နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးမီ ကြိုတင်သိရှိထားသင့်သော အချက် (၅) ချက်

နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးမီ ကြိုတင်သိရှိထားသင့်သော အချက် (၅) ချက်

ဤဆောင်းပါးအား Tetra Pak မှ ပံ့ပိုးကူညီပေးထားပါသည်။

သင့်အနေနှင့် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးဖို့ ရွေးချယ်ဝယ်ယူရာမှာ မိမိကိုယ်ကို ပြန်လည် မေးမြန်းသင့်တာက – ဒီထုတ်ကုန်တွေ ဟာသင်နှင့်သင်ချစ်မြတ်နိုးရသူတွေအတွက် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးကောင်းတွေ ပေးနိုင်သလား၊၊ ဒီထုတ်ကုန်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး စားသုံးဖို့စိတ်ချယုံကြည်ရသလား ဆိုတဲ့ မေးခွန်းတွေပါ။ မြန်မာနိုင်ငံမှာတော့ “စိတ်ချယုံကြည်ရတဲ့ စားသောက်ကုန်” ဆိုတဲ့ စံညီစံနှုန်းသတ်မှတ်ချက်နှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုနည်းပါးနေခြင်းဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ အစားအသောက်တွေ၊ အထူးသဖြင့် ထုတ်လုပ်တဲ့ နေရာအတိအကျမသိရခြင်း၊ တစ်ခါတစ်ရံမှာ အရောအနှောများပါဝင်ခြင်း ၊မမှန်ကန်သောနည်းလမ်းများနှင့် ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း စသည်တို့ကြောင့်အစားအသောက်တွေမှာသင့် ကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေကို ဘယ်လိုအကောင်းဆုံး ရွေးချယ်စား သုံးသင့်တယ်ဆိုတာကို ဝေမျှပေးပါရစေ။

၁။ စားသောက်ကုန်ရဲ့ ယုံကြည်စိတ်ချရမှုဟာ အဓိကအရေးအကြီးဆုံးဖြစ်

အရည်အသွေးစိတ်မချရတဲ့ စားသောက်ကုန်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော် ဖြစ်စေနိုင်တယ်ဆိုတာသင်သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရ မသန့်ရှင်းတဲ့ (သို့) ပုပ်သိုးနေတဲ့ အစားအသောက်များမှာ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ကပ်ပါးကောင်တွေနှင့်ဓာတုပစ္စည်းတွေပါဝင်ပြီး၊ နှစ်စဉ်နှစ်တိုင်း လူဦး ရေ၄၂၀,၀၀၀အထိ သေဆုံးစေကြောင်းသိရပါတယ်။ ဒါကြောင့် အစားအသောက် ယုံကြည်စိတ်ချရမှုဟာ လူသားအားလုံး ဂရုတစိုက်ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်လို့လာပါတယ်။ ကျွန်ုပ်တို့ရဲ့ အစားအသောက်ပုံစံဟာ ကျွန်ပ်တို့ရဲ့နေ့စဉ်ဘဝနှင့် တိုက်ရိုက်အချိုးကျပြီး အစားအသောက်ဟာ ကျွန်ုပ်တို့ကို ကျန်းမာပျော်ရွှင်စေတဲ့ ဘဝ ကိုပိုင်ဆိုင်စေဖို့ အထောက်အပံ့ကောင်းများပဲ ဖြစ်နေစေသင့်ပါတယ်။

၂။ နေရာတိုင်းမှာရှိတဲ့ ဘတ်တီးရီးယားများ

အခု သင့်လက်တွေမှာ၊ သင့်ဖုန်းမှာ နောက်ပြီး သင့်ဝန်းကျင်မှာ ဘတ်တီးရီးယားတွေကပ်တွယ်နေပါတယ်။ ဒါကို သာမန်မျက်စိနှင့် မမြင်နိုင် ပေမယ့် အလွန်သေးငယ်တဲ့ဒီပိုးမွှားတွေဟာ ကျွန်ုပ်တို့အနားမှာပဲ ရှိနေပါတယ်။ သင်အရမ်းကိုကြိုက်နှစ်သက်တဲ့လမ်းဘေးဆိုင်က အစားအသောက်တွေ၊ လမ်းဘေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ကပ်ပါလာတတ်ပါတယ်။ သင်သတိမထားမိခင်လေးမှာဘဲ အချို့သော ဘတ်တီးရီးယားတွေကြောင့် သင်ဖျားနာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီဆောင်းပါးမှာ သင်ဘယ်လို ဘတ်တီးရီးယားကင်းတဲ့ အစားအသောက်တွေကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို ဖော်ပြပေးသွားဦးမှာမို့ ဆက်လက်ဖတ်ရှုပေးပါဦး။

၃။ UHT နို့ထွက်ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသင့်

UHT ဆိုတာဘာလဲ? UHT ဆိုတာ Ultra-High Temperature ဖြစ်ပါတယ်။ သင့်အနေနှင့် နို့ကျိုချက်ရာမှာ သာမန်ဆူပွက်ရုံအပူချိန်ထားရှိခြင်းဟာ မလုံလောက်သေးပါဘူး။ UHT နို့ထွက်ထုတ်ကုန်တွေကို စက်ရုံထဲမှာ အလွန်မြင့်မားတဲ့အပူချိန်နဲ့ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း ကျိုချက်သန့်စင်ကာ ယင်းအချိန်တိုအတွင်းမှာ ဘတ်တီးရီးယားပိုးများကို သတ်ပြီး နွားနို့ရဲ့ အာဟာရနှင့် ကျန်းမာရေးအကျိုးတွေအားလုံးကို ပါဝင်အောင် ဆက်လက်ထိန်းသိမ်းပေးပါတယ်။ UHT နို့ထွက်ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် သင့်အနေနှင့် ကောင်းမွန်စွာ ကျိုချက်ထုတ်လုပ်ထားပြီး ကျန်းမာရေးအတွက်သင့်တော် စိတ်ချရတဲ့ ထုတ်ကုန်များကို စားသုံးနိုင်မှာဖြစ်ပါတယ်။

၄။ အဆန်းသစ်ဆုံး စက္ကူဘူးခွံထုတ်ပိုးမှု၏ ကောင်းကျိုးများ

နို့ထွက်ပစ္စည်းများကို ကျိုချက်ထုတ်လုပ်ခြင်းသာမက ထုတ်ပိုးသိုလှောင်ခြင်းကလည်း ၎င်းထုတ်ကုန်များရဲ့ ယုံကြည်စိတ်ချရမှုအတွက် အရေးပါတဲ့ အဆင့်များပဲဖြစ်ပါတယ်။ ထုတ်ကုန်ရဲ့ ထုတ်ပိုးမှုကို အဓိကထားရွေးချယ်မယ်ဆိုရင်တော့ စက္ကူးဘူးခွံဖြင့် ထုတ်ပိုးမှုဟာ အကောင်းဆုံးနှင့် အလုံခြုံဆုံးပဲဖြစ်ပါတယ်။ Tetra Pak ဟာ အစားအသောက်ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှု ဝန်ဆောင်မှုများကို ပေးနေသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးဖြစ်ပြီး၊ နေရာတိုင်းမှာ စိတ်ချယုံကြည်ရတဲ့အစားအသောက်များ အလွယ်တကူရရှိနိုင်စေရေးအတွက် ရာနှုန်းပြည့် အလင်းရောင်၊ အောက်စီဂျင်နှင့် ဘတ်တီးရီးယားတို့မှကာကွယ်ပေးတဲ့ ပိုးမွှားကင်းသော ကတ်ထူစက္ကူ အလွှာ ၆ လွှာပါဝင်တဲ့ ဘူးများကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ယင်း စက္ကူဘူးများဖြင့်ထုတ်ပိုးထားသော နို့ထွက်ကုန်များကို အအေးခန်းအတွင်းသိမ်းဆည်းရန်မ လိုဘဲ ထားရှိနိုင်တာကြောင့် အလွန်အဆင်ပြေစေပါတယ်။

စက္ကူဘူးခွံနှင့် ထုတ်ပိုးထားတဲ့ UHT နို့ထွက်ထုတ်ကုန်တွေကို ဘယ်လိုရှာဖွေဝယ်ယူနိုင်သလဲ။

ဒါကတော့အရမ်းကို လွယ်ကူပါတယ် Tetra Pak ကနေထုတ်လုပ်တဲ့ နို့ထွက်ထုတ်ကုန်မရှိပေမယ့် Vito၊ Alpine နို့ထွက်ပစ္စည်းများ (သို့) Cowhead အစရှိတဲ့ သင်ကြိုက်နှစ်သက်ရာ ထုတ်ကုန်များမှာ Tetra Pak အမှတ်တံဆိပ်ကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ Tetra Pak အမှတ်အသားပါရင်တော့အာဟာရပြည့်ဝစွာ ထုတ်ပိုးထားတဲ့ ထုတ်ကုန်ကို အပြည့်အဝယုံကြည်စွာ သောက်သုံးနိုင်ပြီပေါ့။

၅။ တာရှည်ခံအောင် အအေးခံ သိုလှောင်ထားရန်မလို

UHT နို့ထွက်ကုန်တွေဟာ မဖွင့်ရသေးမီအခြေအနေမှာ စူပါမားကတ်တွေရဲ့ စင်တွေပေါ်မှာ အချိန်ကာလကြာမြင့်အထားခံတာကို သင်သတိထားမိပါလိမ့်မယ်။ UHT နို့ထွက်ထုတ်ကုန်များကို ဘတ်တီးရီးယားကင်းစင်တဲ့ စက္ကူဘူးနှင့် ထုတ်ပိုးထားတာကြောင့် မပုပ်မသိုးဘဲ လပေါင်းများစွာ သိုလှောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ဒီဘတ်တီးရီးယားကင်းစင်တဲ့ aseptic packaging ထုတ်ကုန်များကို အအေးခန်းတွင် သိုလှောင်စရာမလိုအပ်တာကြောင့် ခရီးသွားရင်းသယ်ဆောင်သွားရင်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲ ဖြစ်ဖြစ်၊ ရုံးသွား၊ကျောင်းသွားရာမှာ ယူဆောင်သွားရင်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို UHT နို့ထုတ်ကုန်များဟာ အမြဲ လတ်ဆတ်ပြီး အာဟာရပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်။

အစားအသောက် ယုံကြည်စိတ်ချရမှုနှင့် UHT နွားနို့ထုတ်ကုန်များအကြောင်း ပိုမိုသိရှိလိုပါသလား။ Tetra Pak မှ လာမယ့် ဖေဖော်ဝါရီ ၂၄ရက်မှာ သင်နှင့် သင့် မိသားစု မိတ်ဆွေတွေအတွက် UHT နို့ထွက်ပစ္စည်းတွေအကြောင်းပညာပေးလှုပ်ရှားမှုတွေပါဝင်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ခုကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ပါဝင်ကြမယ့် နိုင်ငံကျော်အနုပညာရှင်တွေနှင့် ပွဲအစီအစဉ်တွေကို Tetra Pak Myanmar Facebook စာမျက်နှာ မှာ ကြေညာပေးသွားမှာမို့ဆက်လက်စောင့်ကြည့်နိုင်ပါတယ်။ သင်ဟာ အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးတတ်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ပွဲတစ်ခုပါပဲ။