ကိုယ့်အသားရည်နဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်ကြမလဲ?

ကိုယ့်အသားရည်နဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်ကြမလဲ?

ခုခေတ်မှာ Skincare ပစ္စည်းမျိုးစုံက လက်တစ်ကမ်းမှာတင် ဈေးအစားစား၊ အမျိုးအမည် စုံလင်စွာနဲ့ ဝယ်ယူလို့ရနေပါတယ်။ ဒါပေမဲ့ ကိုယ့်အသားရည်နဲ့ ကိုက်အောင် ဘယ်လိုရွေးဝယ်ရမလဲဆိုတာတော့ တော်တော်ခေါင်းရှုပ်စရာပါနော်။ ရွေးချယ်စရာတွေ များလွန်းတော့ ရွေးရလဲခက်တယ်။

Skincare ပစ္စည်းတွေ ဆိုတာကလည်း ဟိုတစ်ခု ဒီတစ်ခု ဗျောက်သောက်ဝယ်လို့ ကောင်းတဲ့အရာမဟုတ်ဖူးလေနော်… Series လိုက်ဝယ်ရတာဆိုတော့ ကိုယ့်နဲ့အဆင်မပြေတာကို ရွေးချယ်မှုမှားခဲ့ရင် အရမ်းနှမြောစရာကောင်းပါတယ်။

အဲ့အတွက် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

Skincare ဝယ်ဖို့ ကိုယ့်အသားရည်က ဘာအမျိုးစားလဲဆိုတာ အရင်သိဖို့လိုပါတယ်။

အဆီပြန်တတ်တဲ့သူတွေနဲ့ ပေါင်းစပ်အသားရည် ( combination skin) တွေက ရေဓာတ်ကို အခြေခံထုတ်ထားတဲ့ water based gel type products တွေကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပြီး Dry skin အသားခြောက်တတ်တဲ့သူတွေက Oil base cream type တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်။

များသောအားဖြင့် skincare တွေဝယ်မယ်ဆို အားလုံးက လက်မှာစမ်းလိမ်းကြပါတယ်။ အဲဒါက မှားပါတယ်။လက်အသားရည်နဲ့ မျက်နှာ အသားရည်ဟာလုံးဝ မတူပါဘူး။

ဘယ်နေရာမှာ စမ်းသပ်သင့်လဲဆိုရင် ကိုယ်ခန္ဓာတစ်ခုလုံးမှာ မျက်နှာအသားရည်နဲ့ အနီးစပ်ဆုံးတူတာက ပေါင်တွင်းသားပါရှင်။ အဲ့ဒါကြောင့် skincare ဝယ်မယ်ဆို Sample ပေးထားတာတွေကို အားမနာပဲ မရှက်ပဲ ပေါင်တွင်းဖက်နေရာမှာ လိမ်းကြည့်ပါ။

အနည်းဆုံး ၂ နာရီလောက်ထားရပါမယ်။ အချိန်ပေးနိုင်ရင်တော့ တစ်ညလိမ်းအိပ်ကြည့်ပါ။ အဲ့မှာမှ ပေါင်အတွင်းသား အရည်ပြားမှာ နီတာ၊ယားတာ၊ပူတာ၊ အဖုပေါက်တာ မရှိဘူးဆိုမှ ကိုယ့်မျက်နှာပေါ်ကို ဒီ Skincare ကိုစိတ်ချလက်ချ လိမ်းလို့ရပါပြီရှင်။

ကဲ..အဲ့တော့ ကိုယ်နဲ့အဆင်မပြေတဲ့ အသားရည်ထိန်းသိမ်း ပစ္စည်းတွေမလိုအပ်ပဲ မဝယ်မိအောင်၊ ဝယ်ပြီးမှ ကိုယ့်အသားရည်နဲ့မကိုက်လို့ မလိမ်းပဲ ပစ်ထားရတာမျိုး မဖြစ်ရလေအောင် ဒီနည်းလမ်းလေးက ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

Scarlette(ဆေး၁)

ဆက်စပ် ဆောင်းပါးများ