ဘရာစီယာ နေ့စဉ်လျော်ဖွတ်မဝတ်လျှင် ဖြစ်နိုင်သော အရာများ

ဘရာစီယာ နေ့စဉ်လျော်ဖွတ်မဝတ်လျှင် ဖြစ်နိုင်သော အရာများ

အလုပ်များသော အမျိုးသမီးများနှင့် သန့်ရှင်းမူအားနည်းသူများတွင် နေ့စဉ် ဘရာစီယာမလျော်ဘဲ ဝတ်လျှင်ဘာဖြစ်မလဲဆိုသော အကြောင်းအရာများက သိထားသင့်ပါတယ်။

ချွေးထွက်များသောသူများနှင့် အရေပြားမတည့်မူရှိနိုင်သောသူများတွင် ဘရာစီယာကို မလျော်ဘဲဝတ်မိပါက ဖြစ်နိုင်သောအချက်ခြောက်ချက်ရှိပါတယ်။

(1) ပိုးမွှားများ၊ အညစ်အကြေးများစုပြုံနေခြင်း

ဘက်တီးရီးယားများ၊ အဆီ၊ ချေးများ၊ လိုရှင်းများ၊ မမြင်နိုင်သောပိုးမွှားများ စသည့် အားလုံးသောအရာများသည် ဘရာစီယာတွင် ကပ်ငြိနေပါတယ်။ အချိန်ကြာမြင့်စွာ မလျော်ဖွတ်လျှင် အဆိုပါအရာများသည် သင်သတိမထားမိချိန်အတွင်း စုပြုံလာပါလိမ့်မယ်။ အဆိုပါအရာများသည် သာမန်အားဖြင့် စိုးရိမ်စရာမရှိဟု ထင်မှတ်နိုင်သော်လည်း စုပြုံများပြားလာသောအခါ အလွန်ဒုက္ခပေးနိုင်ပါတယ်။ ရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ ဥပမာ – ယားနာ

(2) အနံ့ဆိုးထွက်ခြင်း

အဝတ်များကို ပုံမှန်လျော်သော်လည်း ဘရာစီယာကို အထဲတွင်ရှိသောကြောင့် မလျော်မိသောအခါ သင့်ဘယ်လောက်ပဲ အနံ့ပျောက်ရန် ရေမွှေးဆွတ်သော်ငြားလည်း သင့်အနံ့သည် ထူးခြားစွာပြောင်းလဲကာ ချွေးများနှင့် ရောထွေးကာ အနံ့ထွက်နိုင်ပါတယ်။ အနံ့သည် အခြားအဝတ်များပါ ကူးစက်နံ့စေပါတယ်။ မိမိလုပ်ဖော်ကိုင်ဘက် သူငယ်ချင်းများက သတိထားမိလောက်အောင် အနံ့ပြင်းတတ်ပါတယ်။

(3) ဘရာစီယာအရောင်ပြောင်းခြင်း

ဆပ်ပြာမူန့်သည် အဝတ်များဖြူစင်ရန် အကောင်းဆုံးအရာပါ။ သို့သော် တာရှည် ဘရာစီယာမလျော်ခဲ့လျှင် ချွေးများ ချေးများဖြင့် မပြောင်းဘဲအရောင်ပြောင်းနိုင်ပါတယ်။

(4) အရေပြား ဝက်ခြံထွက်ခြင်း

အတွင်းခံအပြည့်ဝတ်သူများတွင် အဖြစ်များလေ့ရှိပါတယ်။ ချွေးထွက်ပြီး ဘရာစီယာလည်း နေ့စဉ်မလျော်ပါက အရေပြားတွင် ဝက်ခြံများပေါက်လာနိုင်ပါတယ်။ တင်းကျပ်ပြီး ချွေးထွက်များသော အတွင်းခံသည် ဝက်ခြံအဖြစ်များဆုံးဖြစ်စေပါတယ်။ အတွင်းခံကြပ်ထုတ်ပြီး ပွန်းရာပဲ့ရာများကြောင့် ဘက်တီးရီးယားပိုးများ ကပ်ငြိကာ ဝက်ခြံဖြစ်စေပါတယ်။ နံရိုးအပေါ်အရေပြားများတွင် တခါတရံအဖုအပိန့်တွေဖြစ်နေတတ်ပါတယ်။
အားကစားလုပ်သူများ ပိုမိုဂရုတစိုက်လျော်သင့်ပါတယ်။

(5) အနီကွက်ပေါ်ခြင်းနှင့် အရေပြားပိုး ကူးစက်ခြင်း

အဝတ်အစားများသည် အရေပြားယားယံစေနိုင်သော အဓိကအရာများဖြစ်ပါတယ်။ ချွေးများနှင့် အမြဲတစေရှိနေသော ဘရာစီယာသည် မိူရောဂါပိုးစိတ်ကြိုက်နေနိုင်သော နေရာဖြစ်လာနိုင်ပါတယ်။ အမြဲမလျော်ပါက မိူပိုးများသည် အရေပြားယားနာမျိုးစုံဖြစ်လာပြီး သာမန်ယားနာမှတဆင့် အရေပြားရောဂါထိ ဖြစ်နိုင်ချေရှိပါတယ်။ အလွန်အမင်းယာယံသောကြောင့် အမြဲတစေကုတ်နေရပြီး ရောဂါများလည်း ပိုမိုပွားစေပါတယ်။

(6) ရင်သားပွန်းပဲ့ခြင်း

ဘရာစီယာ နေ့စဉ်မလျော်ဘဲ တင်းကျပ်စွာ ဝတ်ဆင်ပါက ရင်သားများသည်လည်း ပွန်းရာများ ကျန်နိုင်ပါတယ်။ အထူးသဖြင့်နို့သီးခေါင်းသည် ပိုမိုယားယံစေနိုင်ပါတယ်။ ချွေးများမှတဆင့် ဘက်တီရီယားကို ပိုမိုဝင်လွယ်စေပြီး အမြဲတစေယားယံမူဖြစ်စေပါသည်။ ယားယံမူကြောင့် စိတ်ကသိကအောက်ဖြစ်ခြင်း၊ ကုတ်ဖဲ့သောကြောင့်ဒဏ်ရာဒဏ်ချက်များ များလာစေပါတယ်။

ထို့ကြောင့်တကိုယ်ရည် သန့်ရှင်းမူသည် လူတိုင်းအတွက်အရေးကြီးပါတယ်။ အမျိုးသမီးများအဖို့ ဘရာစီယာ နေ့စဉ်လျော်ဖွတ်ရန်သည် အထူးအရေးကြီးပါတယ်။ အောက်ခံမမြင်နိုင်သော အခြေအနေဟုဆိုသော်ငြားလဲ အရေပြားရောဂါကို အဓိကသယ်ဆောင်ပေးသောအရာဟု ဆိုနိုင်ပါတယ်။ ထို့ကြောင့် ဘရာစီယာကို အမြဲသေချာလျော်ဖွတ်သင့်ပါတယ်။

Dr. Kyaw

ဆက်စပ် ဆောင်းပါးများ