရည်တစ်ဇွန်းနှင့် ပျားရည်တစ်ဇွန်း ရောစပ်သောက်သုံးပါ။ သောက်သုံးပြီး နာရီဝက်အတွင်း အစာမစားပါနဲ့။

ပန်းသီးရှာလကာရည်သည် ပန်းသီးမှ အချဉ်ဖောက်ထားသောကြောင့် ဖောလစ်အက်ဆစ်၊ ဘိုအိုအက်တင်း၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဗီတာမင်စီ၊ သံဓာတ်၊ မက်ဂနီစီယမ်၊ နိုင်ရာစင် ပါဝင်ပါတယ်။ ကယ်စီယမ်၊ ဖောစရိတ်၊ ပိုတက်စီယမ် ပါဝင်ပါတယ်။

ပျားရည်သည်လည်း ထိုဓာတ်များ ပါဝင်သောကြောင့်အာဟာရပြည့်ဝပြီး ကိုယ်ခန္ဓာအတွက် အကျိုးပြုစေပါတယ်။ နေ့စဉ် သောက်သုံးခြင်းဖြင့် ပိုမိုကျန်းမာတဲ့ နေ့ရက်များ ပိုင်ဆိုင်လာနိုင်ပါတယ်။

Author : Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ