အမျိုးသမီးတွေအတွက် ဆေးစွမ်းလေးတစ်ခွက်

အမျိုးသမီးတွေအတွက် ဆေးစွမ်းလေးတစ်ခွက်

ကျွန်မတို့ အမျိုးသမီးတွေအတွက် သတင်းကောင်းလေးပါ..

ပုံမှန် ရာသီစက်ဝန်းပေါ်ခါနီးတိုင်း ကိုက်မှာခဲမှာ ဝက်ခြံနဲ့ အမာရွတ်တွေအတွက် စိတ်ညစ်ရတာ၊ စိတ်မကြည်လင်တာ၊ နောက် သွေးဆုံးပြီး အန်တီတွေအတွက်ဆိုလည်း အသားရည်စိုစိုပြေပြေ မရှိတာ စိတ်မကြည်လင်တာ စတာတွေအတွက် တရုတ်နန်းတွင်းဆေးနည်းလေးတစ်ခုကို ပြောပြပေးမယ်နော်…

ဒါက မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ နန်းတွင်းရတနာ” ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားမင်းသမီးလေး “ချန်ဂင် (လီယောင်အေး) ” ရဲ့ အခုချိန်ထိ လှပနုပျိုနေတဲ့ လျှို့ဝှက်ချက်ဆိုလည်း မမှားပါဘူးနော်။

လိုအပ်တာတွေကတော့

– ဂျင်း ၂ တက်
– တရုတ်ဆီးသီး (၂၀ – ၂၅ လုံး ၊ အချိုကြိုက်လျှင်ပိုထည့်နိုင်ပါတယ်)
– သစ်ကြပိုးခေါက် ၂ချောင်း
– ကော့ကိုင်း (Golgi berry) လက်တစ်ဆုပ်စာ ( အလုံး၃၀ခန့်)
– ရေတစ်လီတာခန့်

ရေနွေးဆူဆူထဲမှာ အပေါ်ကပါဝင်ပစ္စည်းတွေအားလုံးကို ထည့်တည်ပါ။ ရေသုံးပုံ တစ်ပုံခန့် ခန်းသည်ထိတည်ပါ။

ညဖက်အိပ်ခါနီးတိုင်း လက်ဖက်ရည် ပန်းကန် တစ်လုံးခန့် သောက်ပေးနိုင်ပါတယ်။ ပူပူလေးလဲသောက်နိုင်သလို ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်လခန့်သိမ်းဆည်းပြီး အအေးအနေနဲ့လည်းသောက်နိုင်ပါတယ်ရှင့်။ အချိုကြိုက်ရင် ပျားရည်လည်းထည့်သုံးဆောင်နိုင်ပါတယ်ရှင်။

အားလုံးပဲ ရာသီစက်ဝန်းနီးရင် ကိုက်ခဲတာတွေ အသားရည်ညစ်နွမ်းတာတွေ တီတီတို့အနေနဲ့လည်း သွေးဆုံးလို့ အသားရည် စိုစိုပြေပြေ မရှိတာတွေကြောင့် စ်တ်ညစ်ရတာတွေနဲ့ အမြန်ဆုံး ကင်းဝေးကြပါစေနော်။

Scarlette(ဆေး၁)

ဆက်စပ် ဆောင်းပါးများ