ယနေ့ကမ္ဘာကြီးတွင်ရာသီဥတုဖောက်ပြန်ပြောင်းလဲနေမှုကို နေရာ ဒေသမျိုးစုံတွင်ပုံစံမျိုးစုံဖြင့်တွေ့ကြုံနေရပါသည်။ တစ်ခါတစ်ရံ တွင်မူ ထင်မှတ်မထားသည့်ရာသီဥတုဖောက်ပြန်မှုများကြောင့် လူ သားတို့အတွက် ကြီးမားသောဘေးအန္တရာယ်များနှင့် ရောဂါဆိုးများကိုဖြစ်ပေါ်စေပါသည်။ယခုနှစ်တွင်အယ်နီညိုဖြစ်စဉ်သက်ရောက်မှုကြောင့်ကမ္ဘာအနှံ့အပြားတွင်မုန်တိုင်းထန်ခြင်း၊ ရေကြီးခြင်း၊မိုး ခေါင်ရေရှားခြင်း၊အစာရေစာပြတ်လပ်ခြင်းနှင့်ဆက်စပ်ရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။
အယ်နီညို (El Nino) ဆိုတာဘာလဲ
ယခုလက်ရှိကာလတွင်ဖြစ်ပေါ်နေသော အယ်နီညိုသည် နှစ်နှစ်မှ ခုနစ်နှစ်အကြားတွင် တစ်ကျော့ပြန်လည်ဖြစ်ပေါ်တတ် သော ထူးခြားဆန်းကျယ်သည့် ရာသီဥတုဖောက်ပြန်မှုတစ်ခုဖြစ်ပါ သည်။၎င်းသည် ပြင်းထန်၍အချိန်ကာလကြာမြင့်သော ပူနွေး သည့်ရာသီဥတု၊ သို့မဟုတ် မိုးများ၍ စိုထိုင်းစကိုမြင့်စေသော ရာသီ ဥတုကို ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်စေပါသည်။ ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနှင့်အလယ်ပိုင်းတွင်ဖြစ်ပေါ်လာသော ရေနွေးစီးကြောင်း (El Nino) နှင့်ရေအေးစီးကြောင်း (La Nina)တို့ပေါင်းစပ်သွား သောအချိန်တွင်ပစိဖိတ်သမုဒ္ဒရာ၏အရှေ့နှင့်အနောက်ပိုင်းတို့တွင် လေဖိအားများပြောင်းလဲသွားကာ ရာသီဥတုဖောက်ပြန်ခြင်း များဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကို El Nino Southern Oscillation (ENSO) ဟုလည်းခေါ်သည်။
အယ်နီညိုဖြစ်စဉ်သည် တစ်ခါဖြစ်ပေါ်လျှင် ၁၂ လမှ ၁၈ လခန့်ကြာမြင့်လေ့ရှိပြီး အစွန်းရောက်မိုးလေဝသအခြေအနေများ ဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းကျခြင်း စသည်တို့ကို ပစိဖိတ်သမုဒ္ဒရာအနီးရှိနိုင်ငံများတွင်စတင်ဖြစ်ပေါ်ပြီးနောက်ပိုင်းကမ္ဘာအနှံ့အပြားတွင်ဆက်လက်ဖြစ်ပေါ်လေ့ရှိသည်။ အရှေ့ တောင်အာရှနိုင်ငံများ၊ တောင်အာဖရိကနိုင်ငံများနှင့် ဩစတြေးလျ နိုင်ငံမြောက်ပိုင်းတွင် ကာလရှည်ပူပြင်းခြောက်သွေ့သော ရာသီဥ တုဖောက်ပြန်ခြင်းများဖြစ်ပေါ်၍ ပီရူးနှင့်အီကွေဒေါနိုင်ငံများတွင် မူမိုးသည်းထန်စွာရွာသွန်းခြင်းနှင့်တစ်ခါတစ်ရံတွင် ရေကြီးခြင်းကဲ့သို့သောရာသီဥတုဖောက်ပြန်ခြင်းများဖြစ်ပေါ်လေ့ရှိသည်။ တစ် နည်းအားဖြင့်ဆိုလျှင် အယ်နီညိုကြောင့် အာရှတိုက်ကဲ့သို့မိုးများ သောဒေသများတွင် မိုးခေါင်ရေရှားခြင်းဖြစ်စဉ်များအများအပြား ဖြစ်ပေါ်လာ၍မိုးနည်းဒေသများတွင်မိုးသက်မုန်တိုင်းများဖြစ် ပေါ်ခြင်းဖြစ်စဉ်များ ဖြစ်ပွားလာပါသည်။အယ်နီညိုကြောင့်ရာသီဥတုအပြောင်းအလဲဒဏ်ကိုအများဆုံးခံရသောဒေသများမှာ တောင်အာဖရိကနိုင်ငံများ၊ တောင်အမေရိကတိုက်ရှိနိုင်ငံအချို့ နှင့်အရှေ့တောင်အာရှနိုင်ငံများပင်ဖြစ်ပါသည်။
အယ်နီညိုနှင့် ရောဂါများဖြစ်ပွားခြင်း
အယ်နီညိုဖြစ်စဉ်သက်ရောက်မှုရှိခဲ့သောသမိုင်းကြောင်းတစ်လျှောက်တွင်ဖြစ်လေ့ရှိခဲ့သောရောဂါများမှာမိုးခေါင်မှုနှင့် ရေ ကြီးမှုတို့ကြောင့်ဖြစ်ပွားလေ့ရှိသောရောဂါများဖြစ်ပါသည်။ အရင် နှစ်များစွာက ဆရာဝန်များက အယ်နီညိုဖြစ်ပေါ်ပြီးချိန်မှစ၍ငါး နှစ်လျှင်တစ်ခါ နိုင်ငံတော်တော်များတွင်ငှက်ဖျားရောဂါဖြစ်ပေါ် တတ်သည်ဟု သတ်မှတ်ထားခဲ့ကြသည်။ထို့ပြင်အယ်နီညိုဖြစ်စဉ်တစ်ကျော့ပြန်လာတိုင်း ပြင်းထန်သောရာသီဥတုဖောက်ပြန်မှုများ နှင့်အတူ ရောဂါတချို့လည်း တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာတတ် ပါသည်။
အပူချိန်များခြင်းနှင့် မိုးသည်းထန်မှုကြောင့် ရေမျက်နှာ ပြင်မြင့်တက်ခြင်းနှစ်ခုစလုံးသည် ကူးစက်ရောဂါများကိုပျံ့ပွားစေ သော အင်းဆက်နှင့်ဗိုင်းရပ်စ်ပိုးများပေါက်ပွားမှုများကို ဖြစ်ပေါ်စေ ပါသည်။ ကူးစက်ရောဂါပျံ့ပွားစေသောအင်းဆက်များတွင် ခြင် ပေါက်ပွားမှုသည် အများဆုံးဖြစ်သည်။ အယ်နီညိုဖြစ်စဉ် သက် ရောက်မှုကာလတွင် ခြင်မှတစ်ဆင့်ကူးစက်ပျံ့ပွားသောရောဂါများ ဖြစ်သည့်ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်း ရောင်အသားဝါရောဂါများနှင့် RVF ဟုခေါ်သော Rift Valley Fever
ရောဂါများကိုပိုမိုဖြစ်ပွားစေပါသည်။ငှက်ဖျားရောဂါကူးစက်ပျံ့ပွားမှုသည်အဓိကအားဖြင့်ရာသီဥတုအခြေအနေပေါ် မူတည်၍ ဖြစ်ပေါ်လေ့ရှိပါသည်။
ခြောက်သွေ့သောဒေသများတွင် မိုးသည်းထန်စွာရွာ သွန်းပါက ရေအိုင်၊ ဗွက်အိုင်များဖြစ်ပေါ်ကာ ခြင်ပေါက်ဖွားမှုနှုန်း များလာပြီးကူးစက်ရောဂါများဖြစ်ပွားတတ်ပါသည်။ ထို့အတူ စွတ် စိုသောဒေသများတွင်မိုးခေါင်ရေရှားမှုဖြစ်ပေါ်ပါက မြစ်ချောင်းများရေခန်းခြောက်ကာရေစီးရေလာနည်းပါးသွားပြီး ရေကန်၊ ရေအိုင်ငယ်များဖြစ်ပေါ်လာပါသည်။ထိုရေကန်ရေအိုင်ငယ်များတွင် ခြင်များလွယ်ကူစွာပေါက်ဖွားကာ၎င်းခြင်းများမှတစ်ဆင့်ကူးစက် ရောဂါများဖြစ်ပေါ်လာပါသည်။ ထိုကဲ့သို့ ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သောနေရာများသည်အယ်နီညိုဖြစ်စဉ်အချိန်တွင်လွယ်ကူစွာဖြစ်ပေါ်လာပြီး ရောဂါပိုးများသည် ခြင်မှတစ်ဆင့် နေရာအနှံ့အပြားသို့လျင်မြန်စွာကူးစက်ပျံ့နှံ့သွားလေ့ရှိပါသည်။ ပူနွေး သောရာသီဥတုသည် ခြင်ပေါက်ပွားနှုန်းကိုတိုးစေပါသည်။သို့သော်အလွန်ပူ၍ခြောက်သွေ့သောနေရာဒေသများတွင်မူ ခြင်ပေါက်ပွား မှုနှုန်းလျော့နည်းပါသည်။
ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါသည်ကြိုတင်ကာကွယ်မှုများတင်းကျပ် စွာပြုလုပ်ထားသည့်နေရာဒေသမှာပင်ဖြစ်ပေါ်လေ့ရှိသော ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ငှက်ဖျားရောဂါ သည် အပူပိုင်းဒေသများနှင့်သမပိုင်းဒေသများတွင် အဖြစ်များလေ့ ရှိပါသည်။ ငှက်ဖျားရောဂါသည် အယ်နီညိုဖြစ်စဉ်သက်ရောက်ခြင်း ခံရသောအပူချိန်မြင့်မားသောနေရာနှင့် မိုးများသောဒေသများ ဖြစ်သည့်ကုန်းမြင့်အစွန်းပိုင်းဒေသများနှင့်လွင်တီးခေါင်ဒေသများတွင် ကူးစက်ပျံ့ပွားမှုနှုန်းမြန်ဆန်ကြောင်း သိရှိရပါသည်။
အပူချိန်မြင့်မားသော နေရာဒေသတွင် အယ်နီညိုဖြစ်ပေါ် ပါက ငှက်ဖျားရောဂါပိုးကူးစက်မှု ပိုမိုမြန်ဆန်ကြောင်းလည်းတွေ့ ရှိရပါသည်။ ငှက်ဖျားရောဂါပိုးကြိုတင်ကာကွယ်မှုပြုလုပ်ထားသော တချို့အရပ်ဒေသများတွင်ပင်အယ်နီညိုဖြစ်စဉ်နှင့်တိုက်ဆိုင်ပါကယခင်ဖြစ်ပွားမှုထက်ငါးဆပိုမိုဖြစ်ပွားလေ့ရှိပါသည်။ ငှက်ဖျား ရောဂါပျံ့ပွားနှုန်းမတည်ငြိမ်သောနေရာဒေသများမှာ ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် ရောဂါပျံ့ပွားမှုထိန်းချုပ်နိုင်မှုအားနည်းသော လူဦးရေထူ ထပ်သည့်ဒေသများဖြစ်ပြီး ၎င်းဒေသများတွင် ရာသီဥတုပေါ်မူ တည်၍လည်း ရောဂါပျံ့ပွားမှုများကို ဖြစ်စေပါသည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည် အပူပိုင်းနှင့်သမပိုင်း ဒေသများတွင် ဖြစ်လေ့ရှိသောခြင်မှတစ်ဆင့် ကူးစက်သည့်ရောဂါအမျိုးအစားဖြစ်ပြီးများသောအားဖြင့်မြို့ပြင်အရပ်ဒေသများတွင်ပို၍အဖြစ်များလေ့ရှိပါသည်။ အယ်နီညိုဖြစ်စဉ်သက်ရောက်မှု ကြောင့် အိမ်သုံးရေများကို ထိန်းသိမ်းခြင်းအလေ့အထပြောင်းလဲ မှုနှင့် ရေအိုင်ရေကန်များစွာဖြစ်ပေါ်လာမှုတို့သည် သွေးလွန်တုပ် ကွေးရောဂါများဖြစ်လာခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ ရောဂါပိုးရှိသောခြင်ကိုက်ခံရခြင်းမှကူးစက်သည့်ရောဂါဖြစ်သည့် အလျောက် မိုးရွာသွန်းမှုပုံစံနှင့် ဆက်စပ်မှုနည်းသော်လည်း အယ်နီ ညိုဖြစ်စဉ်ကာလတွင် အပူချိန်မြင့်တက်ခြင်းသည်ဗိုင်းရပ်ပိုးပျံ့နှံ့မှုကိုတိုးပွားစေပြီး၎င်းအယ်နီညိုအချိန်တွင် သွေးလွန်တုပ်ကွေးဖြစ် သောလူနာများပိုမိုများပြားလာလေ့ရှိပါသည်။အယ်နီညိုဖြစ်စဉ် ကြောင့် ပြင်းထန်သောရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်ခဲ့သည့် ၁၉၉၈ ခုနှစ်တွင် အာရှနိုင်ငံများ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားမှုအများဆုံးဖြစ်ပေါ်ခဲ့ပါသည်။
Rift Valley ရောဂါ
RVF ရောဂါသည် သာမန်အားဖြင့် ရောဂါပိုးရှိသောခြင် မှတစ်ဆင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ကူးစက်သောရောဂါဖြစ်ပြီး လူသားများထံသို့လည်း ကူးစက်ပျံ့နှံ့နိုင်ပါသည်။ အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော ၁၉၉၇- ၉၈ ခုနှစ်တွင် ၎င်းရောဂါကို လူသားများ တွင်စတင်တွေ့ရှိပြီး ကူးစက်မှုစတင်သောဒေသမှာ အယ်နီညို ကြောင့် မိုးများခဲ့သော ကင်ညာနှင့်ဆိုမာလီယာဒေသတွင်ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းဒေသ၌ငှက်ဖျားရောဂါ နှင့် ဝမ်းရောဂါများလည်း ဖြစ်ပေါ်ခဲ့ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါများသည် ရာသီလိုက်ဖြစ်လေ့ ရှိသောရောဂါဖြစ်ပြီး များသောအားဖြင့် မိုးရာသီတွင်အဖြစ်များ လေ့ရှိပါသည်။ ရေကြီးခြင်းနှင့်မိုးခေါင်ခြင်းနှစ်မျိုးစလုံးသည်ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်ပေါ်စေပါသည်။ ဝမ်းပျက်ဝမ်းလျှော ရောဂါကိုအဓိကဖြစ်ပေါ်စေသောအကြောင်းရင်းမှာ မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့်အဖြစ်များပြီး ၎င်းမိုးရေတွင်ပျော်ဝင်နေ သော မသန့်ရှင်းသောအရာများသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေရုံသာမကကာလဝမ်းရောဂါ၊တိုက်ဖွိုက်ရောဂါများကိုလည်း ဖြစ်ပေါ်စေပါသည်။
ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ
အယ်နီညိုကြောင့်ဖြစ်ပေါ်လာတတ်သော ရောဂါများ နှင့်ကျန်းမာရေးဆိုးကျိုးများကိုလျှော့ချရန်နှင့် ကာကွယ်ရန် WHO မှထုတ်ပြန်ကြေညာခဲ့သော အရေးကြီးသောအချက်များမှာ-
– ရောဂါရှာဖွေစစ်ဆေးခြင်းများကိုပုံမှန်ပြုလုပ်ခြင်း။
– ရောဂါပြန့်ပွားမှုနှင့်ကူးစက်မှုများကို ထိန်းချုပ်ခြင်း။ (ဥပမာ- ကြိုတင်ကာကွယ်ဆေးထိုးခြင်း)
– ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့် သန့်ရှင်းစွာနေ ထိုင်ခြင်းအလေ့အကျင့်များကို အဖွဲ့အစည်းများနှင့်ပူး ပေါင်းကာကျန်းမာရေးအသိပညာများနှင့်ကာကွယ် စောင့်ရှောက်မှုနည်းလမ်းများကိုဖြန့်ဝေခြင်း။
– ရေကောင်းရေသန့်များကိုသာ အသုံးပြုခြင်း၊ သောက် သုံးခြင်း။
– ကျန်းမာရေးသန့်ရှင်းမှုများ (ဥပမာ- တစ်ကိုယ်ရေသန့် ရှင်းခြင်း) ကိုဂရုတစိုက်ပြုလုပ်ခြင်း။
– ရောဂါကူးစက်မှုခံနေရသောဒေသများသို့ ဆေးဝါးနှင့် အထောက်အပံ့ပစ္စည်းများထောက်ပံ့ပေးမှုကို အားသွန် ခွန်စိုက်ဆောင်ရွက်ခြင်း။
– အယ်နီညိုနှင့်ပတ်သက်သောသတင်းအချက်အလက် များကို အမြဲသတိပြုခြင်းတို့ဖြစ်ပါသည်။
ရာသီဥတုများ ပြင်းထန်စွာဖောက်ပြန်ပြောင်းလဲတတ် သော အယ်နီညိုဖြစ်စဉ်သက်ရောက်မှုကာလတွင် အပူချိန်ပိုမိုများ လာသော ကျွန်တော်တို့၏နေရာဒေသ၌ ကျန်းမာရေးစောင့်ရှောက် မှုများနှင့် သောက်ရေသုံးရေနှင့်ပတ်သက်သော ထိန်းသိမ်းသုံးစွဲမှု များကို သာမန်အချိန်ထက်ပို၍ဂရုတစိုက်ပြုလုပ်သင့်ပါသည်။ထို့ပြင် ခြင်မှတစ်ဆင့်ဖြစ်သောကူးစက်ရောဂါအဖြစ်များသည့်အယ်နီညိုကာလတွင် ခြင်ပေါက်ပွားမှုလျော့နည်းလေလေ ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါများဖြစ်မှုကိုကာကွယ်နိုင်သည့် အတွက်လည်း ကျွန်တော်တို့၏ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ် စွာထားခြင်းဖြင့် အယ်နီညိုကြောင့် အခါမသင့်ဖြစ်ပေါ်လာနိုင် သည့်ရောဂါများကိုကာကွယ်သင့်ပါသည်။
Author – ဒေါက်တာထက်ဝေ