fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

သီတင်းကျွတ်ရင်

ကိုမောင်ထွန်းတစ်ယောက် ချောင်းဆိုးပြီးဖျားနေတာသုံးပတ်လောက်ရှိပြီ။ နေမကောင်းဖြစ်နေပေမယ့် ဆိုက်ကားနင်းတာကနားလို့မရ။ အကြောင်းရင်းကဒီဝါကျွတ်မှာမိခိုင်နဲ့လက်ထပ်ဖို့ ငွေလိုသည်။ ဒါကြောင့် ဖျားလည်းဖျားနေမိုးကလည်းဖွဲဖွဲရွာနေသည့်ကြားကမိုးကာအကျီၤလေးဝတ်၊ ကွမ်းရွက်ပြုတ်ရည်လေးသောက်လိုက်၊ ဂျင်းပြုတ်ရည်လေးသောက်လိုက်နဲ့ပဲဆိုက်ကားနင်းတာမနားဖြစ်။ အဖျားကလည်းတနေကုန်ဖျားနေတာမျိုးမဟုတ်။ တငွေ့ငွေ့လေးဖျားနေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင်တော့ ဆိုက်ကားသိမ်းပြီးညနေပိုင်းရောက်မှ အဖျားကတက်လာတတ်သည်။ ဖျားတာကြာလာတော့ အစားအသောက်ကလည်းပျက်၊ လူကလည်းပိန်လာသည်။ ဒီနေ့တော့ ချောင်းဆိုးတာကမရပ်။ မိုးကလည်းသည်းကြီးမည်းကြီးရွာနေသည်မို့ ဆိုက်ကားစောစောသိမ်းပြီးဆေးခန်းကိုရောက်ခဲ့သည်။

မိုးတွင်းမို့ ဘဝတူဖျားကြနာကြသူတွေကအများ။ ကိုမောင်ထွန်းတို့ရပ်ကွက်ထဲမှာကဒီဆရာဝန်လေးကိုပဲအားကိုးရသည်။ ဒီလိုနဲ့ ကိုမောင်ထွန်းတစ်ယောက် ဆရာဝန်လေးရှေ့ရောက်၊ ချောင်းကဆိုးတာမရပ်တော့ ဆရာဝန်လေးကသလိပ်စစ်ခိုင်းသည်။လိုအပ်သည့် စမ်းသပ်စစ်ဆေးမှု တွေလုပ်ခိုင်းသည်။ ဖျားတာလည်းကြာတော့ တီဘီဟုသံသယရှိသည်ဟုပြောပြပြီးတစ်လက်စတည်းတီဘီရောဂါအကြောင်းအခုလိုအကြမ်းဖျင်းရှင်းပြပါသည်။
“တီဘီရောဂါဟာMycobacterium tuberculosisဆိုသည့် ရောဂါပိုးကြောင့်ဖြစ်ပွားတာပါ။ အဖြစ် အများဆုံးကတော့ အဆုတ်တီဘီပါ။ ဒီ့အပြင် အူလမ်းကြောင်း၊ အဆုတ်၊ အရိုး၊ ကျောရိုးတီဘီတွေလည်းဖြစ်ပွားတာတွေ့ရတတ်ပါတယ်။ ရောဂါပိုးဟာအသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲကိုရောက်ပါတယ်။ အဆုတ်ကတဆင့် သွေးထဲကိုရောက်သွားပြီး ခန္ဓာကိုယ် အနှံ့အပြားကိုပြန့်သွားတာပါ။ တီဘီရောဂါသည်တစ်ယောက်ဟာချောင်းဆိုးလိုက်ရင် တီဘီပိုးဟာလေထုထဲကိုရောက်သွားပြီးအခြားလူတွေ ဆီကိုကူးတာပါ။ သလိပ်ထဲမှာရောဂါပိုးရှိနေတဲ့သူတစ်ယောကနဲ့ နီးနီးကပ်ကပ် စကားပြောရင်လည်းတီဘီပိုးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးရင် လက်ကိုင်ပဝါအုပ်ပြီးဆိုးပါ။ လေထုထဲကတစ်ဆင့်ကူးစက်တတ် ပေမယ့် ရောဂါပိုးရှိတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်လို့သော်လည်းကောင်း၊ အစားအသောက် အတူတူထိုင်စားရုံနဲ့ လည်းကောင်း၊ ရောဂါပိုးရှိသူနဲ့ အိမ်သာတစ်ခုထဲကိုအတူတူသုံးမိရုံနဲ့လည်းကောင်းမကူးစက်နိုင်ပါဘူး။

တီဘီရောဂါရဲ့အကြမ်းဖျင်းလက္ခဏာတွေကတော့ ချောင်းဆိုးတာသုံးပတ်ထက်ကျော်နေရင်၊ ရင်ဘတ် အောင့်ရင်၊ သလိပ်ပါရင်၊ သလိပ်ထဲမှာသွေးစလေးတွေပါနေရင် တို့ဖြစ်ပါတယ်။ ဒါ့အပြင် အားနည်းတာ၊ နုန်းတာ၊ အစားအသောက်ပျက်တာ၊ အဖျားငွေ့ငွေ့လေးရှိနေတာ၊ ညဘက်မှာချွေးတွေတအားထွက်တာအစရှိတာတွေကလည်းတီဘီရောဂါရဲ့လက္ခဏာတွေပါပဲ။
တီဘီရောဂါဟာဘယ်လိုလူမျိုးတွေမှာအများဆုံးဖြစ်တတ်သလဲဆိုရင် အသက်အရမ်းကြီးတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ခုခံအားကျဆင်းမှုရောဂါသည်တွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ စီးကရက်၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ “သလိပ်စစ်တဲ့အဖြေရဖို့ကသုံးရက်လောက်ကြာပါတယ်။ ကံကောင်းတယ်ပဲပြောရမလားမသိပါ။ ကိုမောင်ထွန်းဆီမှာတီဘီမရှိပါ။ အဆုတ်အအေးပတ်တာပါတဲ့။ တစ်ပတ်လောက်အနားယူ၊ ဆေးထိုးဆေးသောက်လုပ်လိုက်ရပါတယ်။ ဆရာဝန်လေးကထပ်ပြီးတော့ သေသေချာချာမှာပါသေးတယ်။ အခုတစ်ခေါက်ကံကောင်းပေမယ့် နောက်တစ်ခေါက် ဒီလိုဆက်ပြီးပေနေရင် ကျန်းမာရေးဂရုမစိုက်ရင် တီဘီဖြစ်နိုင်ခြေများပါတယ်လို့။ တီဘီကိုတော့ ကိုမောင်ထွန်းကြောက်တယ်။ အကြောင်းရင်းကမိခိုင်နဲ့ဝေးမှာစိုးလို့။ သီတင်းကျွတ်ဖို့ကလဲမလိုတော့ဘူးမလား။

 

AUTHOR – ဒေါက်တာအေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ