မအိပ်စက်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးများ

မအိပ်စက်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးများ

မအိပ်မနေ အသက်ရှည်ဆိုတဲ့ စာသားကလေးက ရှေးသီးချင်းတစ်ပုဒ်မှာကြားဖူးကြပါလိမ့်မယ်။ တကယ်ရော ဟုတ်ရဲ့လား ဆိုတာကတော့ မမှန်ပါလို့ဆိုရမှာပါ။

လုံလောက်သော အိပ်ချိန်မရှိခြင်းက လူတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ဆိုးကျိုးများလွန်းပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၈ မှ ၆၀ လူတစ်ယောက်အတွက် အနည်းဆုံးအိပ်ချိန်သည် တနေ့ ၇ နာရီရှိသင့်ပါတယ်။

လူငယ် ၃၅% သည် လုံလောက်သောအိပ်ချိန်မရရှိကြပါ။ အိပ်ရေးပျက်ခြင်းသည် ၂၄ နာရီအတွင်းဆိုးကျိုးဖြစ်ပါမယ်။

မအိပ်ဘဲ ဘယ်လောက်ကြာရှည်နေနိုင်မလဲ?

အိပ်ချိန်လိုအပ်ချက်သည် လူတစ်ယောက်နဲ့ တစ်ယောက်မတူညီပါ။ အသက်အရွယ်လိုက် ကွာခြားပါတယ်။ ကလေးငယ်များသည် လူကြီးများထက် အိပ်ချိန် ၂ ဆလိုအပ်ပါတယ်။ မအိပ်ဘဲနေလျှင် အသက်ဘယ်လောက်ရှည်မလဲ ဆိုတာကတော့မသေချာပါ။

ကိုယ်ခန္ဓာ လိုအပ်ချက်ပေါ်မူတည်၍ အိပ်ချိန်သည်လည်း လိုအပ်ပါတယ်။ ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များသည် လူကြီးများထက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာလိုအပ်ချက် ပိုများပါတယ်။

အိပ်ရေးပျက်ခြင်း အကျိုးဆက်သည် ကငေယ်များတွင် ပိုမိုဆိုးရွား၍ ကြာရှည်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့လက္ခဏာများမှာ

– နေ့ခင်းဘက် အိပ်ငိုက်ခြင်း လက္ခဏာများနှင့် အားအင်ကုန်ခမ်းခြင်း
– တက်ကြွခြင်း
– စိတ်စုစည်းမှု အားနည်းခြင်း
– စိတ်မငြိမ်ခြင်း
– အစာစားခြင်း၊ စိတ်များခြင်းနှင့် စိတ်ဂယောက်ကယက်ဖြစ်ခြင်း စသည်တို့ဖြစ်ပါတယ်။

အိပ်ရေးမဝခြင်းသည် အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါရှိသူများသည် ပိုမိုဆိုးရွားစေပါတယ်။

အိပ်ရေးမဝခြင်းသည် အသက်ထိခိုက်နိုင်ပါသလား?

အိပ်ရေးမဝခြင်းသည် မတော်တဆ အသက်ထိခိုက်မှု အန္တရာယ်ကို ပိုဖြစ်စေပါတယ်။ အိပ်ရေးမဝခြင်းသည် ယာဉ်အန္တရာယ်ထိခိုက်မှုကို ပိုဖြစ်စေနိုင်ပါတယ်။ သေနိုင်သော အိပ်ရေးမဝခြင်းသည် လူလတ်ပိုင်းလူငယ်များတွင် အဖြစ်များပါတယ်။

– အိပ်ရေးမဝခြင်း
– ကိုယ်အလေးချိန်ကျခြင်း
– အစာမစားခြင်း
– ကိုယ်ပူချိန်ပြောင်းလဲခြင်း စသည်တို့ဖြစ်ပါတယ်။

လူတစ်ယောက်သည် ၂၄ နာရီမအိပ်လျှင် ဖြစ်နိုင်သောလက္ခဏာများမှာ

– မူးမောခြင်း
– စိတ်မတည်ငြိမ်ခြင်း
– အာရုံမစိုက်ခြင်း
– စူးစိူက်မူနည်းခြင်း
– စိတ်ဖိဆီးမူများခြင်း
– ထိခိုက်မူအန္တရာယ်များခြင်းစသည်တို့ဖြစ်ပါတယ်။

လူတစ်ယောက် ၇၂ နာရီမအိပ်ရလျှင် ဖြစ်နိုင်သောလက္ခဏာများမှာ

– အိပ်ရေးမဝခြင်း လက္ခဏာများနှင့် အားအင်ကုန်ခမ်းခြင်းဖြစ်နိုင်ပါတယ်။

၃ ရက်ဆက်တိုက် မအိပ်ခြင်းသည် လူတစ်ယောက်ရဲ့ စိတ်နှင့် ကိုယ်ပါ ထိခိုက်ပါတယ်။ နှလုံးခုန်မြန်ခြင်းနှင့် အကောင်းမြင် စိတ်ဓာတ်လျော့ကျခြင်း စသည်တို့ဖြစ်ပါတယ်။

– အလွန်အမင်းအားအင်ကုန်ခမ်းခြင်း

– အလုပ်လုပ်ရန်ခက်ခဲခြင်း
– စိတ်ဓာတ်ကျခြင်း
– သည်းခံနိုင်မှုစွမ်းအင်လျော့နည်းခြင်း စသည်တို့ဖြစ်ပါတယ်။

အိပ်ရေးပျက်ခြင်းများလာပါက ရေရှည်ထိခိုက်မှုအနေဖြင့်
– လုပ်ကိုင်နိုင်မှုစွမ်းရည်မရှိခြင်း
– ဆက်ဆံရေးအဆင်မပြေခြင်း
– မတော်တဆထိခိုက်မူများခြင်း
– ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှေးခြင်းစသည်တို့ဖြစ်ပါတယ်။

ထို့ကြောင့် အိပ်ရေးမဝခြင်းသည် လူတစ်ယောက်အတွက် စိတ်ရော ကိုယ်ပါ ထိခိုက်ပြီး အသက်ရှည်ရှည်နေနိုင်မှုနှုန်းကို လျော့ကျစေပါတယ်။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ