ဇီဝကတို့တတွေ တစ်ခါတစ်ရံ နားထဲက ပေါက်ပေါက်ဖောက်သလို တင်းနေသလို ခံစားဖူးပေမည်။ အဲ့သလို ခံစားနေရတာကို Popping Ears ဟု ခေါ်သည် ။ သူကဘာကြောင့်ဖြစ်ရတာလဲဆိုလျှင် မိမိ ရှိနေတဲ့ ပတ်ဝန်းကျင် (လေထုထဲ ၊လေထဲ ၊တောင်ပေါ် စသဖြင့်) ရှိလေဖိအားနှင့် Middleear လို့ ခေါ်တဲ့ အလယ်နားထဲရှိ လေဖိအားခြားနားခြင်းကြောင့် နားစည်မြှေးဖောင်းတင်းလာခြင်းကြောင့် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် အလယ်နားနှင့် နှာခေါင်း ၊လည်ချောင်းတို့ကိုယူစတေရှန်ပြွန်ဖြင့် ဆက်သွယ်ထားသည်။ထိုပြွန်ထဲသို့ လေအဝင်အထွက် ရှိနေသဖြင့် ပြင်ပရှိလေဖိအားနှင့်အလယ်နားရှိ လေဖိအား ကွာဟချက်ကိုထိန်းညှိပေးထားသည်။
ထိုဖိအားပြောင်းလဲသည့် အခြေအနေများ ဖြစ်သည့် တောင်တက်၊ တောင်ဆင်းခရီးများတွင်၊ လေယာဉ်စီးလျှင် ၊ရေငုပ်လျှင် Popping Ears ပိုခံစားရတတ်သည် ။အထူးသဖြင့် မွေးကင်းစ ကလေး များနှင့် ကလေးငယ်တို့တွင် ပိုခံစားရတတ်သည် ။အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် ယူစတေရှန် ပြွန် သေးပြီးကျဉ်းလို့ ဖြစ်သည်။
အများအားဖြင့် ဖိအားခြားနားမှုလျော့သွားသည့် အချိန် ၊တဖောက်ဖောက်နဲ့ ခံစားရပြီးနောက် ၃နာရီ မှ ၅နာရီ အတွင်းအလိုအလျောက်ပျောက်သွားတတ်သည် ။ လေယာဉ်အဆင်းအတက်မြန်နေချိန်တွင် ပီကေ ဝါးခြင်း ၊ သကြားလုံးငုံခြင်းဖြင့် သက်သာနိုင်ပေသည် (ထို့ကြောင့် တချို့လေကြောင်းလိုင်းများ တွင် သကြားလုံး ဝေခြင်းဖြစ်သည် ။)။ တံတွေးခဏခဏမျိုခြင်း နှင့် သမ်းဝေခြင်းကလည်း ဖိအားကို ပြန်ညှိပေးနိုင်သည် ။လေယာဉ်စီးတိုင်းထိုသို့ဖြစ်တတ်က နှာပွင့်ဆေး (Nasal Dec – Ongestants) များကို ကြိုတင် သောက်ထားနိုင်သည်။ အအေးမိ ၊နှာစေး ၊နှာခေါင်းပိတ်နေက နှာစေးပျောက်ဆေး (anti-histamine) များဖြစ်သည့် ဘာမီတွန်၊ စီတရင်းစသည့်တို့ကို သောက်ထားသင့်သည်။
လယာဉ်ခရီးသွားစဉ် မွေးကင်းစကလေးပါလျှင် မိခင်နို့( သို့ )နို့ဘူး (သို့) ရေတိုက်ပါ။ ချိုလိမ်လည်း တပ်ပေးထားနိုင်သည် ။ ကလေးငယ်များပါကသကြားလုံး ၊ရေ ၊အရည်တစ်မျိုးမျိုး တိုက်ပေးထား နိုင်သည် ။ နှာခေါင်းပိတ် ၊ နားပွင့်စေနည်းလည်းသုံးနိုင်သည်။
မည်သို့လုပ်မည်နည်းဆိုလျှင် နှာခေါင်းကို လက်မနှင့် လက်ညှိုးဖြင့်ဖိထားပါ။ နှာခေါင်းကို ပိတ်ထားစဉ် ပါးစပ်ဖြင့် ၄-၅ကြိမ်လောက် အသက်ရှူပါ။ ပြီးနောက် ပါးစပ်ရော နှာခေါင်းကိုပါ ပိတ်ထားပါ ။ ထို့နောက် နားပြန်ပွင့်သည်အထိ ညင်ညင်သာသာ နှာမှုတ်ထုတ်ပေးပါ ။ အရမ်းအားနှင့် မမှုတ်သင့်ပါ ။
AUTHOR – ခေတ်သစ် ဇီဝက