မိုးရာသီသည် ပျော်ရွှင်မှု၊ စိမ်းလန်းစိုပြည်မှု၊ အေးစက်သော ရာသီဥတုတို့ကိုသယ်ဆောင်လာခဲ့သည်။ ထို့အတူပင် ကျန်းမာရေး အတွက် ထိခိုက်စေနိုင်သောရောဂါအများအပြားကိုလည်း ဖိတ် ခေါ်လာပေသည်။ ထိုကဲ့သို့သောရောဂါများကို ကြိုတင်ကာကွယ်နိုင် ရန်သည်လည်း ခက်ခဲသည့်အရာတစ်ခုမဟုတ်ချေ။ ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်သည်ဟူသောအဆိုအတိုင်းထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် သတိထားလုပ်ဆောင် သင့်သည်။
ဖြစ်ပွားနိုင်သည့်ရောဂါများအနက်မှတုပ်ကွေးဖျားနာခြင်းသည်မိုးရာသီအတွင်းအဖြစ်အများဆုံးရောဂါဖြစ်သည်။ ပတ်ဝန်းကျင်တွင် အပူချိန်ပြောင်းလဲမှုများခြင်း၊ အပူအအေးမမျှ တခြင်း၊ စိုထိုင်းမှုများခြင်းတို့ကြောင့် ဗိုင်းရပ်စ်ပိုးမွှားများကို ပိုမိုပေါက်ပွားစေသည့်အပြင်ကိုယ်ခန္ဓာခုခံအားစနစ်ကိုလည်းကျဆင်းစေပြီး ဖျားနာခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
မိုးရွာပြီဆိုသည်နှင့် မိမိကိုယ်ကိုလုံခြုံသည့် အမိုးအကာ အောက်တွင် အကာအကွယ်ယူသင့်သည်။ အမိုးအကာများသည် မိုးကြောင့် စိုစွတ်ခြင်းကိုကာကွယ်နိုင်သော်လည်း ရောဂါပိုးမွှားများ ရန်မှမူကာကွယ်နိုင်မည်မဟုတ်ချေ။ ထို့အတွက် မိမိခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကောင်းမွန်စေရန်လည်း ဂရုစိုက်သင့်သည်။
မိုးရာသီတွင် အဖြစ်များသောရောဂါများမှာ
– သွေးလွန်တုပ်ကွေး
– အအေးမိခြင်း
– ဖျားနာခြင်း
– အစာမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
– ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
– ဝမ်းရောဂါအမျိုးမျိုး
– Leptospirosisဗက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပြီးလူ၊သို့မဟုတ် တိရစ္ဆာန်များမှတစ်ဆင့်ကူးစက်စေတတ် သည်။ ပြင်းထန်ပါက ကျောက်ကပ်ရောင်ခြင်း၊ အသည်း ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ခံစားရစေ နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
သတိပြုသင့်သည့်အချက်များ
မိုးကာ၊ ထီးအစရှိသည်တို့ အမြဲတမ်းယူဆောင်သွားပါ
အထိရောက်ဆုံးနည်းလမ်းအဖြစ် အပြင်ထွက်သည့်အခါ တိုင်းတွင် မိုးကာ၊ ထီးအစရှိသည်တို့ကိုယူဆောင်သွားပါ။ သို့မှသာ မိုးရေစိုစွတ်အအေးမိခြင်းကို အထိုက်အလျောက်ကာကွယ်ပေးနိုင် မည်ဖြစ်သည်။
ဗိုက်တာမင် စီ
ကိုယ်ခန္ဓာခုခံအားစနစ်ကောင်းမွန်စေရန်အတွက်လည်း ဗိုက်တာမင်စီပါဝင်သည့်အစားအစာများ၊ ဆေးများကိုသုံးစွဲသင့် သည်။ ထိုသို့သုံးစွဲပေးခြင်းဖြင့် ဗိုင်းရပ်စ်များကို ပိုမိုမြန်ဆန်စွာ ဖယ်ရှားနိုင်မည်ဖြစ်သည်။
မိုးရေစိုခံပြီးလျှင် ရေပြန်ချိုးပါ
မိုးရေစိုပြီးလျှင်များသောအားဖြင့်ရေပြန်မချိုးချင်တတ်ကြပေ။သို့သော်မိုးရေနှင့်အတူပတ်ဝန်းကျင်မှအညစ်အကြေးများ၊ဗက်တီးရီးယားများ၊ဗိုင်းရပ်စ်များပါဝင်လာနိုင်သည့်အတွက်သန့်စင်စွာဆေးကြောသုတ်သင်ခြင်းသည်လည်းကာကွယ်ရန်အတွက် ထိရောက်သောနည်းလမ်းတစ်ခုပင်ဖြစ်သည်။
ပူနွေးသောအရာများကိုသောက်သုံုးပါ မိုးရေစိုပြီးအိမ်ပြန်ရောက်သောအခါတွင်ကိုယ်လက်သန့်စင်ရေချိုးပြီးနောက်ခြောက်သွေ့သန့်ရှင်းသောအဝတ်အစား များကိုဝတ်ဆင်ထားပါ။ အကောင်းဆုံးသောနည်းလမ်းတစ်ခုမှာ ပူနွေးသောဆန်ပြုတ်၊ သို့မဟုတ် စွပ်ပြုတ်၊ အနည်းဆုံး နွားနို့ပူပူ တစ်ခွက်ကိုသောက်သုံးပါ။ ထိုသို့သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ပြောင်းလဲစေနိုင်ပြီး အအေးမိခြင်း၊ သို့မဟုတ် ရောဂါ ပိုးမွှားများအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
တစ်ကိုယ်ရေကျန်းမာရေးကိုဂရုစိုက်ပါ
တစ်ကိုယ်ရေကျန်းမာရေးကိုဂရုစိုက်ရန်မှာမိုးရာသီ အတွင်းတွင် အရေးကြီးဆုံးသောအရာပင်ဖြစ်သည်။ မိမိလက်ကိုလည်းစနစ်တကျပုံမှန်ဆေးကြောပေးသင့်သည်။သို့မှသာဝမ်းရောဂါ၊တုပ်ကွေးရောဂါများကူးစက်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။
ရေများများသောက်ပါ
ပတ်ဝန်းကျင်တွင် အပူချိန်လျော့နည်းလာသည်နှင့် တစ်ပြိုင်နက် ရေသောက်သုံးမှုသည်လည်း လျော့နည်းလာတတ် သည်။ ရေမဆာလျှင်လည်း မိမိခန္ဓာကိုယ်အတွက်လိုအပ်သည့် ရေ ပမာဏကို ပုံမှန်သောက်သုံးသင့်သည်။ ထိုမှသာ ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ကျန်းမာစေနိုင်မည်ဖြစ် သည်။
ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ
မိုးရာသီတွင်အဖြစ်များသောရောဂါများ၏ ဘေးအန္တရာယ် မှကာကွယ်နိုင်ရန်အတွက်လည်း မိမိပတ်ဝန်းကျင်ကို သန့်ရှင်းစေရန် အတွက် အထူးဂရုစိုက်သင့်သည်။ ခြင်၊ ယင်များမပေါက်ဖွားစေနိုင် ရန်အတွက်လည်းအမှိုက်များကိုစနစ်တကျစွန့်ပစ်ခြင်း၊လိုအပ်သည့် မြောင်းဖော်ခြင်း၊ မြေဖို့ခြင်းတို့ကိုပြုလုပ်ပြီး ရောဂါများကိုကြိုတင် ကာကွယ်သင့်သည်။
ပျော်ရွှင်စရာကောင်းသော၊စိတ်လှုပ်ရှားမှုများကိုသယ်ဆောင်လာပေးသော၊အေးမြသောရာသီဥတုရှိသည့်မိုးရာသီကိုကျန်းမာပျော်ရွှင်စွာကျော်ဖြတ်နိုင်စေရန်အတွက်အထက်ပါနည်းလမ်းများဖြင့်ကြိုတင်ကာကွယ် သင့်ပေသည်။