မျက်စိကျန်းမာရေး

မ်က္စိက်န္းမာေရး

မ်က္စိဆိုတာ အာရံုခံအဂၤါအစိတ္အပိုင္းေတြထဲမွာတစ္ခုအပါအဝင္ျဖစ္ပါတယ္။ အျမင္အာရံုခံစားမႈေကာင္းေနတုန္းေတာ့ မ်က္စိရဲ႔ အေရးပါတာေတြက အမႈမဲ႔အမွတ္မဲ့ျဖစ္ေနတတ္ျကတယ္။ မ်က္စိအားနည္းလာတာ အျမင္အာရံု ေဝဝါးလာေတာ့မွ မ်က္စိကို ဂရုစိုက္ဖို့သတိရလာတတ္တယ္ ဒါေတြမျဖစ္ခင္တည္းက မ်က္စိဆိုတာ ျကိုတင္ဂရုစိုက္စစ္ေဆးေနထိုင္သြားလို့ရပါတယ္။ ဒါကလည္းမ်က္စိက်န္းမာေရး စစ္ေဆးေပးတဲ႔သေဘာပါပဲမ်က္စိဆိုတာ ငယ္ရြယ္စဥ္တည္းက ဂရုစိုက္ေနရမွာပါ ငယ္ငယ္ကဂရုမစိုက္မိရင္ တစ္ခုခုဆိုအသက္ျကီးတဲ႔အထိ ပါသြားနိုင္ပါတယ္။

ကေလးဘဝမွာေတာ့ ကိုယ္တိုင္ဂရုစိုက္ဖို့ဆိုတာ မျဖစ္နိုင္ပါဘူး လူျကီးမိဘေတြက ဝိုင္းျပီး ဂရုစိုက္ေပးျကရမွာပါ ေဆာ့ကစားတဲ႔အခါ မ်က္စိမထိခိုက္မိေအာင္ အႏၲရာယ္ရွိတာေတြကို ေဘးနားပတ္ဝန္းက်င္မွာ မရွိေစရပါဘူး ကေလးငယ္ေတြ ျငိမ္ရင္ျပီးေရာဆိုျပီး Tv ေတြ ဖုန္းေတြ Game ေတြ အခ်ိန္အျကာျကီးမေပးထားရပါဘူး။ ကေလးေတြကို ဒါမ်ိုးျပမယ္ဆိုလည္း အခ်ိန္သတ္မွတ္ပါ တစ္ခါကိုနာရီဝက္ထက္ပိုမျကာပါေစနဲ႔ အလင္းေရာင္ေကာင္းေကာင္းမွာျပပါ screen မ်က္နွာျပင္ျကီးပါေစ မ်က္စိနဲ႔ အရမ္းနီးေနေအာင္လည္းမျကည့္ပါေစနဲ႔ အနည္းဆံုးတစ္ေပခြာထားပါ လံုးဝမျကည့္တာကေတာ့ပိုေကာင္းပါတယ္။ ကေလးေတြငယ္ငယ္တည္းက ဒီလို tv ေတြ ဖုန္းေတြ game ေတြေတာက္ေလ်ွာက္ျကည့္တဲ႔အခါ သူငယ္အိမ္ေစာင္းတာ အေရာင္ကာလာမကြဲျပားတာ မ်က္စိပါဝါတိုးလာတာေတြ ကေန မ်က္စိမျမင္ေတာ့တဲ႔ အထိျဖစ္လာေစနိုင္ပါတယ္။

ကေလးေတြ ေက်ာင္းတက္တဲ႔အရြယ္ေရာက္လာေတာ့လည္း လူျကီးမိဘေတြကပဲ ဆက္ျပီး ဂရုစိုက္ေပးရဦးမွာပါ စာေတာ္ရင္ျပီးေရာ စာပဲျကည့္ရမယ္ဆိုျပီး ထားလို့မရပါဘူး မ်က္စိကိုသူ့အခ်ိန္နဲ႔သူအနားေပးပါ အိပ္ေရးဝပါေစ စာျကည့္တဲ႔အခါ အလင္းေရာင္ေကာင္းေကာင္းမွာ ျကည့္ဖို့လိုပါတယ္။ စာအုပ္နဲ႔မ်က္နွာလည္းအရမ္းမကပ္ရပါဘူး ေခါင္းကိုတစ္ခ်ိန္လံုးငံု့ျကည့္ေနလို့လည္း မရပါဘူး ဒါဆိုမ်က္စိတင္မကဘဲ ဇက္ေျကာေတြ ေခါင္းေတြပါ ထိုးကိုက္လာတတ္ပါတယ္။ စာလည္းျကည့္ ေခါင္းေလ့က်င့္ခန္းလည္းလုပ္ရပါမယ္ အေဝးမွာရွိေနတဲ့ အစိမ္းေရာင္အပင္အရြက္ေတြလည္း တစ္လွည့္စီ လိုက္ျကည့္ေပးရပါမယ္ အေဝးအနီး တစ္လွည့္စီျကည့္ေပးျခင္းက မ်က္စိကို ဒဏ္မပိေစေတာ့ပါဘူး။

မ်က္စိပါဝါေျကာင့္ မ်က္မွန္တပ္ေနရတဲ႕သူေတြလည္း မ်က္မွန္မတပ္ဘဲ မထားပါနဲ႔ ပါဝါပိုတိုးလာတတ္ပါတယ္။ တစ္ခ်ို့မ်က္မွန္ေတြက်ေတာ့ ပါဝါမပါဘဲ စလင္ဒါပဲပါတတ္တယ္ သိပ္မမ်ားဘူးဆိုရင္ေတာ့မ်က္စိဆရာဝန္ေျပာထားသေလာက္ေတာ့ ေသခ်ာတပ္ေပးရပါမယ္။ မ်က္စိကိုလည္း ေသခ်ာျပန္စစ္ေပးရပါမယ္။
ေနပူထဲမွာ အလုပ္လုပ္ရတဲ့သူေတြအေနနဲ႔ မ်က္စိကို ေနေရာင္တိုက္ရိုက္မထိရေအာင္ UV protection ပါတဲ႔ ေနကာမ်က္မွန္ေတြ တပ္သင့္တယ္။ မဟုတ္ရင္ေတာင္ လ်ွာထိုးဦးထုပ္မ်ိုးေတြေဆာင္းသင့္တယ္ ဝရိန္ေဆာ္ရတဲ့သူေတြလည္း အလုပ္ခ်ိန္မွာ မ်က္စိကိုကာကြယ္ေပးထားတဲ့ မ်က္နွာဖံုးေတြတပ္သင့္တယ္။ ေလတိုက္ထဲ အလုပ္လုပ္ရတဲ့သူေတြမွာလည္း မ်က္စိကို ေလတိုက္ရိုက္မထိေအာင္မ်က္မွန္တပ္ထားသင့္ပါတယ္။ မ်က္သားေတြက ေနပူမ်ားတာ အပူမ်ားတာ ေလသလပ္ခံတာေတြမ်ားလာတာနဲ႔အမ်ွ မ်က္သားေျခာက္လာတတ္ျကတယ္ မ်က္ရည္အထြက္နည္းလာတယ္။

မ်က္စိထဲ ယားယံလာတယ္ မ်က္သားတက္လာတတ္ပါတယ္။ တစ္ခ်ို့ေရာဂါေတြက ျပန္မေပ်ာက္ပါဘူး မ်က္စိကိုခြဲစိတ္ရတယ္ဆိုရင္ေတာင္ အေကာင္းတိုင္းျပန္မျဖစ္ပါဘူးေရနဲ႕အျမဲထိေတြ႔ေနရတဲ႔သူေတြလည္း ေရထဲဆင္းတဲ႔ အခါ ေရထဲဆင္းတဲ႕ မ်က္မွန္ကိုတပ္ပါ ေရထဲမွာမသန့္တဲ႔ အမႈန္အမႊားေတြ မ်က္စိကိုတိုက္ရိုက္မထိခိုက္ေစေအာင္ပါေနြရာသီတို့ အပူမ်ားတဲ႔အခါေတြမွာ မ်က္စိနာတတ္ျကတယ္။ မ်က္စိနာတာက ဘက္တီးရီးယားပိုးေတြ တစ္ျခားေသာေရာဂါပိုးမႊားေတြနဲ႔လည္းဆိုင္တတ္တယ္။ ဒါေျကာင့္တစ္ေယာက္မွာျဖစ္တယ္ဆိုရင္ အတူေနမိသားစုဝင္ေတြကို ကူးတတ္ပါတယ္။ မေက္စိနာတဲ႔သူေတြက မ်က္စိကို လက္နဲ႔ ခဏခဏမပြတ္ပါနဲ့ နာတယ္ယားတယ္။ ခိုးလုခုလု ျဖစ္တယ္ဆို အေပၚကေနေရေအးဖတ္ကပ္ပါ မ်က္ဝတ္အထြက္မ်ားတတ္တာကို အဝတ္သန့္နဲ႔ သတ္သတ္မွတ္မွတ္သုတ္ပါ အဝတ္ကိုလည္း ေတြ႔ကရာ မခ်ပါနဲ႔ လက္ေတြကို အျမဲ ေရဆပ္ျပာေသခ်ာေဆးျပီးမွ မ်က္စိကို ကိုင္ပါ မ်က္စိနာေနတုန္းမွာ အျပင္ထြက္တာေတြကို ေလ်ွာ့ပါ လိုအပ္လာရင္ေတာ့ ေဆးခန္းေသခ်ာျပပါ တစ္ေယာက္စကားတစ္ေယာက္နားျကားတဲ႔ေဆးေတြ မသံုးေစခ်င္ပါဘူး မ်က္စိက အမွားမခံပါဘူး။

ေနာက္ဆံုးအေနနဲ႕ ဆီးခ်ို ေသြးတိုး ေရာဂါသည္ေတြ မွာ ေသခ်ာမထိန္းနိုင္ခဲ႔ရင္ ျဖစ္တဲ႔အခ်ိန္ျကာလာတာနဲ႔အမ်ွ ေနာက္ဆက္တြဲအေနနဲ႔ မ်က္စိထိခိုက္လာနိုင္ပါတယ္ အဆင့္အမ်ိုးမ်ိုးရွိပါတယ္။ ေနာက္ဆံုးအဆင့္မွာေတာ့ အျမင္အာရံု ပ်က္စီးသြားမွာပါ တစ္ျဖည္းျဖည္းျဖစ္တာရွိသလို တစ္ခါတစ္ေလ ရုတ္တရက္မ်က္စိမျမင္တာေတြျဖစ္နိုင္ပါတယ္။ ဒါေျကာင့္ ဆီးခ်ိုေသြးတိုးေရာဂါသည္ေတြအေနနဲ႔ ေရာဂါကို ေသခ်ာထိန္းဖို့လိုတဲ႔အျပင္ တစ္နွစ္တစ္ခါ အနည္းဆံုးမ်က္စိစစ္ရပါမယ္ ေျပာင္းလဲလာပံုေပၚ မူတည္ျပီး ျကိုတင္ကုသရပါမယ္။
မ်က္စိက်န္းမာေရးကို ဂရုစိုက္နိုင္ျကပါေစ။

Dr. CST

(Unicode)

မျက်စိကျန်းမာရေး

မျက်စိဆိုတာ အာရုံခံအင်္ဂါအစိတ်အပိုင်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမြင်အာရုံခံစားမှုကောင်းနေတုန်းတော့ မျက်စိရဲ့ အရေးပါတာတွေက အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြတယ်။ မျက်စိအားနည်းလာတာ အမြင်အာရုံ ဝေဝါးလာတော့မှ မျက်စိကို ဂရုစိုက်ဖို့သတိရလာတတ်တယ် ဒါတွေမဖြစ်ခင်တည်းက မျက်စိဆိုတာ ကြိုတင်ဂရုစိုက်စစ်ဆေးနေထိုင်သွားလို့ရပါတယ်။ ဒါကလည်းမျက်စိကျန်းမာရေး စစ်ဆေးပေးတဲ့သဘောပါပဲမျက်စိဆိုတာ ငယ်ရွယ်စဉ်တည်းက ဂရုစိုက်နေရမှာပါ ငယ်ငယ်ကဂရုမစိုက်မိရင် တစ်ခုခုဆိုအသက်ကြီးတဲ့အထိ ပါသွားနိုင်ပါတယ်။

ကလေးဘဝမှာတော့ ကိုယ်တိုင်ဂရုစိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး လူကြီးမိဘတွေက ဝိုင်းပြီး ဂရုစိုက်ပေးကြရမှာပါ ဆော့ကစားတဲ့အခါ မျက်စိမထိခိုက်မိအောင် အန္တရာယ်ရှိတာတွေကို ဘေးနားပတ်ဝန်းကျင်မှာ မရှိစေရပါဘူး ကလေးငယ်တွေ ငြိမ်ရင်ပြီးရောဆိုပြီး Tv တွေ ဖုန်းတွေ Game တွေ အချိန်အကြာကြီးမပေးထားရပါဘူး။ ကလေးတွေကို ဒါမျိုးပြမယ်ဆိုလည်း အချိန်သတ်မှတ်ပါ တစ်ခါကိုနာရီဝက်ထက်ပိုမကြာပါစေနဲ့ အလင်းရောင်ကောင်းကောင်းမှာပြပါ screen မျက်နှာပြင်ကြီးပါစေ မျက်စိနဲ့ အရမ်းနီးနေအောင်လည်းမကြည့်ပါစေနဲ့ အနည်းဆုံးတစ်ပေခွာထားပါ လုံးဝမကြည့်တာကတော့ပိုကောင်းပါတယ်။ ကလေးတွေငယ်ငယ်တည်းက ဒီလို tv တွေ ဖုန်းတွေ game တွေတောက်လျှောက်ကြည့်တဲ့အခါ သူငယ်အိမ်စောင်းတာ အရောင်ကာလာမကွဲပြားတာ မျက်စိပါဝါတိုးလာတာတွေ ကနေ မျက်စိမမြင်တော့တဲ့ အထိဖြစ်လာစေနိုင်ပါတယ်။

ကလေးတွေ ကျောင်းတက်တဲ့အရွယ်ရောက်လာတော့လည်း လူကြီးမိဘတွေကပဲ ဆက်ပြီး ဂရုစိုက်ပေးရဦးမှာပါ စာတော်ရင်ပြီးရော စာပဲကြည့်ရမယ်ဆိုပြီး ထားလို့မရပါဘူး မျက်စိကိုသူ့အချိန်နဲ့သူအနားပေးပါ အိပ်ရေးဝပါစေ စာကြည့်တဲ့အခါ အလင်းရောင်ကောင်းကောင်းမှာ ကြည့်ဖို့လိုပါတယ်။ စာအုပ်နဲ့မျက်နှာလည်းအရမ်းမကပ်ရပါဘူး ခေါင်းကိုတစ်ချိန်လုံးငုံ့ကြည့်နေလို့လည်း မရပါဘူး ဒါဆိုမျက်စိတင်မကဘဲ ဇက်ကြောတွေ ခေါင်းတွေပါ ထိုးကိုက်လာတတ်ပါတယ်။ စာလည်းကြည့် ခေါင်းလေ့ကျင့်ခန်းလည်းလုပ်ရပါမယ် အဝေးမှာရှိနေတဲ့ အစိမ်းရောင်အပင်အရွက်တွေလည်း တစ်လှည့်စီ လိုက်ကြည့်ပေးရပါမယ် အဝေးအနီး တစ်လှည့်စီကြည့်ပေးခြင်းက မျက်စိကို ဒဏ်မပိစေတော့ပါဘူး။

မျက်စိပါဝါကြောင့် မျက်မှန်တပ်နေရတဲ့သူတွေလည်း မျက်မှန်မတပ်ဘဲ မထားပါနဲ့ ပါဝါပိုတိုးလာတတ်ပါတယ်။ တစ်ချို့မျက်မှန်တွေကျတော့ ပါဝါမပါဘဲ စလင်ဒါပဲပါတတ်တယ် သိပ်မများဘူးဆိုရင်တော့မျက်စိဆရာဝန်ပြောထားသလောက်တော့ သေချာတပ်ပေးရပါမယ်။ မျက်စိကိုလည်း သေချာပြန်စစ်ပေးရပါမယ်။
နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ မျက်စိကို နေရောင်တိုက်ရိုက်မထိရအောင် UV protection ပါတဲ့ နေကာမျက်မှန်တွေ တပ်သင့်တယ်။ မဟုတ်ရင်တောင် လျှာထိုးဦးထုပ်မျိုးတွေဆောင်းသင့်တယ် ဝရိန်ဆော်ရတဲ့သူတွေလည်း အလုပ်ချိန်မှာ မျက်စိကိုကာကွယ်ပေးထားတဲ့ မျက်နှာဖုံးတွေတပ်သင့်တယ်။ လေတိုက်ထဲ အလုပ်လုပ်ရတဲ့သူတွေမှာလည်း မျက်စိကို လေတိုက်ရိုက်မထိအောင်မျက်မှန်တပ်ထားသင့်ပါတယ်။ မျက်သားတွေက နေပူများတာ အပူများတာ လေသလပ်ခံတာတွေများလာတာနဲ့အမျှ မျက်သားခြောက်လာတတ်ကြတယ် မျက်ရည်အထွက်နည်းလာတယ်။

မျက်စိထဲ ယားယံလာတယ် မျက်သားတက်လာတတ်ပါတယ်။ တစ်ချို့ရောဂါတွေက ပြန်မပျောက်ပါဘူး မျက်စိကိုခွဲစိတ်ရတယ်ဆိုရင်တောင် အကောင်းတိုင်းပြန်မဖြစ်ပါဘူးရေနဲ့အမြဲထိတွေ့နေရတဲ့သူတွေလည်း ရေထဲဆင်းတဲ့ အခါ ရေထဲဆင်းတဲ့ မျက်မှန်ကိုတပ်ပါ ရေထဲမှာမသန့်တဲ့ အမှုန်အမွှားတွေ မျက်စိကိုတိုက်ရိုက်မထိခိုက်စေအောင်ပါနွေရာသီတို့ အပူများတဲ့အခါတွေမှာ မျက်စိနာတတ်ကြတယ်။ မျက်စိနာတာက ဘက်တီးရီးယားပိုးတွေ တစ်ခြားသောရောဂါပိုးမွှားတွေနဲ့လည်းဆိုင်တတ်တယ်။ ဒါကြောင့်တစ်ယောက်မှာဖြစ်တယ်ဆိုရင် အတူနေမိသားစုဝင်တွေကို ကူးတတ်ပါတယ်။ မကေ်စိနာတဲ့သူတွေက မျက်စိကို လက်နဲ့ ခဏခဏမပွတ်ပါနဲ့ နာတယ်ယားတယ်။ ခိုးလုခုလု ဖြစ်တယ်ဆို အပေါ်ကနေရေအေးဖတ်ကပ်ပါ မျက်ဝတ်အထွက်များတတ်တာကို အဝတ်သန့်နဲ့ သတ်သတ်မှတ်မှတ်သုတ်ပါ အဝတ်ကိုလည်း တွေ့ကရာ မချပါနဲ့ လက်တွေကို အမြဲ ရေဆပ်ပြာသေချာဆေးပြီးမှ မျက်စိကို ကိုင်ပါ မျက်စိနာနေတုန်းမှာ အပြင်ထွက်တာတွေကို လျှော့ပါ လိုအပ်လာရင်တော့ ဆေးခန်းသေချာပြပါ တစ်ယောက်စကားတစ်ယောက်နားကြားတဲ့ဆေးတွေ မသုံးစေချင်ပါဘူး မျက်စိက အမှားမခံပါဘူး။

နောက်ဆုံးအနေနဲ့ ဆီးချို သွေးတိုး ရောဂါသည်တွေ မှာ သေချာမထိန်းနိုင်ခဲ့ရင် ဖြစ်တဲ့အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ မျက်စိထိခိုက်လာနိုင်ပါတယ် အဆင့်အမျိုးမျိုးရှိပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အမြင်အာရုံ ပျက်စီးသွားမှာပါ တစ်ဖြည်းဖြည်းဖြစ်တာရှိသလို တစ်ခါတစ်လေ ရုတ်တရက်မျက်စိမမြင်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးတိုးရောဂါသည်တွေအနေနဲ့ ရောဂါကို သေချာထိန်းဖို့လိုတဲ့အပြင် တစ်နှစ်တစ်ခါ အနည်းဆုံးမျက်စိစစ်ရပါမယ် ပြောင်းလဲလာပုံပေါ် မူတည်ပြီး ကြိုတင်ကုသရပါမယ်။
မျက်စိကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါစေ။

Dr. CST

 

ဆက်စပ် ဆောင်းပါးများ