ဆီလီကွန်ရင်သားရဲ့  နောက်ဆက်တွဲများ

 

ဆီလီကွန်ရင်သားရဲ့  နောက်ဆက်တွဲများ

`အု အား ပြားချပ်ချပ်´လို့ ဆိုရတဲ့ဒွေးကြေငြာက အခုခေတ်မှာရီစရာပါ။ပြားနေတာကို ဖောင်းအောင်။သေးရာကနေ ကြီးအောင်။မရှိတာကို အရှိလုပ်လို့ရတဲ့ ခေတ်မှာ အမျိုးသမီးများအတွက် ရင်သားဆီလီကွန်ထည့်ခြင်းသည် အထူးအဆန်းတော့မဟုတ်ပါ။ဆီလီကွန်ထည့်ခြင်းသည် အလွယ်တကူပြုလုပ်ရျ်ရသောအစားထိုးကုသမူတစ်ခုပင်ဖြစ်ပါတယ်။ရင်သားဆီလီကွန်ထည့်ခြင်းကို ကြီးမားသောသုတေသနပြုချက်အရ အချို့အရာများသည် စိုးရိမ်စရာမရှိသော်လည်း ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးဖြစ်လာနိုင်သည်ကို တွေ့ရှိရပါတယ်လို့ MedicalNewsTodayမှာဖော်ပြထားပါတယ်။
ရင်သားဆီလီကွန်ထည့်ခြင်းသည် ရင်သားအရွယ်အစားနှင့်ပုံစံကိုအလွယ်တကူပြုပြင်ရျ်ရသောအစားထိုးကုသမူတစ်ခုပင်ဖြစ်ပါတယ်။ရင်သားဆီလီကွန်ထည့်ခြင်းသည် အချို့အမျိုးသမီးများအတွက် ကိုယ်ခန္ဓာအလှအပ ပိုမိုပေါ်လွင်စေရန် ပြုလုပ်သော်လည်း အချို့ကမူ ရောဂါအခြေအနေကြောင့်ဖြတ်ထုတ်ရာတွင် သဘာဝအနေအထားပြန်ရရှိရန်ရည်ရွယ်ပါတယ်။
ပေါ်ပြူလာအဖြစ်ဆုံးနှင့် ဆေးဝါးနှင့်အစားအသောက်ကွပ်ကဲမူမ(FDA)မှခွင့်ပြုချက်ရသောရင်သားအစားထိုးမူမှာ ဆေလိုင်းအရည်(Saline Solution)

နှင့်ဆီလီကွန်ဂျယ်(Silicon Gel)ပဲဖြစ်ပါတယ်။
Saline ရင်သားတုသည် ဆီလီကွန်အခွံနှင့်အတွင်းက salineအရည်ဖြည့်ထားခြင်းဖြစ်ပါတယ်။ဆီလီကွန်ရင်သားတုသည် ဆီလီကွန်အခွံနှင့်ဆီလီကွန်gelဖြစ်ပါတယ်။
FDAသည် ရင်သားဆီလီကွန်ကို ၁၉၉၂ခုနှစ်ထိ သင့်တော်သောအစားထိုးမူမဟုတ်ဟူရျ် ယူဆကာလက်ခံခြင်းမရှိခဲ့ပါ။
၂၀၀၀ခုနှစ်အစောပိုင်းတွင် FDAသည် salineရင်သားတုကိုအသက်၁၈နှစ်အထက်အမျိုးသမီးများတွင် ရင်သားအစားထိုးရန်ခွင့်ပြုချက်ပေးခဲ့ပါတယ်။ဆီလီကွန်ရင်သားအစားထိုးခြင်းကိုတော့ ကန့်သတ်ချက်အနည်းငယ်နှင့်ခွင့်ပြုခဲ့ပါတယ်။၂၀၀၆ခုနှစ်တွင် FDAသည် ဆီလီကွန်ရင်သားတုကို အလှအပနှင့်အစားထိုးခွဲစိတ်မူအတွက် ခွင့်ပြုခဲ့ပါတယ်။
၂၀၁၁ခုနှစ်တွင် FDAသည် ရင်သားအစားထိုးမူသည် anaplastic large cell lymphomaလို့ခေါ်တဲ့ကင်ဆာနှင့်ဆက်စပ်မူရှနိုင်တယ်လို့ယူဆကြပါတယ်။
သုတေသနပြုချက်အရ ရင်သားအစားထိုးထားသောအမျိုးသမီးများသည်ရောဂါအချို့ရဲ့စိုးရိမ်စရာအနေအထားဖြစ်လာနိုင်သည်ကို တွေ့ရှိရပါတယ်။ရင်သားအစားထိုးခြင်းသည် ဘေးကင်းမူရှိရဲ့လား ဟူသောFDAလေ့လာမူများစွာပြုလုပ်ခဲ့ကြပါတယ်။၂၀၀၇-၂၀၁၀အတွင်း ရင်သားဆီလီကွန်ထည့်သူလူ တစ်သိန်းကိုလေ့လာခဲ့ကြပါတယ်။အမျိုးသမီး၈သောင်းခန့်သည် ဆီလီကွန်ရင်သားထည့်ခဲ့ရျ် ကျန်သူများက salineပါသောရင်သားတုထည့်ခဲ့ကြပါတယ်။၇၂ရာခိုင်နူန်းသည် ကြီးထွားရန်ထည့်ခဲ့ခြင်းဖြစ်ပြီး ကျန်သူများသည် ရင်သားအနေအထားပြုပြင်ရန်ထည့်ခဲ့ကြပါတယ်။
လေ့လာချက်အရ ဆီလီကွန်ရင်သားတုထည့်သော အမျိုးသမီးများသည် မမျှော်လင့်ဘဲဆိုးရွားသောဆိုးကျိုးများခံစားရနိုင်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးများသည် ဖြစ်နိုင်ရန် ခဲယဉ်းလှသော်လည်းဖြစ်လာခဲ့လျှင်လည်း ဆိုးရွားနိုင်ပါတယ်။scleroderma;RA;Sjogren syndromeအစရှိသောရောဂါများဖြစ်နိုင်ပါတယ်။အဆိုပါရောဂါများကို ရင်သားတုထည့်သူများသည် မထည့်သူများထက် ခြောက်ဆမှ ရှစ်ဆထိဖြစ်နိုင်ချေရှ်ပါတယ်။ဆီလီကွန်ရင်သားတုသည် ကလေးအသေမွေးခြင်းနှင့်အရေပြားကင်ဆာအန္တရာယ်နှင့်လည်းဆက်စပ်မူရှိပါတယ်။
သုတေသနပြုချက်အရ ဆီလီကွန်ရင်သားတုထည့်ရာတွင် ခွဲစိတ်မူရဲ့နောက်ဆက်တွဲဆိုးကျိုးများလည်းခံစားရနိုင်ပါတယ်။saline ရင်သားတုနှင့်ယှဉ်လျှင် ရင်သားတုဘေးတွင် အရေပြားကျုံ့မူဖြစ်နိုင်ချေရှိပါတယ်။
နောက်ဆက်တွဲကြုံတွေ့လာနိုင်သောဆိုးကျိုးအချို့မှာ
-ထပ်မံခွဲစိတ်ရခြင်း
-ရင်သားနာကျင်ကိုက်ခဲခြင်း
-နို့သီးခေါင်းပြောင်းလဲခြင်းနှင့်ရင်သားထိတွေ့မူခံစားမူပြောင်းလြင်း
-ရင်သားဘက်မညီခြင်း
-ရင်သားတုပေါက်ကွဲပြားကပ်ခြင်း (saline)
-ဆီလီကွန်ပေါက်ကွဲခြင်း
-ရင်ခေါင်းနံရိုးများပုံပျက်ခြင်း
-အနာကျက်နှေးခြင်း
-ပိုးကူးစက်ခြင်း
-သွေးခဲခြင်း
-အသားဆွေးခြင်း
-အရေပြားဓာတ်မတည့်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။

ဆက်စပ် ဆောင်းပါးများ