ကြက်ဥတစ်နေ့ တစ်လုံးနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း

ကြက်ဥတစ်နေ့ တစ်လုံးနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း

ကြက်ဥရဲ့အနှစ်မှာ ကိုလက်စထေရာလို့ခေါ်တဲ့ အဆီဓာတ်အများကြီးပါဝင်ပါတယ်။ ဒီ ကိုလက်စထေရာဟာ ကျန်းမာရေးအတွက်မေကာင်းဘူးဆိုတာကို တော်တော်ျမားျမားသိရွိထားကြပါလိမ့်မယ်။ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ ကြက်ဥမှာ ကိုလက်စထေရာပဲပါတာ မဟုတ်ပါဘူး။ လူကိုအကျိုးပြုတဲ့ ပရိုတိန်း ဗီတာမင်စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်တွေအရ ကြက်ဥနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ( ဥပမာ လေဖြတ်ခြင်း ဦးနှောက်သွေးကြောပေါက်ခြင်း) ဟာ ဘာစပ်ဆက်မှုမှမရှိဘူးလို့ဆိုပါတယ်။

၂၀၁၃ ခုနှစ်လောက်က လေ့လာမှုတခုမှာ ကြက်ဥတေန့တလုံးစားရုံနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေ မမြင့်တတ်စေဘူးလို့ ဆိုခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက American Journal of Clinical Nutrition မှာ ဖော်ပြခဲ့တဲ့စာတမ်းတခုမှာတော့ တစ်ပတ်ကို ကြက်ဥ ၁၂ လုံးစားလည်း ဒီရောဂါဖြစ်နိုင်မှု မများစေဘူးဟု ပါဝင်ပါတယ်။ အဲ့ဒါတွေထက် ထူးခြားတာကေတာ့ ခုနောက်ဆုံးတရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပါပဲ။ တကယ်တော့ ၂၀၀၄ ခုနှစ်ကတည်းက စခဲ့တယ်လို့ ပြောရပါမယ်။ ဒီလိုပါ။

၂၀၀၄ ကေန ၂၀၀၈ အထိအတွင်း လူအေယာက်ပေါင်း ၄ သိန်းကျော်ကို စာရင်းပြုစုခဲ့ပါတယ်။ သူတို့အားလုံးက နှလုံးသွေးတိုးဆီးချိုစတာတွေ ကင်းစင်တဲ့သူတွေပါ။ သူတို့ကို ကြက်ဥစားတဲ့နှုန်းတွေကို မေးကြည့်ပါတယ်။ ၁၃ ရာခိုင်နှုန်းကျော်ကျော်က နေ့တိုင်းစားပြီး  ၉ ရာခိုင်နှုန်းလောက်က တစ်ခါတစ်လေ ဒါမှမဟုတ် လုံးဝမစားသူများ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကိုးနှစ်နီးပါး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အဲဒီ ကိုးနှစ်အတွင်းမှာ အဆိုပါ လူလေးသိန်းထဲက ရှစ်သောင်းနီးပါးလောက်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားကြရပြီး တစ်သောင်းလာက် အဆိုပါရောဂါတွေနဲ့ သေပါတယ်။ ဒီအထဲမှာ ကြက်ဥပုံမှန်စားသုံးသူတွေ ပါဝင်မှုအေတာ်နည်းတာတွေ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက တွက်ချက်မှုပြုလုပ်ပြီး  ဒီလိုကောက်ချက်ချခဲ့ပါတယ်။

” တေန့ကို ကြက်ဥတစ်လုံးစားပေးခြင်းဟာ ဦးနှောက်သွေးကြောပေါက်မှုဖြစ်နိုင်ချေကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါတယ်။ ဦးနှောက်သွေးကြောပြတ်ခြင်းကြောင့် သေဆုံးမှုတွေကိုလည်း ၂၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသတဲ့။ ”

နေ့စဉ်ကြက်ဥစားသူတွေဟာ မစားတဲ့သူတွေထက်ပိုပြီးတော့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေ နည်းပါးပါတယ်လို့ ဒီသုတေသနကဆိုပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေအရေလ့လာစောင့်ကြည့်မှုမျိုး (Observational Study) ဖြစ်တာကြောင့် ကြက်ဥတလုံးနေ့စဉ်စားရုံနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုတွေကို ဘယ်လိုလျော့ကျစေသလဲဆိုတာအတွက်တော့ အဖြေမရှိသေးပါဘူး။ လေ့လာမှုတွေတော့ ဆက်လုပ်ဖို့ လိုအပ်ပါဦးမယ်။

Reference: Medical News Today

Dr.KG

ဆက်စပ် ဆောင်းပါးများ