အာရောဂျံ၊ ပရမံ၊ လာဘံ ဟူသော ကျန်းမာရေးဆုလာဘ်တစ်ပါးဆိုတဲ့ စကားအတွက် လမ်းလျှောက်ခြင်းသည် လုံခြုံမှုနှင့် ထိရောက်မှုအရှိဆုံး ကိုယ်လက်လှုပ်ရှားမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သာမက ပညာရှင်များကထောက်ပြကြသည်။ လမ်းမှန်မှန်လျှောက်ခြင်းဖြင် ဉာဏ်ရည်ယုတ်လျော့ကျဆင်းခြင်းကို တားဆီးပေးနိုင်သည်။ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်၍ နှလုံးကျန်းမာခြင်းကို ကောင်းမွန်စေသဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
လမ်းလျောက်ခြင်းကြောင့် အရပ်ပိုမြင့်နိုင်
သွေးပူလေ့ကျင့်ခန်းကို အရင်လုပ်ဆောင်ရမည်။ ခြေလက်က အဆစ်တွေကို လှုပ်ပေးပါ။ ကျောကိုလည်း ဆန့်မတ်ပေးပါ။ ခါးကိုင်းပြီး ကိုယ်ကိုရှေ့ငိုက်ပါ။ လက်နှစ်ဖက်ကို အဖြောင့်ဆန့်တန်းပြီး ရှေ့နောက်လွှဲပေးပါ။ လမ်းလျှောက်သည့်အခါ လက်ကို ကောင်းကောင်းလွှဲ၊ ခြေအားထည့်ပြီး ရှေ့တည့်တည့် မီတာ ၅၀ ခန့် လျှောက်ပါ။ နားသည့်အခါ ခြေဆန့်လက်ဆန့် လေ့ကျင့်ခန်းလုပ်ပေးပါ။ လက်အစုံကို အထက်သို့ ဆန့်မြှောက်ပြီးနောက် ဘေးဘက်နှစ်ဘက်ဆီကို ဆန့်ထုတ်ပါ။ တစ်ချိန်တည်းမှာ ခြေဖနောင့်ကြွပေးပါ၊ ရှစ်ကြိမ်ခန့် လုပ်ပြီးနောက် မီတာ ၅၀ထပ်လျှောက်ပါ။ အဆိုပါပုံစံမျိုး လျှောက်တတ်လျှင် အရပ်မြင့်ဖို့ အခြေခံကောင်းရမည်ဖြစ်သည်။
လမ်းလျှောက်ခြင်းကြောင့် မှတ်ဉာဏ်ပိုကောင်းနိုင်
လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်ကို အောက်စီဂျင်လုံလောက်စွာရစေနိုင်ပြီး ဗဟိုနာဗ်ကြော၏စွမ်းရည်ကို တိုးတက်စေသည်။ ထို့အပြင် ဦးနှောက်ဆဲလ်များကို အာဟာရဓာတ်လုံလောက်စွာ ပံ့ပိုးပေးသည်။ ဦးနှောက်ထဲသွေးပိုရောက်စေသည်။ ဦးနှောက်ဆဲလ်များ စောစီးစွာ ဆုတ်ယုတ်မှုကို ကာကွယ်ပေးနိုင်သည်။
လမ်းလျှောက်ခြင်းကြောင့် နှလုံး၊ အဆုတ်အားကောင်းနိုင်
နှလုံး၊ အဆုတ်ကို နုပျိုသန်စွမ်းအောင် ထိန်းထားလိုလျှင် လမ်းလျှောက်ပေးရန် ဗြိတိသျှသိပ္ပံပညာရှင်များက တိုက်တွန်းထားသည်။ တစ်ပတ်လျှင် သုံးနာရီခန့် လမ်းလျှောက်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းကျဆင်းစေသည်။ အမေရိကန်ပညာရှင်များကလည်း နေ့စဉ်မိနစ် ၄၀ ကြာလမ်းလျှောက်ပေးလျှင် နှလုံး၊ အဆုတ် ကျန်းမာရေးကို အားပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းစေကြောင်း ပြောပြထားသည်။
လမ်းလျှောက်ခြင်းကြောင့် ကိုယ်ခံစွမ်းအားရနိုင်
ကိုယ်ခံစွမ်းအားဆိုသည်မှာ ရောဂါမျိုးစုံမဖြစ်အောင် ကာကွယ်ပေးနိုင်သည့် စွမ်းအားဖြစ်သည်။ နေ့စဉ်မှန်မှန် လမ်းလျှောက်ခြင်းအားဖြင့် သွေးလေလှုပ်ရှားနိုင်သလို ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေသည်။
#Health Care Journal(အတွဲ(၇)၊ အမှတ်(၂၁))