ဆီလီကွန်မလိုပဲ သဘာဝအတိုင်း ရင်သားကြီးစေမည့်နည်းလမ်းများ

 

ဆီလီကွန်မလိုပဲ သဘာဝအတိုင်း ရင်သားကြီးစေမည့်နည်းလမ်းများ

အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားပြည့်စုံမူတွင် ရင်သားအလှသည် အဓိကပါဝင်ပါတယ်။တင် ရင် တင်းရငိးလှပနေမူသည် အမျိုးသမီးကို ပိုမိုလှပ မိမိကိုယ်မိမိယုံကြည်မူတိုးစေပါတယ်။သို့သော်လည်း အမျိုးသမီးတိုင်းသည် မိမိကိုယ်အလေးချိန်။အရပ်နှင့်ကိုက်ညီသော ပြည့်စုံသောရင်သားတစ်စုံ မရှိနိုင်ပါ။အမျိုးသမီးအများစုသည် သေးငယ်သောရင်သားတစ်စုံသာပိုင်ဆိုင်ပြီး မိမိတကိုယ်ရည်အလှအတွက်အားငယ်တတ်ကြပါတယ်။
ရင်သားသေးငယ်ရသောအကြောင်းရင်းသည်တစ်ဦးနှင့်တစ်ဦး အကြောင်းရင်းမတူညီပါ။ယခုအခါ အမျိုးသမီးများသည်မိမိရင်သားကြီးထွားရန် ခွဲစိတ်မူပြုလုပ်ကာ ဆီလီကွန်ထည့်မူများပြုလုပ်လာကြပါတယ်။သို့သော် ခွဲစိတ်မူနည်းလမ်းများသည် ကုန်ကျစရိတ်မြင့်မားကာ ဆိုးကျိုးများလည်း အများအပြားရှိပါတယ်။ထို့ကြောင့်အခြားမည်သည့်နည်းလမ်းများဖြင့် အန္တရာယ်ကင်းစွာ ရင်သားကြီးစေရန်ပြုလုပ်ရသနည်းဆိုသောအဖြေကို ရှာကြပါတယ်။သဘာဝနည်းလမ်းများဖြင့် ရင်သားတင်းရင်းကြီးထွားစေသောနည်းများရှိပါတယ်။
ရင်သားဖွဲ့စည်းမူ အတွင်းရှိ အသားစိုင်အနေအထားသည် တစ်ဦးနှင့်တစ်ဦးမတူညီပါ။အချို့အမျိုးသမီးများတွင် ရင်သားအဆီနည်းပြီ အချို့တွင်ရင်သားအဆီများတတ်ပါတယ်။ကိုယ်အလေးချိန်တိုးလာအောင်လုပ်ခြင်းသည် ရင်သားကြီးထွားစေသောနည်းလမ်းမဟုတ်ပါ။ရင်သားကြီးထွားစေသောနည်းလမ်းများမှာ အောက်ပါတို့ဖြစ်ပါတယ်။

(1)ရင်သားကိုနှိပ်နယ်ခြင်း

ရင်သားနှစ်ဘက်ကို ပုံမှန်နှိပ်နယ်ပေးခြင်းသည် ရင်သားသဘာဝနည်းဖြင့်ကြီးထွားဖွံဖြိုးစေရန်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။သင်သည်တနေ့လျှင်မိနစ်၃၀ခန့်ရင်သားကိုပုံမှန်နှိပ်နယ်ခြင်းသည် တလအတွင်းခွက်တစ်ခွက်စာရင်သားကြီးထွားလာကြောင်းသတိထားမိလာပါလိမ့်မယ်။ရင်သားနှိပ်နယ်ခြင်းသည် သွေးလည်ပတ်မူကောင်းစေပြီးရင်သားကြီးထွားစေသောဟော်မုန်းများစေပါတယ်။

(2)ကျန်းမာရေးနှင့်ညီညွတ်သောအဆီများစားပါ

ကျန်းမာရေးနှင့်ညီညွတ်သောအဆီများဖြစ်တဲ့ ဥအမျိုးမျိုး။အစေ့များ။ထောပတ်။ငါးစသည်တို့သည် ရင်သားကြီးထွားစေရန်အထောက်အကူပြုပါတယ်။

(3)အီစထရိုဂျင်ကြွယ်ဝသောအစာအစားပါ

ရင်သားအရွယ်အစားသည် ကိုယ်ခန္ဓာမှထွက်သောဟော်မုန်းများတွင်လည်းမူတည်ပါတယ်။အီစထရိုဂျင်ဟော်မုန်းအထွက်နည်းလျှင်ရင်သားကြီးထွားမူသေးစေပါတယ်။ထိုအခက်အခဲကို ပြေလည်စေရန် အီစထရိုဂျင်ကြွယ်ဝသော အသီးများ။နှမ်းစေ့များ။ကြက်ခေါင်းကိုစွပ်ပြုတ် စသည်တို့ကိုစားသုံးပါ။

(4)ဆေးဘက်ဝင်သစ်ဥသစ်ဖုများစားသုံးပါ

ရင်သားကြီးထွားရန် အကူအညီပေးသောဆေးဘက်ဝင်သစ်ဥသစ်ဖုများစွာရှိပါတယ်။
စမုံစပါးသည် ရင်သားကြီးထွားစေရန်အထောက်အကူပြုပါတယ်။

(5)ရင်သားကြီးထွားစေသောလေ့ကျင့်ခန်းများပြုလုပ်ပါ

လေ့ကျင့်ခန်းအချို့သည် ရင်သားကြီးထွားစေရန်အထောက်အကူပြုပါတယ်။
-နံရံတွန်းခြင်း
နံရံရှေ့မတ်တပ်ရပ်ကာလက်၂ဘက်ဆန့်ပြီး နံရံကိုတွန်းပေးပါ။တခါတွန်းဆယ်စက္ကန့်ဖြင့် တနေ့၂၀ကြိမ်ပြုလုပ်ပါ။
-လက်မောင်းလှည့်ခြင်း
မတ်တပ်ရပ်ပါ။လက်ကိုဆန့်တန်းကာနာရီလက်တန်းကဲ့သို့ ၁၀ကြိမ်ပြုလုပ်ပါ။တနေ့ ၁၅မိနစ်ပြုလုပ်လျှင် အချိန်တိုအတွင်းရင်သားကြီးလာစေပါတယ်။

(6)အိမ်မူကိစ္စများပြုလုပ်ပါ

ယခုအခါ အလိုအလျောက်လျပ်စစ်သုံးကိရိယာများဖြင့် အိမ်မူကိစ္စပြုလုပ်ခြင်းကိုရှောင်ကာ မိမိလက်အားအသုံးပြုရသောကိစ္စများပြုလုပ်ပါ။ဥပမာ ငရုတ်သီးထောင်းခြင်း။ကြမ်းတိုက်ခြင်း

အထက်ပါနည်းလမ်းများကိုအသုံးပြုပါက ဆိုးကျိူးလုံးဝမရှိဘဲ တင်းရင်းကြီးထွားလှပသော ရင်သားအလှတရားများကို ပိုင်ဆိုင်နိုင်ကြမည်မှာအသေချာပင်ဖြစ်ပါသည်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ