လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက် 

လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက်

အခုခေတ်ဟာ လက်ကိုင်ဖုန်းတွေပေါလာပြီး လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်နိုင်လာကြပါတယ်။

လက်ကိုင်ဖုန်းနဲ့ဖုန်းပြောတာအပြင် အင်တာနက်သုံးတာ သီချင်းနားထောင်တာ ဗွီဒီယိုကြည့်တာ ဂိမ်းဆော့တာ စသဖြင့် အများကြီးသုံးလို့ရတဲ့အတွက် လက်ကိုင်ဖုန်းဟာ ကျွန်တော်တို့ဘယ်သွားသွားယူသွားရတဲ့ အရေးပါပစ္စည်းတခုဖြစ်လာပါတယ်။

ဒီလိုယူသွားတဲ့အခါမှာ ဆောင်ရ ရှောင်ရမယ့်အချက်အချို့ရှိပါတယ်။အဲ့ဒါတွေကတော့

၁။လက်ကိုင်ဖုန်းတွေကို ဘောင်းဘီအိတ်ထောင်ထဲထည့်ယူသွားတာ၊အတွင်းခံအကျီထဲထည့်ယူသွားတာမျိုးကိုရှောင်ပါ။

ယောက်ျားလေးတွေအများစုဟာ လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထောင်ထဲထည့်လေ့ရှိပါတယ်။

လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထောင်ထဲထည့်တဲ့အခါ ရေရှည်မှာ လက်ကိုင်ဖုန်းကနေ ဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် သုတ်ကောင်တွေသေနိုင်ပြီး မျိုးအောင်နိုင်စွမ်းကျဆင်းလာနိုင်ပါတယ်။

ဝိုင်ဖိုင်ဖွင့်ရက်တန်းလန်း၊အင်တာနက်သုံးရင်းတန်းလန်း၊ဂိမ်းဆော့ရင်းတန်းလန်းထည့်မိတဲ့အခါမျိုးတွေမှာဆိုရင် ဖုန်းကတအားပူနေပြီး ဓါတ်ရောင်ခြည်ဖြာထွက်နှုန်းဟာ ပိုမြင့်နိုင်တာကြောင့် ကြာရင် ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။

တချို့အမျိုးသမီးတွေဆိုရင် အဝတ်အစားတွေကအိပ်ထောင်မပါတာမျိုးဝတ်တဲ့အခါ လက်ကိုင်ဖုန်းကို အတွင်းခံအကျီထဲထည့်ထားတာမျိုးလုပ်တတ်ကြပါတယ်။

အဲ့အခါ လက်ကိုင်ဖုန်းကနေ ဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် ရေရှည်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများလာနိုင်ပါတယ်။

ဒါကြောင့် လက်ကိုင်ဖုန်းတွေကို ဘောင်းဘီအိတ်ထဲထည့်တာ၊အတွင်းခံအကျီထဲထည့်တာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။

လက်ကိုင်ဖုန်းတွေကို လက်ကိုင်ဖုန်းထည့်အိတ်လေးနဲ့ထည့်ပြီး အမျိုးသားတွေဆိုရင် အကျီအိတ်ထောင်ထဲထည့်တာ အမျိုးသမီးတွေဆိုရင် လက်ကိုင်အိတ်ထဲထည့်တာ ဘေးအကင်းဆုံးပါ။

၂။ လက်ကိုင်ဖုန်းတွေကို အိမ်သာ၊ရေချိုခန်းထဲယူသွားပြီးသုံးတာမျိုးကိုလည်းရှောင်ပါ။

အဘယ်ကြောင့်ဆိုသော အိမ်သာ၊ရေချိုးခန်းတွေထဲမှာ စိုထိုင်းဆများပြီး ဘက်တီးရီးယားတွေဟာ အရမ်းများတဲ့အတွက်ကြောင့်ပါ။အိမ်သာရေချိုးခန်းထဲလက်ကိုင်ဖုန်းယူသွားတဲ့အခါဖုန်းမှာ ဘက်တီးရီးယားတွေဟာ ကပ်ငြိပါလာကာ ဖုန်းပြောတဲ့အခါမှာ ဖုန်းမှာကပ်ပါလာတဲ့ဘက်တီးရီးယားပိုးတွေက လူကိုဝင်ရောက်ကူးစက်ပြီး နာမကျန်းဖြစ်စေနိုင်ပါတယ်။

၃။လက်ကိုင်ဖုန်းတွေကို ကားရပ်တဲ့အခါ ကားထဲထားခဲ့တာမျိုးတွေကိုရှောင်ပါ။

တချို့တွေက ကားရပ်ပြီး ဈေးဝယ်တာလုပ်တဲ့အခါမှာ ဖုန်းကို ကားထဲသတိမေ့ထားခဲ့တာ သို့မဟုတ် ယူသွားရမှာရှုပ်လို့ ကားဒက်ရှ်ဘုတ်ပေါ်တင်ထားခဲ့မိတာမျိုးဖြစ်တတ်ပါတယ်။

အဲ့အခါမှာ ကားကမှန်တွေအကုန်တင်ထားတဲ့အတွက် ကားထဲကအပူချိန်မြင့်တက်လာပြီး လက်ကိုင်ဖုန်းကလည်းအပူလွန်ကဲတတ်ပါတယ်။

အထူးသဖြင့် ကားရပ်ထားတာက နေရောင်ကျတဲ့နေရာဖြစ်နေပါက အပူလွန်ကဲပြီး ပေါက်ကွဲကာ ကားမီးလောင်တာမျိုးတွေပါဖြစ်နိုင်ပါတယ်။

၄။လက်ကိုင်ဖုန်းကို တညလုံးအားသွင်းလျက်တန်းလန်း ထားတာမျိုးကိုရှောင်ပါ။

တချို့သူတွေဟာ လက်ကိုင်ဖုန်းကို ညမှာအားသွင်းပြီး တညလုံးအားသွင်းကြိုးကိုမဖြုတ်ဘဲထားတာမျိုးရှိပါတယ်။

မေ့ပြီးအိပ်ပျော်သွားတာလည်းဖြစ်နိုင်သလို တချို့ကလည်း ကြာကြာသွင်းလေကြာကြာသုံးလို့ရလေလို့ထင်ပြီး ထားတာမျိုးလည်းရှိပါတယ်။

တကယ်တော့ ဘယ်အချိန်မှာအားသွင်းသွင်း ဖုန်းကို ၁၀၀ရာခိုင်နှုန်းပြည့်တဲ့ထိအားမသွင်းသင့်ပါ။၉၀ရာနှုန်းလောက်ပြည့်ပြီဆိုရင်ကို ဖြုတ်ထားသင့်တယ်လို့ လက်ကိုင်ဖုန်းကုမ္ပဏီတွေကပြောထားပါတယ်။

အားအပြည့်သွင်းရင် သို့မဟုတ် အားပြည့်သော်လည်း မဖြုတ်ဘဲထားပါက ဘက်ထရီခဏလေးနဲ့ပျက်စီးနိုင်ပါတယ်။ဒါ့အပြင် အပူလွန်ကဲပြီး ဖုန်းပေါက်ကွဲကာ မီးလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

၅။အားသွင်းရင်းတန်းလန်းနဲ့ဖုန်းပြောတာ၊ဂိမ်းဆော့တာ ဖုန်းဘထ္ထရီအရမ်းအားနည်းနေချိန်မှာ ဖုန်းပြောတာတွေကိုရှောင်ပါ။

အဲ့အချိန်တွေမှာဆိုရင် ဖုန်းအပူချိန်မြင့်တက်ပြီး ဓါတ်ရောင်ခြည်ဖြာထွက်မှုကလည်းများတဲ့အတွက် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပိုဖြစ်နိုင်ပါတယ်။

၆။ဖုန်းကိုအိပ်ရာပေါ်ယူသွားပြီးမအိပ်ခင်ဖုန်းသုံးတာ၊ခေါင်းရင်းမှာထားအိပ်တာမျိုးတွေရှောင်ပါ။

အိပ်ခါနီးဖုန်းသုံးတဲ့အခါမှာ လက်ကိုင်ဖုန်းမျက်နှာပြင်ကထွက်တဲ့အပြာရောင်လှိုင်းတွေဟာ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းထွက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။အဲ့အခါမှာ ကောင်းကောင်းအိပ်မပျော်တာ၊အိပ်ရေးမဝတာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင်ဖုန်းကိုခေါင်းရင်းမှာထားအိပ်တဲ့အခါမှာလည်း ဖုန်းကထွက်တဲ့ ဓါတ်ရောင်ခြည်လှိုင်းတွေကြောင့် ကြာရင်ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ