fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 286 Total Cases
😥 6 Deaths
😇 192 Recovered

အမေတိုင်း သိထားသင့်တဲ့ LcFOS

LCFOS ဆိုတာ ဘာလဲ?

LCFOS ဆိုတာ Long chain Fructo Oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။
LCFOS တွေဟာ prebiotic လို့ခေါ်တဲ့ အူလမ်းကြောင်း အကျိုးပြု ဓာတ်တစ်မျိုးဖြစ်ပါတယ်။
Prebiotic ဆိုတာ လူသားတွေရဲ့ အစာအိမ် နှင့် အူလမ်းကြောင်းက မချေဖျက်နိုင်တဲ့ အမျှင် ဓာတ်တစ်မျိုးဖြစ်ပြီး Probiotic လို့ခေါ်တဲ့ အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယား လေးတွေရဲ့ အစာတစ်မျိုးဖြစ်တယ်။

LcFOS လို Prebiotic က ဘယ်လို နည်းလမ်းတွေနဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာလဲ?

လူတွေရဲ့ အူလမ်းကြောင်းမှာ ‘Probiotic’ လို့ ခေါ်တဲ့ အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယား တွေ ရှိပါတယ်။
၎င်း Probiotic ဘက်တီးရီးယားလေးတွေဟာ အစာချေစနစ် ကျန်းမာရန် နှင့် အူလမ်း ကြောင်း ထဲသို့ ဝင်လာသော မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ တာဝန်ယူရပါတယ်။
LcFOS လို့ Prebiotic ဟာ ၎င်း အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယား ပိုးလေးတွေကို အစာအာဟာရ ဖြစ်စေပြီး ပွားများအား ပြည့်စေပါတယ်။

LcFOS ကောင်းကျိုးများ

အူမကြီးအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားလေးများကို ပွားများအား ဖြစ်စေခြင်း
ဝမ်းမှန်စေခြင်း နှင့် ဝမ်းချုပ်ခြင်း ကို ကာကွယ်ပေးခြင်း
အူလမ်းကြောင်း၏ အစာချေစနစ် နှင့် စုပ်ယူမှု စွမ်းအားကို ကောင်းစေခြင်း
အာဟာရ နှင့် မင်နရာယ်ဓာတ်များ စုပ်ယူမှု ကောင်းစေသောကြောင့် ကိုယ်ခံစွမ်းအား တိုးမြှင် ပေးခြင်း

LcFOS ပါဝင်သော အစားအသောက်များ

  • ကညွတ်
  • ခရမ်းချဉ်သီး
  • အစေ့အဆံများ
  • ပဲပုတ်
  • ကြံသကာ
  • ဟင်းသီးဟင်းရွက်
  • အသီးအနှံများ
  • ဂျုံ
  • Chicory
  • Jerusalem artichokes
  • LcFOS ပါဝင်သော တီထွင်ထားသည့် ဖြည့်စွက်စာများ
  • မိခင်နို့
  • LcFOS ထည့်ထားသော ကလေးနို့မှုန့်များ

Dr.Yin Yin Win 
M.B, B.S (YGN)
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ