
နှုတ်ခမ်းအသားပပ် နေပြီလား
ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။ဒီလိုဖြစ်နေပြီဆိုရင် မစိုးရိမ်ပါနဲ့ ။ စိုးရိမ်စိတ် stress စိတ်ဖိစီးမှူတွေ တက်ရင် ပိုစိုးတတ်လို့ပါ။ နည်းလမ်းလေးတွေရှိပါတယ် ။ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။) ခရမ်းချဉ်သီး၊     မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍ သောက်ပါ။ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။ သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။ အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည်(ခေါ်)rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။ ဗီတာမင်အီး အဆီဆေးလုံး ဖောက်၍လိမ်းပါ။  ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။ နွားနို့ကရင်မင် လိမ်းပေးပါ။နေမထိပါစေနှင့်။ လေစိမ်းတိုက်မခံပါနှင့်။ မကြာခဏ တံတွေးဆွတ်ခြင်းကလည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။  ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်ပေးပါ။နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။ အေ ရပြား ဆဲလ်တွေ သေခြင်းကြောင့် နှုတ်ခမ်းသားတွေအဖတ်လန် လာရပါတယ်။ နောက်ထပ်ဆဲလ်တွေ မသေနိုင်အောင်ကြိုတင် ကာကွယ်သည့်အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေး ပွတ်တိုက် ပေးပါ။
Dr.Z
ဆက်စပ် ဆောင်းပါးများ