နှလုံးကို ပိုပြီးကျန်းမာစေနိူင်
ပုံမှန်လမ်းလျှောက်ခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းကို လျော့ကျစေနိူင်ပါသည်။ သွေးအတွင်း အဆီဓာတ်နှင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိူင်ပါသည်။ သုတေသနစမ်းသပ်များအရ တစ်နေ့လမ်းလျှောက်ခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ မိနစ် ၃၀ လမ်းလှျှောက်ခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ထိန်းချုပ်ပြီး သွေးတိုးကြောင့် ဖြစ်စေနိူင်သော လေသင်တုန်းဖြတ်ခြင်း ဖြစ်နိူင်ခြေကို ၂၇ ရာခိုင်နှုန်း လျော့ကျစေပါသည်။ ထို့အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေကြောင်း သိရသည်။
ခန္ဓာကိုယ်အတွင်း ဗီတာမင်စီ ပမာဏကို မြှင့်တင်ပေးနိူင်
နေ့အချိန်အတွင်း အပြင်ထွက် လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ဗီတာမင်ဒီကို မြှင့်တင်ပေးနိူင်ပါသည်။ ဗီတာမင်ဒီသည် အစားအသောက်များမှ ရရှိနိူင်သည့်အပြင် နေရောင်ခြည်ကို ထိတွေ့ခြင်းဖြင့်လည်း ရရှိနိူင်ပါသည်။ ယူကေ၌ နေထိုင်သူအများသည် အရိုးကျန်းမာစေရန် အရေးကြီးသောနေရာတွင် ပါဝင်ပါသည်။ နေရောင်ခြည်ကို စိတ်ချရသော အနေအထားနှင့် ထိတွေ့ရန် လိုအပ်ပါသည်။ အချိန်အကြာကြီး ထိတွေ့ရန် မလိုအပ်ပေ။ နေရောင်ခြည်ကို အချိန်အကြာကြီး ထိတွေ့ပါက နေရောင်ခြည်ရှိ UV rays များသည် အရေပြားကင်ဆာကို ဖြစ်စေနိူင်သောကြောင့် သတိပြုရန် အရေးကြီးပါသည်။ နေရောင်ခြည်ကို အချိန်အနည်းငယ်ထိတွေ့ခြင်းဖြင့် ဗီတာမင်ဒီ ရရှိစေမှုကို လုံလောက်စေနိူင်ပါသည်။
ရောဂါများကို ကာကွယ်ပေးနိူင်
လမ်းလျှောက်ခြင်း အလေ့အထသည် နှလုံးရောဂါသာမက အမျိုးအစား (၂) ဆီးချိုသွေးချို၊ ပန်းနာရင်ကျပ်နှင့် အခြားကင်ဆာရောဂါများ ဖြစ်နိူင်ချေကို လျှော့ချပေးနိူင်ပါသည်။ သုတေသနများအရ လမ်းလျှောက်ခြင်းသည် ရောဂါများ ဖြစ်နိူင်ချေကို ၆၀ ရာခိုင်နှုန်းလျော့ကျစေနိူင်ကြောင်း သိရသည်။ လမ်းလျှောက်လေ့ကျင်ခန်း ပုံမှန်လုပ်သူသည် ပုံမှန်မလုပ်သူထက် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာဖြစ်နိူင်ချေကို ၂၀ ရာခိုင်နှုန်း လျော့ကျစေနိူင်ပါသည်။
ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိူင်
ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေလိုပါက တစ်နေ့စားသုံးသည်ထက် တစ်နေ့ကို ၆၀၀ ကယ်လိုရီ ပိုမို လောင်ကျွမ်းစေရန် လိုအပ်ပါသည်။ လမ်းလျှောက်ခြင်းသည် ကြွက်သားထုထည် ပမာဏနှင့် ကြွက်သားသန်မာမှုကို တိုးတတ်စေနိူင်ပါသည်။ ကြွက်သားထုထည်ပမာဏများလှျှင် ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို ပိုုမိုမြန်ဆန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ပိုဖြစ်စေကာ ကိုယ်ခန္ဓာအလေးချိန်ကို လျော့ကျစေနိူင်ပါသည်။
ဦးနှောက်နှင့် စိတ်ကျန်းမာရေးကို ကောင်းမွန်စေနိူင်
စိတ်ရောဂါသည် အသက် ၆၅ နှစ်ကျော်တွင် ၁၄ ယောက်၌ တစ်ယောက် အသက် ၈၀ ကျော်တွင် ခြောက်ယောက်၌ တစ်ယောက်ဖြစ်တတ်ပါသည်။ လှုပ်လှုပ်ရှားရှားရှိသူသည် ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါသည်။ ပုံမှန်လေ့ကျင့်လုပ်ခြင်းဖြင့် စိတ်ရောဂါဖြစ်နိူင်ချေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပါသည်။ အသက်အရွယ် ကြီးရင့်သူများတွင် တစ်ပတ်လျှင် ၆ မိုင် (သို့မဟုတ်) ပိုမိုပြီး လမ်းလျှောက်ခြင်းဖြင့် ဦးနှောက်အရွယ်အစား ကျုံ့ခြင်းနှင့် မှတ်ဉာဏ်မေ့လျော့စေမှုကို လျော့ကျစေနိူင်ပါသည်။
အရိုးပွခြင်းကို ကာကွယ်ပေးနိူင်
လမ်းလျှောက်ခြင်းသည် အရိုးသန်မာစေပါသည်။ အရိုးသိပ်သည်းဆကိုလည်း များစေပါသည်။ အမျိုးသမီးများ အထူးသဖြင့် အသက် ၃၅ နှစ်ကျော်လာလှျှင် အရိုးပွလာတတ်သောကြောင့် လမ်းလှျှောက်လေ့ကျင့်ခန်း လုပ်ရန် လိုအပ်ပါသည်။ လမ်းလျှောက်ခြင်းသည် အရိုးအဆစ်များကို ကျန်းမာစေပြီး အရိုးအဆစ်နှင့် ပတ်သက်သော ရောဂါများ ဖြစ်နိူင်ခြေကို လျော့ကျစေနိူင်ပါသည်။
ခွန်အားစွမ်းအင်များ တိုးပွားစေနိူင်
လမ်းလျှောက်ခြင်းသည် ခန္ဓာကိုယ်ရှိ ဆဲလ်များဆီသို့ အောက်ဆီဂျင်ပေးပို့စေမှုကို မြန်ဆန်စေနိူင်ပါသည်။ ထို့ကြောင့် သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွက်သွက်လက်လက် လန်းလန်းဆန်းဆန်း ဖြစ်စေနိူင်ပါသည်။ ကြွက်သား၊ အရိုးအဆစ်၊ ညောင်းညာ တောင့်တင်းခြင်းကိုလည်း ကင်းဝေးစေပါသည်။ နေ့လည်အချိန်တွင် ကော်ဖီကို သောက်နေမယ့်အစား လမ်းအနည်းငယ်လှျှောက်ကြည့်လိုက်ပါ။ စွမ်းအင်ခွန်အားများ ရောက်ရှိလာပါလိမ့်မည်။
ပျော်ရွှင်မှုကို ပေးစွမ်းနိူင်
လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် စိတ်ပျော်ရွှင်စေမှုကို ပေးစွမ်းနိူင်ခြင်းသည် အငြင်းပွားစရာ မလိုသောအချက် ဖြစ်ပါသည်။ လေ့လာချက်များအရ လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ကျရောဂါကုသခြင်း၌ ထိရောက်သော အချက်တစ်ချက်ဖြစ်သည်ကို တွေ့ရှိရပါသည်။ လမ်းလျှောက်ခြင်းဖြင့် စိတ်ခံစားမှုကောင်းမွန်စေသော ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါသည်။ ထိုစိတ်ခံစားမှုကောင်းမွန်စေသော အင်ဒိုဖင်းသည် စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုကို လျော့ကျစေနိူင်ပါသည်။
အကြုံပြုချက်
– တစ်နေ့လျှင် မိနစ် ၃၀ (သို့မဟုတ်) ၁၅ မိနစ် လမ်းလျှောက်ပေးပါ။
– လမ်းလျှောက်လှျှင် သင့်ရဲ့အနေအထားကို သက်တောင့်သက်တာထားပါ။ လက်ကို အရှေ့အနောက် လွှဲပြီး လျှောက်ပေးပါ။
– မနက်ခင်းစောစော လမ်းလျှောက်ပေးနိူင်လျှင် ပိုမိုကောင်းမွန်စေပါသည်။
Author: ဟိန်းဇာနည် (ဆေး – ၂); Healthcare Journal, (vol 8,no 8)