
မျက်တောင်စိုက်စရာ၊ဆက်စရာမလိုဘဲ ကော့ရှည်လာစေမဲ့နည်းလမ်းများ
ကော့ညွတ်သွယ် မျက်တောင်အလှလေးပိုင်ဆိုင်လိုသူ မိန်းကလေးများအတွက် ယခုခေတ်အခါ မျက်တောင် ဆက်ခြင်း။စိုက်ခြင်း။အတုတပ်ခြင်းများအလွယ်တကူပြုလုပ်နိုင်သော်လည်း အဆိုပါနည်းများကြောင့်လည်း အလှပျက်သွားမည်ကိုစိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းများသည်  မျက်တောင်ရှည်စေခြင်းကိုလွယ်ကူရိုးရှင်းသောနည်းလမ်းများဖြင့်ပြုလုပ်နိုင်ပါတယ်။မျက်တောင်ကော့ရှည်စေသောနည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ကြက်ဆူဆီ

ကြက်ဆူဆီ ၂စက်ကိုမျက်တောင်မွှေးပေါ်သုတ်လိမ်းပြီး တညထားပါ။ကြက်ဆူဆီမှာပါဝင်သော အားဖြည့်အဆီသည် မျက်တောင်ရှည်လာစေပြီးပိုမိုထူထပ်စေပါတယ်။ကြက်ဆူဆီသည် အမွှေးအိတ်များကိုအာဟာရဖြစ်စေပြီးantioxidantsကြောင့် ထူထဲစေပါတယ်။

(2)သံလွင်ဆီနှင့် ကြက်ဆူဆီ

သံလွင်ဆီနှင့်ကြက်ဆူဆီကိုရောပြီးမျက်တောင်ကိုသုတ်လိမ်းပေးပါ။တညအိပ်ထားပြီးမျက်နှာသစ်ချလိုက်ပါ။အဆီ၂ခုပေါင်းအစွမ်းကြောင့်မျက်တောင်ရှည်လာသည်ကိုအံ့သြဖွယ်ရရှိလာပါလိမ့်မယ်။ညစဉ်ပြုလုပ်ပါ။

(3)Petroleum

အလှဆီအနေဖြင့်အသုံးပြုရျ်ရသော ဓာတ်ဆီအပျော့ကိုမျက်တောင်ပေါ်သေချာစွာသုတ်လိမ်းပေးပါ။ညစဉ်ပြုလုပ်ပေးပါက ရှည်လျားထူထပ်သန်မာသောမျက်တောင်အလှကိုရရှိစေနိုင်ပါလိမ့်မယ်။

(4)သံလွင်ဆီနှင့်ကြက်ဆူဆီထဲစိမ်ထားသောလိမ္မော်ခွံ

လိမ္မော်အခွံကို သေးသေးလှီးကာ အဆီထဲတွင် ၂ရက်၃ရက်စိမ်ထားပါ။ထို့နောက်အဆိုပါအဆီကို ညအိပ်ရာဝင်ခါနီးတိုင်းလိမ်းပေးပါ။လိမ္မော်အခွံတွင်ပါဝင်သော Vit Aနှင့် Cအစွမ်းကြောင့်မျက်တောင်ပိုမိုကျန်းမာသန်စွမ်းရှည်လျားစေပါတယ်။

(5)လက်ဘက်ဆီ

လက်ဘက်ရွက်ကိုရေနွေးပူထဲစိမ်ပါ။အဆိုပါရေကို အအေးခံကာမျက်တောင်ကိုလိမ်းပေးပါ။ပါဝင်သောantioxidantကြောင့် မျက်တောင်ပိုမိုရှည်လျားထူထဲစေပါတယ်။

(6)သိုးနိူ့အဆီ

သဘာဝသိုးနို့မှအဆီထုတ်ထားသောထောပတ်အနည်းငယ်ကို လက်ထဲအရည်ပျော်အောက်ပြုလုပ်ပြီး မျက်တောင်ပေါ်သုတ်လိမ်းပေးပါ။အဆိုပါထောပတ်သည် vit aနှင့် vit eကြောင့်အမွှေးများအားဖြည့်ပြီး သန်စွမ်းစေပါတယ်။

(7)Vit E

Vit E ကို မျက်တောင်တွင်လိမ်းကာ ၃နာရီခန့်ထားပေးပါ။မျက်တောင်အရင်းမှအဖျားထိ အားဖြည့်ပေးပြီး ထူထဲရှည်လျားစေပါတယ်။

(8)Biotin

Biotin ပါဝင်သော အားဆေးတောင့်များကိုနေ့စဉ်မှီဝဲပါက ပါဝင်သောVit Hကြောင့် အမွှေးများထူထဲစေကာ ကျွတ်ခြင်းပါးခြင်းကိုအထူးကာကွယ်ပေးပါတယ်။
မျက်တောင်မွှေးများကို ဆံပင်လေးများကဲ့သို့ အထက်ပါနည်းမျကိုအသုံးပြုရျ်ဂရုစိုက်ပေးပါက သဘာဝအတိုင်းရှည်လျားကော့ညွှတ်သော မျက်တောင်ကလေးများပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
မျက်တောင်မွှေးသန်မားရှည်လျားစေရန်သတိထားသင့်သောအချက်များမှာ
-ညအိပ်ခါနီးအချိန်တိုင်း မိမိမျက်နှာပေါ်ရှိ မိတ်ကပ်အပါအဝင်မျက်တောင်ကော့ဆေးကအစ မိတ်ကပ်ဖျက်ဆေးရည်ဖြင့်ညင်သာစွာ ဖျက်ပြီးမှအိပ်ပါ။သို့မဟုတ်ပါက မျက်တောင်များကျွတ်ဆတ်ပါးလျကျွတ်နိုင်ပါတယ်။
-မျက်တောင်များကို ၂လတခါ၃လတခါ ညှိပေးပါ။
-မျက်တောင်မွှေးအတွက်လိုအပ်သောအစာအစားများကိုသေချာစားပေးပါ။ပန်းသီး။မန်လကာသီး။စတော်ဘယ်ရစသောအသီးများ။အစိမ်းရောင်ရှိသောအသီးအရွက်များစသည်တို့ကို စားသုံးပါ။
-မျက်တောင်ကို ဘရတ်ရှ်နဲ့တိုက်ပေးပါ။
-မျက်တောင်နေရာကိုနှိပ်နယ်ပေးပါ။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ