အိုင်အိုဒင်းဓာတ်ဟာ သက်စောင့်ဓာတ်၊ သတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက် ဂလင်းရဲ့လုပ်ငန်းများနဲ့ သိုင်းရွိုက်ဆဲလ်များဖြစ်တည်မှုမှာ အသုံးဝင်တယ်။ သွေးထဲမှာ အိုင်အိုဒင်းဓာတ်နည်း(သို့) မပါတာ အနောက်နိုင်ငံများမှာ တွေ့ရှိရသလို၊ ကမ္ဘာပေါ်မှာ အိုင်အိုဒင်းချို့တဲ့သူပေါင်း သန်း (၂၀၀၀၀) ရှိတယ် ဆိုတယ်။
အမ်အင်တီသိမှုဗဟို (MNT knowledge Center) ကကျန်းမာရေးအကျိုး ကျေးဇူးရှိပုံကို ဗီတာမင်များ၊ သတ္ထုဓာတ်များနဲ့ ပတ်သက်ပြီး စုဆောင်းထားရှိတယ်။ ယင်းကအိုင်အိုဒင်းသုံးစွဲမှုလျော့နည်းခြင်းနဲ့ အိုင်အိုဒင်းပိုမိုသုံးစွဲခြင်းတို့ရဲ့ ကျန်းမာရေး အပေါ် သက်ရောက်မှုကို ဖော်ပြထားတယ်။
(က) အိုင်အိုဒင်းလိုအပ်မှု၊
(ခ) အိုင်အိုဒင်းရဲ့ ကျန်းမာရေးအကျိုး
(ဂ) အိုင်အိုဒင်းပေါများတဲ့ အစားအစာများ၊
(ဃ) အိုင်အိုဒင်းသုံးစွဲခြင်း ကျန်းမာရေးလက်ငင်းအကျိုးတို့ရှိရာ၊ နေ့စဉ်အိုင်အိုဒင်း လိုအပ်ချက်များမှာ လူတစ်ဦး ၁၅၀ မိုက္ကရိုဂရမ်ဖြစ်တယ်။ ကိုယ်ဝန်သည်နဲ့ နို့တိုက် မိခင်မှာ နေ့စဉ် ၂၂၀ မှ ၂၉၀ မိုက္ကရိုဂရမ် နေ့စဉ် လိုအပ်တယ်။
အိုင်အိုဒင်းဟာ သွိုင်းရွိက်ဂလင်းလုပ်ငန်းများနှင့် သိုင်းရွိုက်ဆဲလ်များ ဖြစ်တည်မှုများ အထူးလိုအပ်တယ်။ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အိုင်အိုဒင်း ၇၅ ရာခိုင်နှုန်း ကို သိုင်းရွိုက်ဂလင်းမှာ သိုလှောင်ထားတယ်ဆိုတယ်။
အိုင်အိုဒင်းရဲ့ ကျန်းမာရေး အကျိုးရလဒ်မှာ သွေးထဲအိုင်အိုဒင်းလျော့နည်းရင် လည်ပင်းကြီးရောဂါ ဖြစ်စေတယ်။ ရှေ့လည်ပင်းကြီးရောဂါဖြစ်စေတယ်။ လည်ပင်း ကြီးရောဂါကို ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၂၀၀ မှ ၃၀၀ ကြားခံစားရတယ်။ အခြား လက္ခဏာများ ပုံမှန်ဖြစ်ပြီး အစာမျိုရခက်တာကလွဲရင် ပုံမှန်လူတစ်ယောက်လို တွေ့နိုင်တယ်။
သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်း လျော့နည်းရောဂါဖြစ်ရင် မောပန်း နွမ်းနယ် တယ်။ အလေးချိန်တိုးတယ်။ အအေးဒဏ်ခံနိုင်ရည်ရှိတယ်။ ဝမ်းချုပ်တတ်တယ်။ အိုင်အိုဒင်းလျော့နည်းချို့တဲ့ တဲ့ ကိုယ်ဝန်သည်မှ ကလေးပုံမမှန်မှုများ၊ စိတ်ပိုင်းချို့တဲ့ ကလေးများ၊ လေးဖက်လှုပ်မရကလေးများ၊ ဆွံ့အနားမကြားကလေးများ၊ အရပ်ပုပြတ် နှင့် သက်ကြီးပုံစံကလေးများ မွေးနိုင်ပါတယ်။
ကလေးဘဝမှ အိုင်အိုဒင်းဓာတ်ချို့တဲ့ရင် မွေးရာပါရောဂါများနဲ့ ရင့်ကျက်မှု မပြည့်ဝပြဿနာနဲ့ အခြားချို့ယွင်းမှုများ ရှိနိုင်တယ်။ အိုင်အိုဒင်းချို့တဲ့မှုဟာ ဦးနှောက်ပျက်စီးမှု နှေးကွေးမှုနဲ့ ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတယ်လို့ ဆိုတယ်။

Author: Dr.လွင်သန့်