အဆုတ်အားကောင်းစေသော နည်းလမ်းများ

အဆုတ်အားကောင်းစေသော နည်းလမ်းများ

တီဘီဆေး သောက်ပြီးသွားသောအခါ၊ အဆုတ်ထဲရေဝင်လို့ ထုတ်ထားသောအခါ၊ ဆေးလိပ်ကို ကြာရှည်စွာ သောက်သုံးမိသောအခါ၊ အဆုတ်ပြန်လည်ကျန်းမာစေရန် မည်သို့ ပြုမူနေထိုင်ရမလဲဆိုသော မေးခွန်းသည် အမြဲမေးလေ့ရှိသောမေးခွန်းပါ။

အဆုတ်သန့်စင်စေနိုင်သော သဘာဝနည်းလမ်းများ

အသက်ရှုလေ့ကျင့်ခန်းနှင့် နေထိုင်မူပုံစံပြောင်းလဲခြင်းသည် အဆုတ်ထဲက အချွဲများ ဖယ်ထုတ်ခြင်းနှင့် အသက်ရှုခြင်းကို ပိုမိုအားကောင်းစေနိုင်ပါတယ်။

(1) ရေနွေးငွေ့ရှုခြင်း

ရေနွေးငွေ့ရှုခြင်းသည် အဆုတ်လမ်းကြောင်းပွင့်စေပြီ အချွဲများ ပျော်စေပါတယ်။ အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်းသတိပြုမိတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ်။ ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ်။ ရေနွေးငွေ့ရှုခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှုလို့ ပိုကောင်းပါတယ်။ လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ရှုနေသောသူများသည် သိသာစွာ အသက်ရှုနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုနည်းလမ်းသည် ယာယီအထောက်အကူပြုပါတယ်။

(2) ချောင်းဟန့်စေခြင်း

ချောင်းဟန့်ခြင်းသည် ချွဲထဲရှိ မကောင်းသော အဆိပ်အတောက်များကို သဘာဝနည်းဖြင့် အပြင်ထုတ်ခြင်းဖြစ်ပါတယ်။ ချွဲပိတ်နေလျှင် ချောင်းဟန့်ထုတ်ပေးပါ။ လေပြွန်ကျဉ်းလူနာများသည် ချောင်းဟန့်ထုတ်သော နည်းလမ်းကို အသုံးပြုကာ အဆုတ်ကို ရှင်းလင်းပေးပါတယ်။

(3) အဆုတ်ထဲရှိ ချွဲများကို ထွက်စေခြင်း

လှဲလျောင်းသည့် ပုံစံအနေအထားပေါ်မူတည်၍ အဆုတ်ထဲရှိ ချွဲများထွက်အောင် ပြုလုပ်ပေးပါ။

(4) လေ့ကျင့်ခန်းလုပ်ခြင်း

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အထူးအထောက်အကူ ပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ်မှု ပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကြွက်သားများကို သန်စွမ်းစေကာ အသက်ရှုနှုန်းကို မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးလည်ပတ်မှုကောင်းစေသောကြောင့် မလိုလားအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုစွန့်ထုတ်ပေးပါတယ်။ မိမိလုပ်နိုင်သော လေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ကြွက်သားများသည် အောက်ဆီဂျင်ကို သုံးကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ပေးပါတယ်။ လေပြွန်ကျဉ်းလူနာများ၊ အဆုတ်ခဲလူနာများနှင့် ရင်ကျပ်သူများတွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် ရောဂါကို ရာခိုင်နှုန်း များများသက်သာစေပါတယ်။

(4) လက်ဖက်စိမ်း

လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ၎င်းဒြပ်ပေါင်းသည် အဆုတ်ကို အငွေ့အမှုန် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ တနေ့ လက်ဖက်စိမ်း ၂ ခွက်သောက်ခြင်းသည် အဆုတ်ပိုမိုအားကောင်းကြောင်း တွေ့ရှိရပါတယ်။

(5) အဆုတ်အားကောင်းစေသော အစာအစားများ

လေပြွန်ရောင်ရမ်းခြင်းသည် အသက်ရှုရန်ခက်ခဲစေပြီး အဆုတ်ကို ပိုမိုကြပ်စေပါတယ်။ အဆုတ်ရောင်ရမ်းမှု သက်သာစေသော အစာအစားများမှာ
– နနွင်း
– အစိမ်းရောင်ရှိသောအရွက်များ
– ချယ်ရီသီး၊ ဘယ်ရီသီး
– သံလွင်သီးနှင့် ပဲအမျိးမျိုး စားပေးပါ။

(6) အဆုတ်ကို ပုတ်ပေးပါ

အဆုတ်အတွင်းမှ ချွဲများဖယ်ရှားရန် အဆုတ်ကို ပုတ်ပေးပါ။ နားလည်တတ်ကျွမ်းသော ဆရာဝန်ဆီမှ သင်ယူပါ။ သင်လက်ကို ခွက်ပုံစံပြုလုပ်ကာ အဆုတ်နံရံများကို စည်းချက်ညီညီ နေရာအနှံ့ပုတ်ပေးပါ။ ထိုနည်းဖြင့် နာတာရှည်အိပ်ရာထဲလှဲနေရသော လူနာများအတွက် အဆုတ်အတွင်းမှ ချွဲများပျော်စေပါတယ်။

ဆေးလိပ်နှင့် ပတ်ဝန်းကျင်မှအငွေ့အမှုန်များသည် အဆုတ်ထဲသို့ ရောက်ကာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ အဆိုပါအဆိပ်များသည် ချွဲများတွင် ကပ်ညှိစေပါတယ်။ အသက်ရူလမ်းကြောင်း ကောင်းမွန်မှုသည် အဆုတ်ထဲတွင် အချွဲများမရှိခြင်းပေါ် မူတည်ပါတယ်။ ထို့ကြောင့် အထက်ပါနည်းလမ်းများ အသုံးပြုကာ အဆုတ်ထဲရှိ ချွဲများကင်းစင်ရန် ပြုလုပ်နိုင်ကြောင်း ရေးသားလိုက်ပါတယ်။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ