နွေရာသီရောက်လာသည်နှင့်အမျှ အပူရှိန်သည်လည်း တစ်စထက် တစ်စပိုမိုပူပြင်းလာနေပြီဖြစ်သည်။ ပူပြင်းခြောက်သွေ့သောနေရောင်ခြည်အောက်တွင်သွားလာလှုပ်ရှားနေထိုင်ရသူများအဖို့ခရမ်းလွန်ရောင်ခြည် ဒဏ်၊ အပူဒဏ်အစရှိသည်တို့ကိုမလွဲမသွေတွေ့ကြုံရမည်ဖြစ်ပေသည်။ အပူရှပ်ခြင်း၊ သို့မဟုတ် အပူလွန်ကဲခြင်း တို့ကြောင့်ဖြစ်ပေါ်တတ်သောရောဂါလက္ခဏာများကြိုတင်ပြင်ဆင်ကာကွယ်ရန်လိုအပ်ပုံများကိုသိရှိစေနိုင်ရန်အတွက် ရေးသားဖော်ပြ လိုက်ရပါသည်။
အပူရှပ်ခြင်း
အပူရှပ်ခြင်း၊ သို့မဟုတ် အပူချိန်လွန်ကဲခြင်းသည် မြင့်မား သောအပူချိန်နှင့် အချိန်အတော်ကြာထိတွေ့ခြင်း၊ ပူပြင်းခြောက်သွေ့ သောရာသီဥတုတွင် ပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ခြင်း တို့ကြောင့်ဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင် ဟိုက်၊ သို့မဟုတ် ပိုမိုမြင့်မားသောအပူချိန်ရှိပါက အပူရှပ်ခြင်းဟု ယူဆသတ်မှတ်နိုင်သည်။ ခြောက်သွေ့သောပတ်ဝန်းကျင်၊ ကျန်းမာ ရေးပြဿနာများ၊ ဆေးဝါးများမှီဝဲခြင်း အစရှိသည်တို့ကလည်း အပူ ရှပ်ခြင်းကိုဖြစ်စေနိုင်သော အကြောင်းအရာများဖြစ်သည်။ ထိုကဲ့သို့ အပူရှပ်ခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်အပူချိန်လွန်ကဲခြင်းကို မလျှော့နိုင် ပါက ချွေးထွက်လွန်ခြင်း၊ မူးဝေအော့အန်ခြင်း၊ သတိလစ်ခြင်းတို့အထိ ပင်ဖြစ်နိုင်သည်။ အပူချိန်မြင့်မားလွန်ကဲခြင်းဖြစ်ပါက အရေးပေါ် ကုသမှုပေးရန်လိုအပ်ပေသည်။ ထိုကဲ့သို့ ကုသမှုပေးနိုင်ခြင်းမရှိပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ <ကက်သားတို့ကိုပါ ထိခိုက်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိပါဖြစ်စေနိုင်သောကြောင့် အချိန်မီကုသမှု ပေးနိုင်ရန် အလွန်အရေးကြီးလှသည်။
ဖြစ်နိုင်ခြေများသူများ
မွေးကင်းစကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ အားကစားသမားများ၊ အပူချိန်လွန်ကဲသောနေရောင်ခြည်အောက် တွင် သွားလာလှုပ်ရှားရသူများတို့တွင် အဖြစ်များနိုင်သည်။
ရောဂါလက္ခဏာများ
ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း
အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်၊ သို့မဟုတ် ပိုများသော အပူချိန်ဖြစ်ခြင်းသည် အဓိကလက္ခဏာတစ်ခုပင်ဖြစ်သည်။
ချွေးမထွက်ခြင်း
ပူပြင်းသောရာသီဥတုနှင့်ထိတွေ့သောအခါ ချွေးထွက် ရမည့်အစား အရေပြားကိုစမ်းသပ်ကြည့်သည့်အခါ အပူလွန်ပြီး ခြောက်သွေ့နေမည်ဖြစ်သည်။
မူးဝေအော့အန်ခြင်း
ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့် ခြင်းတို့ကို ခံစားရစေနိုင်သည်။
အသက်ရှူနှုန်းမြန်လာခြင်း
မြန်ဆန်သောအသက်ရှူနှုန်းနှင့်အတူ နှလုံးခုန်နှုန်းပါ မြန်ဆန်လာမည်ဖြစ်သည်။
အထက်ပါ ရောဂါလက္ခဏာများနှင့်အတူ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားပြောဆိုရန်ခက်ခဲခြင်း၊ တခြားလူပြောသော စကားများကို နားလည်ရန်ခက်ခဲခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲ ခြင်းတို့အပြင် သတိလစ်မေ့မျောစေခြင်းတို့ကိုပါဖြစ်စေနိုင်သည်။
အရေးပေါ်ပြုစုကုသခြင်း
အပူချိန်လွန်ကဲမြင့်မားခြင်းသည် အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ဖြစ်သောကြောင့် လျင်မြန်စွာပြုစုကုသမှုပေးရန် မှာ အရေးကြီးလှသည်။ သင့်အနီးအနားပတ်ဝန်းကျင်တွင် အပူချိန် လွန်ကဲမြင့်မားသူတစ်ယောက်ကိုတွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်သင့်သည်။ ထိုသို့ပို့ဆောင်ရန် ချက်ခြင်းမဖြစ်နိုင်ပါက လူနာကိုအေးမြသောနေရာ၊ အရိပ်ရသော နေရာသို့အမြန်ဆုံးပို့ဆောင်ပြီး မလိုအပ်သောအဝတ်အစားများကို ဖယ်ရှားပါ။ ဖြစ်နိုင်ပါက အပူချိန်အမြန်ဆုံးကျသွားစေရန်အတွက် ရေဖတ်တိုက်ပါ။ ရေဖတ်တိုက်နေစဉ်အတွင်း ပန်ကာကိုလည်းဖွင့် ထားပေးပါ။ ရေခဲကပ်ရန်အဆင်ပြေပါကလည်း လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ၊ ကျောဘက်တို့ကိုလည်း ရေခဲကပ်ပေးပါ။ အပူချိန်ကို တတ် နိုင်သမျှ အမြန်ဆုံးကျစေရန်ပြုလုပ်ပြီး နီးစပ်ရာဆေးရုံ၊ သို့မဟုတ် ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။
ထိုကဲ့သို့သောအခြေအနေမျိုးမှ ပြန်လည်ကောင်းမွန်လာ လျှင်လည်း ဆရာဝန်နှင့်တိုင်ပင်၍ ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ပူပြင်းသောနေရောင်ခြည်ဒဏ်ခံခြင်းတို့ကို ဆင်ခြင်သင့်သည်။
ကာကွယ်ခြင်း
အပူချိန်မြင့်မားသောရာသီဥတုတွင် လေအေးပေးစက် ဖွင့် ထားသောပတ်ဝန်းကျင်တွင်နေထိုင်ခြင်းသည် အသင့်လျော်ဆုံးဖြစ် ပေသည်။ သို့သော် အပြင်ထွက်ရန်လိုအပ်လာပါက အောက်ပါ အချက်များကို လိုက်နာလုပ်ဆောင်သင့်သည်။
– ပေ့ါပါးသော၊ ဝတ်ဆင်ပြီးနေထိုင်ရလွယ်ကူသော၊ အရောင် အဆင်းဖျော့သော အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင် သင့်သည်။
– နေရောင်ခြည်ဒဏ်ကာကွယ်ရန်အတွက် အသုံးပြုသော ှင်္ဏ ၃၀ ကိုလည်း အသုံးပြုသင့်သည်။
– အရည်များများသောက်ပါ။ ရေဓာတ်ခြောက်သွေ့ခြင်းမှ ကာကွယ်ရန်အတွက် ရေကို ဖန်ခွက် ရှစ်ခွက်ခန့် အနည်း ဆုံးသောက်ပါ။ အသီးဖျော်ရည်၊ ဓာတ်ဆားရည်တို့ကိုလည်း လိုအပ်လျှင်လိုအပ်သလို သောက်သုံးသင့်သည်။
– ထို့ပြင် လေ့ကျင့်ခန်းပြုလုပ်သူများ၊ ပူပြင်းသော နေရောင် ခြည်အောက်တွင်အလုပ်လုပ်သူများအနေဖြင့် ထပ်မံပြီး သတိပြုလုပ်ဆောင်ရမည့်အချက်များမှာ – လေ့ကျင့်ခန်း မပြုလုပ်မီ နှစ်နာရီခန့်အလိုတွင် အရည် ၂၄ အောင်စ (ရေဖန်ခွက် ၂ခွက်) ခန့်ကို ကြိုတင်သောက်သုံးပါ။ လေ့ကျင့်ခန်းပြုလုပ်နေသည့်အချိန်တွင်လည်း မိနစ် ၂၀ လျှင်တစ်ခါခန့် ရေတစ်ခွက်ကိုသောက်သုံးပေးပါ။ ရေငတ် ခြင်းမရှိလျှင်လည်း သောက်သုံးပေးသင့်သည်။
– အပြင်ထွက်ရန်အချိန်များကို တတ်နိုင်သမျှ အစီအစဉ် တကျပြုလုပ်ပါ။ ဖြစ်နိုင်ပါက အပူသက်သာသည့် မနက် အစောပိုင်း၊ ညနေခင်းပိုင်းတို့တွင် ပြုလုပ်သင့်သည်။
– ဆီးအရောင်ကိုလည်း သတိပြုသင့်ပေသည်။ အရောင်ရင့် သောဆီးသည် ရေဓာတ်ခန်းခြောက်ခြင်းကို ညွှန်ပြသည်။ ထို့ကြောင့် အရောင်ဖျော့သောဆီးမဖြစ်ဖို့အတွက်လည်း လိုအပ်သောရေဓာတ်ပမာဏကို သောက်သုံးပေးရန် လိုအပ်ပေသည်။
– ပူပြင်းခြောက်သွေ့သောရာသီဥတုအတွင်း အရက် သောက်သုံးခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်သင့် သည်။ အရက်သောက်သုံးခြင်းသည်း အပူချိန်မြင့်မားခြင်း ကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် သတိပြုသင့်သည့် အချက်တစ်ခုပင်ဖြစ်သည်။
– အိမ်အတွင်းနေထိုင်စဉ်တွင်လည်း လေဝင်လေထွက် ကောင်းမွန်အောင်၊ အိတ်ဇောပန်ကာ၊ လေအေးပေးစက် အစရှိသည်တို့ကိုချိန်ဆပြီး အပူချိန်မြင့်မားလွန်ကဲခြင်း ဒဏ်မှကင်းဝေးနိုင်မည် ဖြစ်ပေသည်။