အမျိုးသမီးတွေအများစု စိတ်ညစ်ရတဲ့ Cellulite ကို ဖယ်ရှားမယ်

အမျိုးသမီးတွေအများစု စိတ်ညစ်ရတဲ့ Cellulite ကို ဖယ်ရှားမယ်

နွေလည်းရောက်တော့မယ်ဆိုတော့ မိန်းကလေး အများစု စိတ်ညစ်ကြရတဲ့ Cellulite အကြောင်းလေး ပြောကြရအောင်နော်..

ပထမဆုံး Cellulite ဆိုတာလေးနဲနဲရှင်းပြချင်ပါတယ်ရှင့်

-cellulite ဆိုတာလိမ္မော်ခွံ orange peel skin, Cottage cheese လို ပေါင်နဲ့တင်ပါးတစ်ဝိုက်မှာ အရေပြားအထစ်ထစ်လေးတွေထနေတာပါ..

အမျိုးသမီးတွေ skin ဖွဲ့စည်းပုံက fat cells နဲ့ connective tissue က vertically ဒေါင်လိုက် စီစီရီရီဖြစ်နေလို့ အဆီတက်လာတာနဲ့ခုလိုအထစ်ထစ်တွေဖြစ်လာတာပါ ။

အမျိုးသားတွေကျတော့ fat cells ကြားမှာ connective tissue တွေက criss cross ဖြစ်နေလို့ cellulite ဖြစ်ဖို့ခဲယဉ်းပါတယ်..

နောက် cellulite ကလှုပ်ရှားမှုအနဲဆုံး body parts မှာဖြစ်တတ်ပါတယ်။ အဓိကကတော့ နဂိုထဲက အဆီပိုရှိတဲ့သူတွေ အငန်အချို ready made, preservatives,carbs, snacks အစားများတဲ့သူတွေ exercise မလုပ်တဲ့သူတွေ၊ အကြာကြီးထိုင်နေရတဲ့သူ မတ်တပ်ရပ်နေရတဲ့သူတွေ၊ အတွင်းခံကျပ်ကျပ်ဝတ်တတ်တဲ့သူတွေ၊ ဝိတ်အတက်ကျမြန်တဲ့သူတွေနဲ့ ကလေးမေမေတွေမှာအများဆုံးဖြစ်ပါတယ် …

Cellulite ဆိုတာ fat တွေနဲ့ toxins တွေစုနေတာပါ။ အမျိးသမီး ၉၅% မှာ Cellulite ဆိုတာရှိပါတယ် ပိန်လှပါတယ်ဆိုတဲ့သူမှာတောင်ရှိပါတယ်…

Grade 1- လုံးဝမသိသာဘူး၊ ဖျစ်ကြည့်လိုက်ရင်ပေါ်လာတယ်

Grade 2- ရပ်နေရင်မသိသာဘူး ဖိထိုင်လိုက်ရင်အထစ်ထစ်လေးဖြစ်လာတယ်

Grade 3- ရပ်ရင်တောင်ပေါ်လာပြီသိပ်တော့မသိသာဘူး ပေါင်လဲတုတ်လာပြီ

Grade 4- ရပ်ရင်ပေါ်ပြီ အရေပြားလဲနဲနဲကျစ်လစ်မှုမရှိတော့ဘူး လမ်းလျှောက်ရင်ပြေးရင်ပေါင်ပေါ်က Skin ကတုန်တုန်နေတယ် ဖျစ်လိုက်ရင်လဲနာတယ်

အရင်လို ပေါင်တံသွယ်သွယ်လေးဖြစ်ချင်တယ်။ ပြန်ကောင်းချင်တယ်။ ကာကွယ်ချင်တယ်ဆိုရင်တော့

acoustic wave therapy, laser treatment, ultrasound liposulptin စတဲ့နည်းတွေနဲ့ လုပ်နိုင်ပါတယ်။ အိမ်မှာလုပ်လို့ရတဲ့ ပိုက်ဆံလဲ သိပ်မကုန်တဲ့နည်းတွေကတော့ exercise လုပ်မယ် healthy diets စားမယ် ပေါ့နောက်

– dry brushing

– vaccum cup massage

– coffee scrub☕☕☕

ဒီနည်းလေးတွေကို Korea actress တွေ blogger တွေနောက် foreign fittness model တွေတော်တော်သုံးကြပါတယ်။ Myanmar ကsupermodel သန္တာလှိုင်လဲ coffee scrub နဲ့ vaccum cup massage အကြောင်း share ပေးဖူးပါတယ်..

အားလုံးပဲ cellulite ကြောင့် စိတ်ညစ်ရတာတွေက ကင်းဝေးကြပါစေနော်..

Scarlette (ဆေး၁)

ဆက်စပ် ဆောင်းပါးများ