အဆီများများစားတာဟာ သွေးထဲက ကိုလက်စတောအဆင့်ဆင့်တွေကို မြင့်မားစေပြီး သွေးလွှတ် ကြောတွေ ပိတ်ဆို့ပြီး နှလုံးရောဂါ ဖြစ်လာစေနိုင်တယ်။
အမှန်
အဆီပါတဲ့ ဘာအစားအစာမဆို မကောင်းဘူး၊ ရှောင်ကြဉ်သင့်တယ်လို့ လူတွေက ထင်မှတ် တတ်ကြသည်။
ဒီအတွေးအခေါ်ကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အလုပ်သေသေချာချာ လုပ်နိုင်ဖို့ ကျွနု်ပ်တို့ ခန္ဓာကိုယ် ဟာ အဆီအချို့လိုအပ်တယ်။
ဥပမာ- အဆီပျော်ဝင်နိုင်တဲ့ ဗိုက်တာမင် အေ၊ ဒီ၊ အီးနဲ့ ကေတွေ ဆီးတားဒဏ်ခံပေးခြင်းနဲ့ သယ်ယူ ပို့ဆောင်ပေးခြင်းတို့ကို အဆီက အထောက်အကူပြုတယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ အဆီအက်စစ် အိုမီကာ ၃ နဲ့ အိုမီက ၆ တို့လို အဆီမျိုးကို အစားအသောက်ဆီမှ ရရှိဖို့လိုအပ်တယ်။ အစားအသောက်ထဲမှာ တော်ရုံတန်ရုံ အဆီပါခြင်း၊ အထူးသဖြင့် အဆီအက်စစ်နဲ့ အိုမီကာ ၃ အဆီအက်စစ်တို့ဟာ ကျန်းမာရေးအတွက် အကျိုးရှိတာကို တွေ့ရှိရတယ်။
အကြုံပြုချက်
စားသုံးတဲ့ ဆီရဲ့ အရည်အသွေးကို လူတွေအာရုံစူးစိုက်သင့်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီ နဲ့ချက်ထားတဲ့ တရုတ်အစားအစာတွေကို စားပါ။ နေကြာနဲ့ ဆိုရာ ပဲဆီက နိုလာနဲ့ သံလွင်ဆီတို့ကို စားသုံးခြင်းဖြင့် သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့စေတယ်။
အသေအချာ ကြော်ထားတဲ့ အစားအစာ စားချင်ရင်တော့ အိမ်မှာ ဆီသန့်နဲ့ ရက်သတ္တပတ်လောက်သာ ချက်စားပြီး ကျန်တဲ့ အဆီကို ဆက်မသုံးနဲ့တော့ သင်စားတဲ့ အစားအစာတွေထဲမှာ ဆီများတဲ့ ငါးကိုလည်း စားသင့်သည်။ ဆာမွန်ငါး၊ ငါးကြီးဆီ ထုတ်ယူရတဲ့ ငါးကြီးနဲ့ ငါးသေတ္တာတို့ကို စားပေးသင့်သည်။ သူတို့မှာ ငါးတွေရတဲ့ EPA နဲ့ DHA အက်စစ်တွေပါတာကြောင့် နှလုံးရောဂါအန္တရာယ်ကို လျော့ပါးစေတယ်။
အစားအစာကို သတ္တုလွှာ၊ ဒယ်အိုးတို့ထဲတွင် ပြင်ဆင်၊ ထည့်ထားခြင်းဟာ သတ္တုဓာတ်ဟာ ဦးနှောက်ထဲရောက်သွားနိုင်တာကြောင့် Alzheimer ရောဂါ ဖြစ်စေနိုင်တယ်။
အမှန်
ကျန်းမာတဲ့ လူတစ်ယောက်ထဲ ရောက်သွားတဲ့ သတ္တုပမာဏာကို သဘာဝအားဖြင့် ဆီးဝမ်းတို့မှ ထွက်သွားနိုင်တယ်။
ဒီ အငြင်းပွားဖွယ်ရာ အဆိုပြုချက်ကို ၁၉၆၀ ခုနှစ်တွေက သိပ္ပံပညာရှင်တွေက ယုန်တွေရဲ့ ဦးနှောက် တွေကို သတ္တုနဲ့ ထိတွေ့စေတဲ့အခါမှာ Alzheimer ရောဂါမှာ တွေ့ရတဲ့ ဦးနှောက်ပျက်စီးတာမျိုးကို တွေ့ရှိ ခဲ့ကြတယ်။ နောက်ပိုင်းပြုလုပ်တဲ့ သုံးသပ်ချက်တွေမှာ ဒီအဆိုပြုချက်ကို ထောက်ခံတာမတွေ့ဘူး။ အဲဒီ နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အဓိကကျတဲ့ ပြည်သူ့ကျန်းမာရေး အေဂျင်စီတွေအပြင် နိုင်ငံတကာအသင်း Alzheimer တွေက သတ္တုဟာ ဒီကုမရတဲ့ ရောဂါအတွက် အရေးပါတဲ့ အကြောင်းအရင်း မဟုတ်ဘူးလို့ ပြောခဲ့ကြတယ်။
အကြုံပြုချက်
သတ္တုလွှာနဲ့ ဒယ်အိုးသုံးတာကို မပူပင်ပါနဲ့။ ဒီပစ္စည်းတွေကို မသုံးဘဲနဲ့ သတ္တုဓာတ်နဲ့ သင်ထိတွေ့မှုကို လျော့ပါးစေမှာပါ။ မြေဆီ၊ ရေနဲ့လေနဲ့ အစားအစာတွေမှာလည်း ဒါတွေပါဝင်နေတာပါပဲ။ အစားအစာ ဆေးဝါး ဒယ်အိုး၊ ဒန်အိုးနဲ့ သတ္တုလွှာတွေမှာ ပါရှိတဲ့ သတ္တုဓာတ်အဆင့်ကိုသာ အများအားဖြင့် အန္တရာယ်မရှိဘူးလို့ ထိန်းသိမ်းဖို့ အာဏာအပ်နှင်းထားတဲ့ အေဂျင်စီတွေက ပြောပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင် လို့ ဆိုထားတယ်။
Gelatin (သို့) Glucosamine ဖြည့်စွက်ပစ္စည်းတွေ စားသုံးခြင်းဟာ အဆစ်တွေကို ပြုပြင်စေပြီး အရိုးနု တို့ကို ပြုပြင်ပေးတယ်။
အမှန်
ဒီပစ္စည်းတွေဟာ အရိုးနုကို ပြုပြင်ပေးတာ (သို့) အရိုးအဆစ်ရောင်ရမ်းနာ ပြန်လည် ကောင်းမွန်တယ် ဆိုတဲ့ အထောက်အထား ရှင်းရှင်လင်းလင်းမရှိဘူး။
ဓာတ်ခွဲခန်းထဲမှ တိရစ္ဆာန်အနည်းတို့အပေါ် စမ်းသပ်စစ်ဆေးရာတွင် နှစ်မျိုးထဲက တစ်ခုဖြစ်တဲ့ Glucosamine ဟာ အရိုးနုအဆစ်ရဲ့ အခြေခံတည်ဆောက်တဲ့ အရာဖြစ်တယ်။ Glucosamine ပစ္စည်း အတော် များများဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ လမ်းမှတစ်ဆင့် အပျော့စားတွေမှာ နာကျင်မှုကို သက်သာ စေတာပဲ ဖြစ်တယ်။
ဒီသက်ရောက်မှုဟာ ယေဘူယျအားဖြင့် ခြောက်လအကြာတွင် ပျောက်သွားတတ်တယ်။
အကြုံပြုချက်
ကျွနု်ပ်တို့ ခန္ဓာကိုယ်နဲ့ hyaturonic အက်စစ်ထုတ်လုပ်မှုကို လှုပ်ရှားမှုက နှိုးဆွပေးတယ်။ ဒီအက်စစ် ဟာ အဆစ်တွေကို ချောဆီသဖွယ် အလုပ်လုပ်တယ်။ အဲဒါကြောင့်လည်း လှုပ်ရှားမှုမရှိရင် အဆစ်တွေဟာ တောင့်တင်းလာတယ်။ ဥပမာ- သင့်ဒူးကို ရက်သတ္တပတ်အတော်ကြာ ပလာစတာ ကိုင်ထားတဲ့အခါ ဖြစ်သလို မျိုးပေါ့။ အဆစ်ရောင်နာကြောင့် သက်ရောက်မှု ပြင်းထန်စွာ မရှိဖို့ လှုပ်ရှားမှုကို ရှောင်ကျဉ်ဖို့လိုတယ်။ ဥပမာ- သင့်ဒူးတွေဟာ အဆစ်ရောင်နာရှိရင် သက်ရောက်မှုပြင်းထန်တဲ့ ပြေးတာမျိုးကို ရှောင်ပါ။ ခြေတစ်လှမ်း လှမ်းတိုင်း ဒူးတစ်ဖက်ဆီတွင် သင့်ကိုယ်အလေးချိန်ရဲ့ ခြောက်ဆဖိအား ဖြစ်ပေါ်စေတယ်။ သင်ရောက်မှု နည်းတဲ့ ရေကူးတာ သွက်လက်စွာ လျှောက်တာတွေကို ပြုလုပ်ပေးပါ။
မောင်ချမ်းသာ Health Care Journal (Vol-7, No-26)