ကျွန်တော်တို့သည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ ဦးနှောက်ကျုံပြီး မှတ်နိုင်အား လျော့နည်းလာ ပါသည်။ယခင်ကမှတ်ဉာဏ်စွမ်းအားသည်လည်း တဖြည်းဖြည်း ကျဆင်းလာပါသည်။ ဆေးလိပ်သောက်ခြင်း၊ စီးကရက်သောက်ခြင်းနှင့်စိတ်ဖိစီးမှုများခြင်းသည်ဦးနှောက်အားကောင်းစေခြင်းကိုအနှောင့်အယှက် ဖြစ်စေပါသည်။
ဦးနှောက်အားကောင်းစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနုပညာထဲ စီးဝင်ခြင်း၊ ဦးနှောက်ကို သွက်လက်ထက်မြက်စေသော အစာများ စားသုံးခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စိတ်ဖိစီးမှု လျော့ချခြင်းနှင့် ဦးနှောက်ကိုအလုပ်လုပ်ခိုင်းခြင်းများ ဆောင်ရွက်ရပါမည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းအသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်ဆဲလ်များ ကျုံပြီး မေ့တတ်လာပါသည်။ သို့ရာတွင် မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်း (ဥပမာ – လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊သစ်ပင်စိုက်ခြင်း၊ရွရွကလေးပြေးခြင်း စသည်) ပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်ကို ထက်မြက်စေပါသည်။ လှုပ်လှုပ်ရှားရှား နေခြင်းကြောင့် ဦးနှောက်အလုပ်ကောင်းစွာလုပ်နိုင်ပြီး မှတ်ဉာဏ်အားကောင်းစေပါသည်။ အနုပညာထဲ စီးဝင်ခြင်း ပန်းချီကားကို စူးစိုက်ကြည့်ခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်းစသည့်အနုပညာထဲ စီးဝင်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဦးနှောက်ကို အလုပ်လုပ်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။ဦးနှောက်ပျက်စီးခြင်းကို နှေးကွေးစေပါသည်။ဦးနှောက်အားကောင်းစေရန် အထောက်အကူပြုပါသည်။ ဦးနှောက်ကို သွက်လက်ထက်မြက်စေသော အစာများ စားသုံးခြင်း ဗီတာမင်ဘီတွဲပါဝင်သည့် ဆော်လ်မွန်ငါးနှင့် ငါးသေတ္တာများကို စားသောက်ရပါမည်။ ဖော်လစ်အက်စစ်ဓာတ် ပါဝင်သော အစေ့အဆန်များ၊ အသီးအနှံများနှင့် ပဲတို့ကို စားပေးရပါမည်။ ဗီတာမင်ဘီတွဲလ်နှင့် ဖော့လစ်အက်စစ်ဓာတ်နည်းပါက ဦးနှောက်ချို့ယွင်းသော ရောဂါဖြစ်တတ်၍ သတိထားရပါမည်။ ထိုဗီတာမင်များသည် ဦးနှောက်အာရုံကြောပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ ဦးနှောက်အားလည်း ကောင်းစေပါသည်။ ပန်းသီး၊ ဆီးသီးနှင့် ဘယ်ရီအသီးများတွင် အင်တီအောက်ဆီဒင့်ပါရှိသောကြောင့် ဦးနှောက်ကို ပျက်စီးမည့် အရာများကို ခုခံကာကွယ်ပေးပါသည်။ Ginkgo ပရဆေးဝါးပင်သည် ဦးနှောက်ထဲသို့ သွေးနီဥများ စီးဆင်းစေပြီး မှတ်ဉာဏ်အားကောင်းစေပါသည်။ ဦးနှောက်ပွင့်စေပြီး ထက်မြက်စေပါသည်။ Ginkgo ပါသောဆေးကို သောက်ခြင်းဖြင့် ဦးနှောက်အားကောင်းစေပါသည်။
ဈေးဝယ်ထွက်ခြင်း ဈေးဝယ်ထွက်ခြင်းဖြင့် ကိုယ်ရောစိတ်ပါလှုပ်ရှားရသကဲ့သို့ဖြစ်ပြီး ဦးနှောက်ကို ထက်မြက်စေပါသည်။ မိမိဝယ်မည့် ပစ္စည်းကို တွက်ချက်၍ ဝယ်ယူရသောကြောင့် ဦးနှောက်အလုပ်လုပ်မှုဖြစ်စေပြီး ဦးနှောက် အားကောင်းစေပါသည်။ စိတ်ဖိစီးမှုလျှော့ချခြင်း စိတ်ဖိစီးမှုများပါက ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ မှတ်ဉာဏ်အားလည်း လျော့နည်းစေပါသည်။ထို့ကြောင့်စိတ်ဖိစီးမှုလျော့ချနိုင်ရန်တရားထိုင်ခြင်းနှင့် ယောဂကျင့်စဉ်ကျင့်ခြင်းများ ပြုလုပ်ပေးရပါမည်။ ဦးနှောက်ကို အလုပ်ခိုင်းခြင်း ဦးနှောက်ကို နေ့စဉ်နှင့်အမျှ အလုပ်ပေးရပါမည်။သို့မှသာဦးနှောက်လည်းတက်ကြွမှုရှိပြီးအလုပ်တာဝန်များကိုပုံမှန်လုပ်ဆောင်နိုင်ပါသည်။ ပဟေဠိဆန်ဆန်ကစားနည်းများကို ကစားပါက ဦးနှောက်ကို အလုပ် ပေးနိုင်ပါသည်။ ဘာသာစကားအသစ်တစ်မျိုးကို သင်ယူခြင်းဖြင့် ဦးနှောက်ကို အလုပ်ခိုင်းရပါမည်။ အကြံပြုချက် ကျွန်တော်တို့၏ ဦးနှောက်ကို ကောင်းစွာ အလုပ်ပေးပြီး မှတ်ဉာဏ်စွမ်းအားကို အမြင့်မားဆုံး ရောက်ရှိ ထိန်းသိမ်းနိုင်စေရန် အထက်ပါအတိုင်း ဆောင်ရွက်ရပါမည်။ အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်သင့်ကြောင်း အကြုံပြုအပ်ပါသည်။
Author – ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)