ဝက်ခြံသမားတွေအတွက် Skincare နဲ့ Makeup ရွေးချယ်နည်း

ဝက်ခြံသမားတွေအတွက် Skincare နဲ့ Makeup ရွေးချယ်နည်း

-ဝက်ခြံပေါက်လေ့ရှိတဲ့သူ တွေအတွက် မျက်နှာမှာ ဘာလိမ်းရမလဲလို့ စဉ်းစားဝယ်ယူရတာဟာ တော်တော်ကိုအာရုံနောက်စရာ ကိစ္စတစ်ခုပါရှင်။ ခုခေတ်လို လက်တစ်ကမ်းမှာတင် ရွေးချယ်စရာ Brand အမျိုးမျိုး၊ productsအမျိုးမျိုးက ရှိနေတော့ ကြော်ငြာအားကိုး တစ်ခုထဲနဲ့ ကောင်းနိုးရာရာ ရွေးသုံးစမ်းသုံးကြည့်ဖို့ ဆိုတာကလဲ တော်တော် အရဲစွန့်ရာကြတဲ့ ကိစ္စတစ်ခုပါ။

ကဲ..အဲတော့ ဝက်ခြံသမားတွေအတွက် ဘာproduct မျိုး ရွေးဝယ်သင့်လဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်နော်…

-ဝက်ခြံသမားတော်တော်များများက Oily skin အဆီပြန်အသားရည်နဲ့ Combination skin ပေါင်းစပ်အသားရည်( T zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးတစ်ဝိုက်မှာ အဆီ အရမ်းပြန်ပြီး ပါးပြင်လေးနှစ်ဖက်က ခြောက်နေတာမျိုးပါ။) ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

Skincare အရောင်းဝန်ထမ်းတော်တော်များများက ဝက်ခြံသမားတွေကို အဆီပြန်တယ်ဆိုပြီး oil control product တွေကိုပဲ ရောင်းပေးတတ်ကြပါတယ်။

ဒီနေရာမှာ ရှင်းပြချင်တာက အဆီပြန်တယ်ဆိုတာ မျက်နှာအရည်ပြားက လုံလောက်တဲ့ ရေဓာတ်မရတဲ့အတွက်ကြောင့် အသားခြောက်နေတယ်လို့ ယူဆပြီး သတ်မှတ်ထားတဲ့ အစိုဓာတ်

အောင် အလိုအလျောက် အဆီတွေကို ထုတ်ပေးတဲ့သဘောပါ။ အရည်ပြားက Oil & water balance ကို တာဝန်ယူုပြီး လုပ်ဆောင်နေတာပါ။

အဲဒါကို အဆီပြန်တယ်ဆိုပြီး အဆီခြောက်စေတဲ့ product တွေကိုပဲ ဆက်သုံးနေမယ်ဆိုရင် အရည်ပြားက ငါဒီလောက် အဆီထုတ်နေတာတောင် အသားခြောက်နေတုန်းပဲ၊ ငါထုတ်တဲ့ အဆီကမလုံလောက်လို့ လို့ ယူဆပြီးအဆီ ၂ ဆ ထွက်လာတာပါပဲ။

ဒီသဘောတရားကို အရင်နားလည်ဖို့လိုအပ်ပါတယ်။ အဲ့တော့ ဝက်ခြံပေါက်နေတယ် အဆီပြန်နေပါတယ်ဆိုမှဘာလိမ်းရမလဲပေါ့။ အဓိကက အရေပြားရဲ့လိုအပ်နေတဲ့ အစိုဓာတ် တစ်နည်း ရေဓာတ်ကို အရင် ဖြည့်ပေးရမှာပါ။ အရည်ပြားက သူလိုအပ်နေတဲ့ အစိုဓာတ်ရရှိသွားရင် အဆီထွက်တာက အလိုအလျောက်နည်းသွားမှာပါရှင်။

အဲ့အတွက် ဝက်ခြံပေါက်တယ် အဆီပြန်တယ်ဆိုတဲ့ သူတွေက ရေဓာတ်ကို အခြေခံပြီးထုတ်ထားတဲ့ gel type product တွေကို အဓိကထားပြီး အသုံးပြုသင့်ပါတယ်။ Cream type ၊ lotion type အစား အရေပြားထဲ စိမ့်ဝင်လွယ်တဲ့ gel type ကို သုံးပေးရမှာပါရှင်။

နောက် Whitening ပါတဲ့ Product တွေ Vitamin C ပါတဲ့ product တွေကို ဝက်ခြံသမားတွေ အသုံးမပြုရပါဘူး။အရေပြားကို လှုံ့ဆော်စေနိုင်တဲ့ Paraben, fragrances တွေ ပါတာတွေကို ရှောင်ရပါမယ်ရှင်။

ဝက်ခြံကို သက်သာစေနိုင်တဲ့ Tea tree, Bija, Salicylic acid ,green tea, volcanic mud စတာတွေကို အခြေခံထုတ်ထားတဲ့ gel type product တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်။

ဝက်ခြံအရမ်းထွက်တဲ့ ကာလမျိုးမှာဆိုရင် ပျောက်ချင်ဇောနဲ့ skincare တွေအရမ်းမလိမ်းပဲ aloevera gel, bamboo gel စတဲ့ ရေဓာတ်ပဲဖြည့်ပေးတဲ့ gel အေးအေးလေးပဲ လိမ်းရင်း အသားရည်ကို အနားပေးထားသင့်ပါတယ်ရှင့်။

ကဲ..ဝက်ခြံကင်းတဲ့ မျက်နှာလေးအတွက် ဒီဆောင်းပါးလေးက ကူညီပေးမယ်လို့ မျှော်လင့်ပါတာ်နော်..

Scarlette(ဆေး၁)

ဆက်စပ် ဆောင်းပါးများ