မျက်နှာ V-Shape ပုံလေး လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့

မျက်နှာ V-Shape ပုံလေး လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့

ဟိုရက်ကမှselfie ပုံလေးရိုက်တင်တုန်းသူငယ်ချင်းမတစ်ယောက်ကချက်ချင်းပဲကိုယ့်ပုံလေးreact ရင်း..

– ” ဟဲ့ဝင်းမြတ်နိုး..နင့်ကိုမေးပါဦးမယ်..နင်လေSurgery များလုပ်လိုက်လား?? နင့်ကိုမေးမယ်မေးမယ်နဲ့သတိထားမိတာကြာနေပြီမေးဖို့မေ့မေ့နေတာ..နင်ဝရာကနေပိန်သွားလို့နည်းနည်းပါးပါးမျက်နှာချောင်သွားတာကိုလက်ခံလို့ရတယ်..ခုကမျက်နှာကျဖွဲ့စည်းပုံကိုကအစပြောင်းသွားတာ..thread တွေထည့်ပြီးvshape လုပ်ထားတာလား??”…

ကိုယ်ပြုံးနေရင်းနဲ့ပဲ..

– “ပေါက်တတ်ကရ..နင်တို့နဲ့ပဲအမြဲတမ်းနီးပါးတူတူရှိနေတာဘယ်နားကsurgery သွားလုပ်ချိန်ရှိလို့တုန်းမိန်းမရဲ့..”

– “အေးလေ..အဲ့ဒါကြောင့်ငါလည်းတွေးမပေါက်တာပေါ့..အဲ့ဆိုနင့်မျက်နှာပြဲကြီးကဘယ်ရောက်သွားတာတုန်း..??”

– “ဟီး..ငါကFace yoga ဆော့တယ်ဟ..”

– “ဟယ်ငါ့ကိုလျှိုထားတယ်ကြည့်စမ်း..ကောက်းတယ်ဆိုငါလည်းလုပ်မှာပေါ့..မေးနှစ်ထပ်ဖြစ်လာတာမြင်ရက်နဲ့ငါ့ကိုမပြောပြဘူး..စိတ်ပုပ်မ..”

– “အမယ်..နင်မေးလားပြော..သူ့ဘာသူတစ်ရက်တစ်ရက်kdrama နဲ့အချိန်ကုန်နေပြီးတော့တော်..

ကဲခုပြောပြမယ်..

ဒီဟာလုပ်ခြင်းအားဖြင့်မျက်နှာသွေးလည်ပါတ်မှုကောင်းပြီးအသားရေကြည်လင်လာတယ်..နောက်မလိုတဲ့အဆီတွေကျသွားပြီးမျက်နှာအချိုးစားပြေပြစ်လာတယ်ဟ..အချိန်တော့ပေးရတာပေါ့..thread ထည့်သလိုVshape တော့ဘယ်တန်းရမလဲ..

နောက်ကောင်းတာကဒါကိုကားစီးရင်းround လိုက်ရင်းအားရင်အားသလိုလုပ်လို့ရတယ်..ဟီးဟီး..”

– “ဆက်ပြောဆက်ပြောဘယ်လိုလုပ်ရမှာလဲ?”

– “အရင်ဆုံးကျောမတ်မတ်ထားပြီးမျက်နှာကိုရှေ့တည့်တည့်ကြည့်..နောက်ပြီးကိုယ့်နှုတ်ခမ်းကိုအင်္ဂလိပ်အက္ခရာ’O’ ဆိုပြီးနှုတ်ခမ်းကိုစု..နောက်မြန်မအက္ခရာ’ဝ’ ကိုပြန်ဆိုရင်းနှုတ်ခမ်းကိုဖြဲတဲ့အနေထားလုပ်..”အိုဝအိုဝ” ပေါ့လေ..အဲ့ဒါကို၁၀ကြိမ်လုပ်အားရင်အားသလိုတစ်ခါလုပ်ရင်၁၀ကြိမ်”

– “အဲမျက်နှာကြောတွေတော်တော်ထိတယ်ဟဲ့..ဟုတ်တယ်ဟ..”

– နောက်တစ်နည်းကလည်ပင်းလေ့ကျင့်ခန်းငယ်ငယ်ကကာယမှာသင်သလိုပဲအပေါ်အောက်ဘယ်ညာနောက်ပြီးလက်ယာရစ်လက်ဝဲရစ်ဖြည်းဖြည်းချင်းပတ်တာလုပ်..အဲ့ဒါလည်းကိုယ်အဆင်ပြေသလောက်..အဓိကကလည်တိုင်လေးကျော့ရှင်းနေဖို့လည်းလိုတယ်လေ..ဂုတ်တိုမမဖြစ်အောင်..”

– “နင်ကအဲ့ဒါတွေလုပ်လုပ်နေတာကို..”

– “ဟုတ်ပါ့တော်..နောက်ဆုံးနည်းကလည်ပင်းကိုငြိမ်ငြိမ်ထားပြီးမျက်နှာကိုပဲအပေါ်ကိုမော့..နှုတ်ခမ်းကိုဖွင့်လိုက်ပိတ်လိုက်လုပ်..မေးအောက်ကတင်းလာတာတွေ့လိမ့်မယ်..အဲ့ဒါလည်းတစ်ခါလုပ်ရင်၁၀ကြိမ်..မေးနှစ်ထပ်ဖြစ်တာကိုသက်သာစေတယ်..”

– “ဟုတ်တယ်ဟ..တကယ်ထိတယ်..”

အဲ့ဒါနဲ့ပဲနှစ်ယောက်သားအိုဝတွေလုပ်ကြရင်းရယ်မောရင်း…

အားလုံးလည်းမေးနှစ်ထပ်ဖြစ်လို့မျက်နှာပြဲနေလို့စိတ်မညစ်ကြရအောင်နည်းလမ်းကောင်းလေးပါနော်..

Scarlette (ဆေး၁)

ဆက်စပ် ဆောင်းပါးများ