fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

ပူပြင်းသောရာသီဥတုနဲ့ ကျန်းမာရေး (၂)

ပူပြင်းသောရာသီဥတုနဲ့ ကျန်းမာရေး (၂)

အပိုင်း (၁) မှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ချွေးထွက်လွန်ပြီး ကိုယ်တွင်းရှိရေဓါတ်ခန်းခြောက်ကာ နုံးတာ(Heat Exhaustion)၊ ခြေသလုံးကြွက်တက်တာ(Heat Cramp)၊ သတိလစ်တာ(Heat Syncope)၊ မိတ်နဲ့ယားဖုတွေထွက်တာ(Heat Rush)၊  အပူလျှပ်တာ(Heat stroke or Heat Hyperpyrexia) တွေအကြောင်းနဲ့ဖြစ်လာရင် ဘယ်လိုတွေလုပ်ရမလဲဆိုတာတွေကို ရေးသားတင်ပြခဲ့ပါတယ်။

အခုအပိုင်း ၂ မှာတော့ မဖြစ်ခင်ကတည်းက မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ရေးသားတင်ပြပါမယ်။

အဲ့ဒါတွေကတော့

(၁) ပူတဲ့အချိန်မှာ အကျီတအားထူတာမျိုး တွေမဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအကျီပွပွမျိုးကို ဝတ်ပေးပါ။ အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့တွေကို ဝတ်ပေးပါ။

(၂) ချွေးထွက်သန်တဲ့သူတွေဆိုရင် ဓါတ်ဆားရည်ဆောင်ထားပြီး မကြာမကြာသောက်ပေးပါ။ ဓါတ်ဆားမကြိုက်ပါက Juice နဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။ သို့သော် အရမ်းအေးတာမျိုးတော့ မသောက်ပါနဲ့။

(၃) အဆီအဆိမ့်များတဲ့၊ ငန်တဲ့အစားအသောက်တွေကို လျှော့စားပါ။

(၄) အရက်သောက်တတ်တဲ့ သူတွေဆိုရင်လည်း ပူပြင်းတဲ့နွေမှာ လျှော့သောက်တာ၊ ရှောင်တာလုပ်သင့်တယ်။

(၅) ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချိုနှလုံးသွေးတိုးစတဲ့ နာတာရှည်ရောဂါအခံရှိသူတွေအနေနဲ့ အရမ်းပူတဲ့ နေ့လည်နေ့ခင်းတွေမှာ အရိပ်ရပြီးလေတိုက်သော နေရာမှာနားနေပါ။

(၆) မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များတွင် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းတွေလုပ်တာမျိုး ရှောင်ကြဉ်ပါ။

(၇) ရာသီဥတု အရမ်းပူလာတဲ့အခါမှာ အပြင်ထွက်ရင် ထီး၊ ဦးထုပ်တွေယူသွားဖို့နဲ့ အကျီလက်ရှည်အပါးထပ်သွားဖို့ မမေ့ပါနဲ့။

(၈) နေပူထဲကနေ အိမ်ပြန်ရောက်တဲ့အခါမှာ ရေအိုးထဲက ရိုးရိုးရေကိုပဲ တခွက်အဝသောက်ပါ။ ရေခဲသေတ္တာ သို့မဟုတ် Watercooler ထဲက ရေခဲရေသောက်တာရှောင်ပါ။ ဒါ့အပြင် နေပူထဲကနေ အိမ်ရောက်ရောက်ချင်း မျက်နှာသစ်တာ၊ ခြေလက်ဆေးတာတွေ၊ ရေချိုးတာတွေမလုပ်ပါနဲ့။

(၉) နေပူထဲမှာ မလွဲမရှောင်သာ အလုပ်လုပ်ရတဲ့ ကာယလုပ်သားတွေ၊ တောင်သူဦးကြီးတွေနဲ့ အပူလုပ်ငန်းခွင်တွေမှာ လုပ်နေရတဲ့သူတွေဆိုရင်လည်း အလုပ်ကိုပဲ မဲတင်းဂရုစိုက်မနေဘဲ မိမိကျန်းမာရေးအတွက် အရိပ်ရအေးမြသည့်နေရာများတွင်  ခေတ္တအနားယူခြင်းကို မကြာမကြာပြုလုပ်ပါ။ ရေ၊ ဓါတ်ဆား မကြာမကြာသောက်ပေးပါ။

(၁၀) ပူပြင်းသည့် နေရောင်အောက်တွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာ၊ အားကစားလေ့ကျင့်ခန်းတွေ လုပ်တာတွေကို ရှောင်ပါ။

(၁၁) မိတ်နဲ့ ယားဖုများထွက်ပါက ရေအေးဝတ်ကပ်တာ၊ သနပ်ခါးရေကျဲလိမ်းတာ၊ Caladyl လိမ်းတာတွေ လုပ်နိုင်ပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး ဒီတနွေကို လှလှပပ ကျန်းကျန်းမာမားကျော်ဖြတ်နိုင်ကြပါစေ။

Dr 528

ဆက်စပ် ဆောင်းပါးများ