ဝက်ခြံနဲ့ အမာရွတ်တွေသက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေ…

ဝက်ခြံနဲ့ အမာရွတ်တွေသက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေ…

………………………………………………………….

မမတို့ ညီမလေးတို့ ကိုကိုတို့ မောင်လေးတို့ရေ..အိမ်တွင်းဆေးစွမ်းကောင်းလေးတွေနဲ့ စိတ်ညစ်စရာကောင်းတဲ့ ဝက်ခြံတွေ ဝက်ခြံအမာရွတ်တွေကို ကုကြရအောင်နော်။

.

၁) ပျားရည်၊ သံပုယိုရည် မျက်နှာပေါင်းတင်Mask

-ဘက်တီးရီးယားပိုးကို သေစေနိုင်တဲ့ပျားရည်ရယ် သံပုယိုရည် အနည်းငယ်ကို ရောပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချပေးပါ။

.

၂) ပန်းသီးရှာလကာရည်

-ပန်းသီးရှာလကာရည် တစ်ဆနှင့် သောက်ရေသန့် သုံးဆကို ရောပြီး တိုနာလိမ်းသော ဝါဂွမ်းကို စိမ်ကာ မျက်နှာပေါ် ၁၀ မိနစ်ခန့် ကပ်ပေးနိုင်ပါတယ်။ ပြီးတော့ ရေဆေးချပါရှင်။

.

၃) လက်ဖက်စိမ်းရည်

-လက်ဖက်စိမ်းရည်ကို တိုနာ ဝါဂွမ်းလေးနဲ့စိမ်ပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့်ကပ်ပေးနိုင်သလို တိုနာအစားထိုးလည်း နေ့စဉ်သုံးပေးနိုင်ပါတယ်။ ရေပြန်ဆေးချစရာ မလိုပါဘူးမော်။

.

၄) ငှက်ပျောသီး မျက်နှာပေါင်းတင်Mask

– သီးမွှေးငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတာမို့ ယောင်ယမ်းတာတွေကို သက်သာစေပါတယ်။ သီးမွှေးငှက်ပျောသီးကို ပျားရည်နဲ့ ရောမွှေပြီး မျက်နှာပေါ် ၁၀ မိနစ်ခန့် လိမ်းပြီး ရေဆေးချပေးပါ။

.

၅) အုန်းရည်

-တိုနာလိမ်းတဲ့ဝါဂွမ်းနဲ့ အုန်းရည်ကိုစိမ်ပြီး ၁၀ မိနစ်ခန့်ကပ်ပေးနိုင်သလို တိုနာအစားထိုးလည်းသုံးပေးနိုင်ပါတယ်။ ရေပြန်ဆေးချရန်မလိုပါဘူးနော်။

.

>>> ဝက်ခြံ အမာရွတ်နဲ့ ဆဲလ်အသေဖယ်ရှားဖို့ Scrub လုပ်နည်းကတော့ …

-ပျားရည်၊ သံပုယိုရည်၊ သံလွင်ဆီ၊ သကြားညိုတို့ကို ရောပြီး မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်ပြီး ရေဆေးချပေးပါ။ ဆဲလ်သေကင်းရှင်းတဲ့ နုနယ်လန်းဆန်းတဲ့ အသားအရည်လေး ရမှာပါ။

.

>>> ဝက်ခြံအမာရွတ်နဲ့ အသားအရည် မညီတာတွေအတွက်

-အာလူးပါ။ ပါးပါးလေးလှီးပြီး ကပ်ပေးနိုင်သလို အာလူးအရည်ကျိတ်ထားတဲ့ အနှစ်ကို ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပေးထားနိုင်ပါတယ်။

>>> အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ကတော့

-ရှားစောင်းလက်ပတ်ပင်ကလတ်လတ်ဆတ်ဆတ် အနှစ်ကို သော်လည်းကောင်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် သော်လည်းကောင်း ၊ဝါး၊ကြာပန်း စတာတွေကနေ ထုတ်ထားတဲ့ Soothing gel ကိုသော်လည်းကောင်း လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံသမားတွေ အတွက် အဆီမပြန်ဘဲ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ သဘာဝလက်ဆောင်မွန်ပါ။

>>>ဇင့်ဓာတ်နဲ့ ငါးကြီးဆီ

-ဒါကတော့ လိမ်းဖို့ မဟုတ်ဘူး။ မှီဝဲဖို့ပါ။ ယောင်ယမ်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဇင့်ဓာတ်ကြွယ်ဝသော အသီးအနှံနဲ့ အားဆေးတွေကိုမှီဝဲပေးပါ။ omega 3 fatty acid ကြွယ်ဝတဲ့ ငါးကြီးဆီကလည်း ဝက်ခြံအတွက် ဆေးစွမ်းတစ်လက်ပါပဲနော်။

.

နောက်ဆုံး အနေနဲ့ ဝက်ခြံသမားတွေ အသားအရည်ထိန်းသိမ်းပစ္စည်းတွေ ဝယ်ယူရင် salicylic acid, tea tree oil, green tea စတာတွေကို အခြေခံပြီးထုတ်လုပ်ထားတာတွေကို ရွေးချယ်ပါလို့ အကြံပေးပါရစေနော်။

.

ဝက်ခြံလေးကင်းပြီး တူတူလှကြရအောင်..

.

Scarlette(ဆေး၁)

ဆက်စပ် ဆောင်းပါးများ