ကိုယ်ဝန်ဆောင်မိခင်များသန္ဓေသား၏အလေးချိန်ကြောင့် ခြေထောက်ရှိကြွက်သားများပိုမိုအားစိုက်ရသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ကြွက်တက်ခြင်းကိုတွေ့ရလေ့ရှိသည်။
ရောဂါအခံရှိသူများ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အသည်းရောဂါရှိသူများနှင့် သိုင်းရွိုက် ရောဂါရှိသူများတို့တွင်ကြွက်တက်ခြင်းပိုမိုဖြစ်စေနိုင်သည်။ ရောဂါပိုးကူးစက်ခံရခြင်းအချို့ဘက်တီးရီးယားများကြောင့်ဖြစ်သောရောဂါများ (ဥပမာ-မေးခိုင်ပိုးဝင်ခြင်း) ကြွက်တက်ခြင်းကို တွေ့ရ သည်။ ဆေးဝါးများအချို့ဆေးဝါးများသည် ခြေထောက်ရှိကြွက်သားများကြွက်တက်ခြင်းကို ဖြစ်စေနိုင်သည်။ ဥပမာဆီးဆေးများ၊ စတက်တင် အဆီကျဆေး။ ကုသနည်းများ
•ကြွက်သားများကိုပြေလျော့အောင်နှိပ်နှယ်ပေးခြင်းတင်းမာနေသောကြွက်သားများကိုဖြေလျော့သွားစေရန် ကြွက်တက်ခြင်းခံစားနေရသောကြွက်သားများကို ဖြေးညှင်းစွာနှိပ်နှယ်ပေးရမည်။ ခြေသလုံးကြွက်သားဖြစ်ပါက ခြေထောက်ကိုခန္ဓာကိုယ်အားဖြင့်ဖိကာဒူးကိုညင်သာစွာတဖြည်းဖြည်းကွေးပေးရမည်။ ပေါင်ကြွက်သားတွင်ခံစားရပါကကြွက်တက်နေသော ခြေထောက်ထိပ်ဖျားကို ခေါင်းဖြင့်ထိအောင် ပြုလုပ်ပေးပြီးကျန်ခြေထောက်ကို ဖြောင့်တန်းထားပေးလျှင် ကြွက်တက်ခြင်း သက်သာစေနိုင်သည်။
•အပူပေးခြင်းသို့အအေးပေးခြင်းတင်းမာနေသောကြွက်သားပေါ်သို့ ရေနွေးစိမ်ထားသောအဝတ်စတင်ပေးလျှင် ကြွက်တက်ခြင်း သက်သာ နိုင်သလို ရေနွေးနွေးကို ကြွက်သားပေါ်သို့ လောင်းချပေးလျှင်လည်း သက်သာစေနိုင်သည်။ ရေခဲတုံးကိုလည်းကြွက်တက်နေသောကြွက်သားပေါ်သို့တင်ပေးပါကသက်သာစေနိုင်သည်။
ကာကွယ်ရန်နည်းလမ်းများ • ရေဓါတ်မဆုံးရှုံးအောင် နေထိုင်ပါ။ နေ့စဉ် ရေကိုလုံလောက်စွာ သောက်သုံးပေးရမည်ဖြစ်ပြီး ရာသီဥတုအခြေအနေ၊အစားအသောက်၊အသက်အရွယ်၊ လေ့ကျင့်ခန်းလှုပ်ရှားမှုပေါ်မူတည်၍ ရေဓါတ်မဆုံးရှုံးအောင် နေထိုင်ပါ။ ရေဓါတ်သည် ကြွက်သားများ သက်တောင့်သက်သာဖြစ်အောင် ကူညီပေးပြီး ကြွက်တက်ခြင်းမဖြစ်အောင်လုပ်ဆောင် ပေးနိုင်သည်။ လေ့ကျင့်ခန်းလှုပ်ရှားမှုပြုလုပ်နေစဉ်အတွင်းရေသောက်ပေးသင့်ပြီးပြီးဆုံးသွားပါကလည်း ရေသို့အခြားဖြည့်စွက်အရည်များထပ်သောက်သုံးပေးသင့်ပါသည်။
•ကြွက်သားများကိုသက်တောင့်သက်သာထားပေးပါ။ညဘက်၌ ခြေထောက်ကြွက်တက်ခြင်းဖြစ်တတ်ပါကညမအိပ်မီလေ့ကျင့်ခန်းအပေါ့စားများဥပမာအိမ်တွင်းစက်ဘီးနင်းစက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်ခြင်းကိုအိပ်ပျော်နေစဉ်အတွင်းကြွက်တက်ခြင်းကိုကာကွယ် ပေးနိုင်သည်။ ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ဆောင်ရာတွင် သတိထားပေးသင့်ပြီး အချိန် ကြာမြင့်စွာနှင့် ကြွက်သားတစ်ခုတည်းကိုအားမစိုက်သင့်ပေ။ အားကစားလေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်းကြွက်သားများကို ပြန်လည်ဖြေလျော့ပေးသင့်ကာကြွက်သားများကိုသက်တောင့်သက်သာရှိအောင် အမြဲတမ်းထားပေးလျှင် ကြွက်တက်ခြင်း ကင်းဝေးနိုင်မည်ဖြစ်ပါသည်။
AUTHOR – ဟိန်းဇာနည် (ဆေး -၂ )
Credit to Healthcare Journal (Vol-7, No-11)