ရေနွေးပူပူသောက်တာ ကောင်းသလား ဆိုးသလား

ရေနွေးပူပူသောက်တာ ကောင်းသလား ဆိုးသလား

အေးချမ်းလွန်းတဲ့ဆောင်းရာသီမှာ ရေနွေးပူပူတစ်ခွက်သောက်ချလိုက်လျှင် နွေးထွေးမူဖြစ်စေမှာအမှန်ပါ။ရေပူတစ်ခွက်သောက်ချလိုက်လို့ ကောင်းကျိုးများဖြစ်သည်ဟု လက်ခံထားကြသော်လည်း ဆိုးကျိုးများလည်း ရှိသေးသည်ကို သင်သတိထားမိပါသလား။
ရေနွေးပူတစ်ခွက်သည် တကယ်ပင်ဆိုးကျိုးဖြစ်စေသလား?ပြင်းထန်သောဆိုးကျိုးလား?အောက်ပါတို့ကိုဖတ်ကြည့်လိုက်ပါ။

(1)ရေဓာတ်ပြည့်ဝရန်သည် ကိုယ်ခန္ဓာအတွက် အထူးအရေးပါခြင်း

ရေသည် အသက်ရှည်ဆေးတစ်ပါးပါ။လူကိုယ်ခန္ဓာရဲ့ ၇၀ရာခိုင်နူန်းသည် ရေဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ရေသည် အင်္ဂါအစ်တ်အပိုင်းအားလုံးကို ရေဓာတ်ပြည့်ဝကာတပြေးညီလုပ်ဆောင်မူဖြစ်စေပါတယ်။တနေ့လျှင် ရေ ၈ခွက်သောပ်ရန်လိုအပ်ပါတယ်။ရေများများသောက်လျှင်လည်း အန္တရာယ်ဖြစ်စေပါတယ်။ထို့ကြောင့် ရေဓာတ်ပြည့်ဝရန် ရေပူအလုံအလောက်မသောက်နိုင်ကြပါ။ရိုးရိုးရေသာ သောက်နိုင်ပါတယ်။

(2)ရေပူတွင် အနည်ပါဝင်မူများပါတယ်

အများအားဖြင့်ရေနွေးအိုးတည်လျှင် ဘုံဘိုင်ပိုက်ခေါင်းမှရေကိုကျိုချက်လေ့ရှိပါတယ်။အဆိုပါ ပိုက်များသည် အိုဟောင်းချေးတက်လေ့ရှိပြီး ခဲဆိပ်သင့်ရန်အခွင့်အလမ်းများပါတယ်။အနည်များသည် ပျော်ဝင်သွားပြီး ရေအေးထက်ရေပူက ပါဝင်နုန်းများပါတယ်။ထို့ကြောင့်ရေပူကိုချက်ချင်းမသုံးဘဲ အချိန်တခုထိစောင့် အနည်ကျမှ သုံးသင့်ပါတယ်။

(3)ရေပူသည်အရေပြားအပူလောင်စေခြင်း

ရေပူကို ချက်ချင်းမော့သောက်လျှင် နူတ်ခမ်းနှင့်ပါးစပ်အတွင်း အပူလောင်တတ်ပါတယ်။အသေးစားအပူလောင်မူဖြစ်စေပါတယ်။ထို့ကြောင့် ရေပူအနည်းငယ်ကိုသာ မြည်းစမ်းသောက်ပြီး အပူချိန်ကို ထိန်းညှိပါ။

(4)ရေပူကြောင့်အတွင်းသားနံရံဒဏ်ရာရစေခြင်း

ရေပူကြောင့် ပါးစပ်အတွင်းအရည်ကြည်ဖုထခြင်းနှင့် အူသိမ်နှင့်အစာခြေလမ်းကြောင်း နံရံများထိခိုက်စေပါတယ်။

(5)ရေပူသောက်ခြင်းနှင့်ရေငတ်ခြင်း

ရေငတ်ခြင်းမရှိဘဲရေပူအများကြီးသောက်မိပါက သင့်ကိုယ်ထဲရှိလိုအပ်တဲ့ပမာဏများနိုင်ပါတယ်။ရေကို ပမာဏအလွန်အကြူးသောက်ပါက ဦးနှောက်ဆဲလ်များရောင်ခြင်းနှင့်အခြားဆိုးကျိုးများရရှိနိုင်ပါတယ်။

(6)အိပ်ရေးမဝခြင်း

ရေပူကို မလ်ုအပ်ဘဲအများကြီးသောက်မိပါက ဆီးခဏခဏသွားကာ အိပ်ရေးပျက်စေပါတယ်။

(7)ကျောက်ကပ်ပျက်ဆီးနိုင်ခြင်း

ကျောက်ကပ်သည် ကိုယ်ခန္ဓာမှအညစ်အကြေးစွန့်ထုတ်ပေးသောအရာဖြစ်ပါတယ်။ရေပူမးလိုအပ်တာထက်ပိုသောက်သောအခါ စစ်ထုတ်ခြင်းပျက်ဆီးကာအဆိပ်အတောက်များစေပါတယ်။ရေသောက်ခြင်းသည် ကျောက်ကပ်အတွက်ကောင်းသော်လည်း လိုအပ်တာထက်ပိုများလျှင် မကောင်းစေနိုင်ပါ။

(8)သွေးပမာဏပေါ်သက်ရောက်ခြင်း
ရေအလွန်အကြူးသောက်ခြင်းသည် ကိုယ်တွင်းသွေးပမာဏအပေါ်သက်ရောက်မူရှိပါတယ်။သွေးလှည့်ပတ်မူသည် သင့်သွေးကြောနှင့်နှလုံးကို မလိုလားအပ်သောဖိအားသက်ရောက်စေပါတယ်။

(9)သက်စောင့်ဓာတ်များအပေါ်သက်ရောက်ခြင်း
ရေပိုသောက်ခြင်းသည် သွေးထဲက သက်စောင့်ဓာတ်များသည် ဆဲလ်ထဲကထက် ပိုမိုပျော်ဝင်လွယ်ပါတယ်။ထို့ကြောင့် ဆေဲလ်များဖောင်းစေပြီး ဦးနောက်အတွင်း ခေါင်းကိုက်ခြင်းနှင်အြခြားပြဿနာများဖြစ်စေပါတယ်။

ဆက်စပ် ဆောင်းပါးများ