
အမာရွတ်တကယ်ပျောက်ချင်ရင်..

.တစ်ခုလောက် မေးခွင့်ပြုပါ။လူကြီးမင်းရဲ့ ခန္ဓာကိုယ်မှာ အမာရွတ် ဘယ်နှစ်ခုလောက်ရှိပါသလဲ။”တစ်ခုမှမရှိဘူး စင်းလုံးချောပဲ” ဆိုရင်တော့ လူကြီးမင်းဟာ အတော့်ကိုထူးထူးဆန်းဆန်း လူတစ်ယောက်ဖြစ်နေပါပြီ။ဘာလို့လည်းဆိုတော့  ပျမ်းမျှအနေနဲ့ လူတစ်ယောက်မှာ အမာရွတ်သုံးခုလောက်တော့ ရှိတတ်ကြပါတယ်လို့ သုတေသနတချို့က ပြောပြနေလို့ပါ။မှန်ပါတယ်။အမာရွတ်ဆိုတာ လူတော်တော်များများမှာ ရှိတတ်ကြတဲ့အရာတစ်ခုပါပဲ။မြင်ရတဲ့နေရာမှာရှိနိုင်သလို  မမြင်ရတဲ့နေရာမှာလည်း ရှိနိုင်ပါတယ်။သေးသေးလေးဖြစ်နိုင်သလို အကြီးကြီးတွေလည်းဖြစ်နိုင်တယ်။ဒီတော့ “ဒီအမာရွတ်တွေ ဘာကြောင့်ဖြစ်ရတာလဲ။ဘယ်လိုပုံစံတွေရှိနိုင်သလဲ။အမာရွတ်တွေပျောက်အောင် လုပ်လို့ရသလား။ဘယ်လို လုပ်ရသလဲ” အစရှိတာတွေနဲ့ ပတ်သက်ပြီး သိထားသင့်ပါတယ်။ဘာလို့ဆိုတော့ တချို့သောအမာရွတ်တွေဟာ ကိုယ့်ရဲ့အလှအပကို ပျက်စေယုံသာမက လမ်းမထွက်ရဲလောက်တဲ့အထိတောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဖျက်ဆီးပစ်နိုင်တာမို့ပါပဲ။၁။ဘာလို့ အမာရွတ်တွေ ဖြစ်ရတာလဲအမာရွတ်တွေရဲ့ ၃၄ % လောက်ဟာ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ ထိခိုက်ရှနာတွေ အသေးစားအပူလောင်တာတွေကြောင့် ဖြစ်ပါတယ်။တခြားအမာရွတ်ဖြစ်စေတဲ့အကြောင်းတွေကတော့ခွဲစိတ်မှုတွေခံယူရတာကြောင့် (၂၀%)ထိခိုက်ဒဏ်ရာရမှုတွေကြောင့် (၁၅%)ကိုယ့်ဆန္ဒအရ ခွဲစိတ်မှုခံယူတာကနေ (၁၅%)အလှအပဆိုင်ရာခွဲစိတ်မှုတွေကနေ (၁၀%) နဲ့ မှဲ့တွေဖယ်ရှားတာမျိုးကနေ (၆%) တို့ ဖြစ်ပါတယ်။၂။အမာရွတ် ဘယ်နှစ်မျိုးရှိသလဲပုံမှန်အမာရွတ်အစပိုင်းမှာ အနည်းငယ်ရောင်ရမ်းပြီး အနက်ရောင်သမ်းနေပါမယ်။အချိန်ကြာလာတာနဲ့အမျှ အရောင်လည်းကျသွားပြီး မှိန်သွားတာမို့ ကြည့်ရဆိုးတဲ့အဆင့်ထိတော့ မရောက်တာများပါတယ်။ချိုင့်ဝင်သောအမာရွတ်သူကတော့ အရေပြားပေါ်မှာ အချိုင့်တွေအပေါက်တွေအဖြစ်နဲ့တွေ့ရပါမယ်။ဝက်ခြံထွက်ပြီးတဲ့အခါ ရေကျောက်ပေါက်ပြီးတဲ့အခါမျိုးတွေမှာ တွေ့နိုင်ပါတယ်။ဖောင်းကြွသောအမာရွတ်သူကျတော့ အရေပြားအပေါ်မှာပါ ဖောင်းကြွမြင့်တက်လာတဲ့အမာရွတ်မျိုးပါ။ကော်လေဂျင်တွေ အလွန်အကျွံထွက်တာကြောင့်ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးတွေမှာတွေ့ရပါတယ်။ဖြစ်တဲ့နေရာကနေတော့ ရွေ့ပြီး မပွားတတ်တဲ့အမာရွတ်မျိုးပါ။ကီးလွိုက်သူလည်း အရေပြားပေါ်မှာ ဖောင်းကြွမြင့်တက်ပြီးပေါ်လာတဲ့ အမာရွတ်မျိုးပါပဲ။ဒါပေမဲ့ သူက ဖြစ်တဲ့နေရာကိုပါကျော်ပြီး ပြန့်ပွားနိုင်တဲ့အမာရွတ်မျိုးဖြစ်တာကြောင့် အတော်ဆိုးပါတယ်။အချိန်ကြာလေ ကြီးလာလေလေလည်း ဖြစ်နိုင်ပြီး ခွဲထုတ်ဖြတ်ထုတ်လိုက်တာတောင် ပြန်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ကျုံ့ဝင်အမာရွတ်ဒီလိုအမာရွတ်မျိုးကိုတော့  မီးလောင်ဒဏ်ရာရပြီးတဲ့အခါ  ဒါမှမဟုတ် အမာရွတ်တွေက အဆစ်တွေကို ကျော်ဖြတ်ပြီး ဖြစ်တဲ့အခါမျိုးမှာ တွေ့ရပါတယ်။ဒီလိုဖြစ်တဲ့အခါ ဆန့်ထုတ်နိုင်တဲ့စွမ်းရည်လျော့ကျသွားတာကြောင့် ပုံမှန်လှုပ်ရှားမှုတွေပြုလုပ်ဖို့ပါ အခက်အခဲတွေ ရှိတတ်ပါတယ်။အကြောပြတ်ရာများဒီလိုအမာရွတ်မျိုးကို  အချိန်တိုအတွင်း ကိုယ်အလေးချိန်အရမ်းတက်သွားတဲ့အခါမျိုးမှာ တွေ့ရပါတယ်။ဥပမာ ကိုယ်ဝန်ဆောင်တဲ့အခါမျိုးပါ။အရေပြားအတွင်းထဲက တစ်ရှုးလေးတွေ အဆန့်လွန်လို့ ပြဲသွားပြီး အရေပြားပေါ်မှာ အဲ့လိုအရာလေးတွေပေါ်လာတာဖြစ်ပါတယ်။၃။အမာရွတ် ပျောက်အောင် ဘာလုပ်မလဲဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အမာရွတ်တွေရှိနေပြီဆို စိတ်ထဲမှာ မသက်မသာခံစားရတတ်ပါတယ်။အထူးသဖြင့် အမျိုးသမီးတွေမှာဆို စိတ်ဓာတ်ကျတာ ယုံကြည်မှုကျဆင်းတာတွေအဖြစ်များပါတယ်။အဝတ်အစားဝတ်ဆင်တာကအစ ဝတ်ချင်တာမဝတ်ရဲအောင် ဖြစ်ရတာမျိုးတွေလည်း ရှိတာမို့ ဖြစ်နိုင်ရင် အမာရွတ်တွေကို ပျောက်အောင်လုပ်ချင်ကြပါတယ်။ဒီအတွက် အကြံပေးပါမယ်။အမာရွတ်ဆိုတာ လုံးဝပျောက်ကင်းသွားအောင် လုပ်လို့တော့ မရနိုင်ပါဘူး။ဒါပေမဲ့ ရှိလို့ရှိမှန်း မသိအောင်  မှိန်သွားအောင် လုပ်နိုင်တဲ့နည်းလမ်းတော့ ရှိပါတယ်။လူကြီးမင်းအနေနဲ့ လူကြီးမင်းရဲ့ မြင်အပ်မမြင်အပ်အရပ်ရပ်က အမာရွတ်အကြီးအသေးတွေ သက်သာလျော့ပါးအောင် လိမ်းဆေးတစ်ခုခုလိမ်းမယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုပါစို့။ဒါဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ဒီ့ထက်ပိုပြီး မှန်ကန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ ဘယ်လိုလိမ်းဆေးမျိုးကို ရွေးချယ်သင့်တယ်ဆိုတာ အကြံပေးပါမယ်။အမာရွတ်တွေ သက်သာလျော့ပါးဖို့ လိမ်းဆေးရွေးချယ်တဲ့နေရာမှာ ဒီအချက်တွေနဲ့ ကိုက်ညီရင် လိမ်းဆေးကောင်းလို့ ယူဆလို့ ရပါတယ်။ဒါတွေကတော့  Vit E ပါဝင်ခြင်း နဲ့  သဘာဝသစ်ပင်ပန်းမန်များမှထုတ်ယူထားသော အဆီဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။Vit E ပါဝင်ခြင်းVit E ဟာ အသားအရေအစိုဓာတ်ကိုမြှင့်တင်ပေးနိုင်တဲ့အတွက် အမာရွတ်တွေရော အနီးအနားက အရေပြားကိုပါ ကြည့်ကောင်းရှုကောင်းဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။သဘာဝသစ်ပင်ပန်းမန်များမှထုတ်ယူထားသော အဆီဖြစ်ခြင်းဓာတုဗေဒပစ္စည်းတွေထက်စာရင် သဘာဝသစ်ပင်ပန်းမန်တွေရဲ့အဆီဟာ အရေပြားရောင်ရမ်းတာတွေကိုလျော့ကျစေတဲ့အပြင် အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ဥပမာ  လာဗန်ဒါပန်း နဲ့  ရို့စ်မေရီပန်းအဆီတွေဟာ ဒဏ်ရာရထားတဲ့အရေပြားကို လျင်မြန်စွာ အနာကျက်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ဒါကြောင့်  ဖြစ်ခါစအမာရွတ်တွေမှာဆို အဲဒီအဆီပါတဲ့လိမ်းဆေးမျိုး လိမ်းပေးရင် လုံးဝနီးပါးသက်သာပျောက်ကင်းစေနိုင်ပါတယ်။နောက်ထပ်သတိထားရမဲ့အချက်ကတော့ လိမ်းဆေးအဆီရဲ့ အပျစ်အကျဲပါ။အဆီခပ်ကျဲကျဲမျိုးကိုဆို အရေပြားကပိုမိုစုပ်ယူနိုင်တဲ့အတွက် ဆေးအာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ PurCellin Oil™ လို့ခေါ်တဲ့အဆီတစ်မျိုးဟာ အဆိုပါအစွမ်းသတ္တိရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်  PurCellin Oil™ ပါတဲ့ အမာရွတ်လိမ်းဆေးအဆီမျိုး ရနိုင်ရင် အများကြီး အဆင်ပြေနိုင်ပါတယ်။နောက်ပြီး  ဒီအဆီတွေလိမ်းတဲ့အခါမှာ အနာကျက်ပြီးတာ သေချာမှ လိမ်းဖို့လိုပါတယ်။များသောအားဖြင့် တစ်နေ့ကို ၂ ကြိမ်နဲ့ အနည်းဆုံး ၃ လ လိမ်းပေးဖို့တော့ လိုအပ်ပါမယ်။လိမ်းတဲ့အခါမှာလည်း အရေပြားထဲမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံအသာအယာနှိပ်နယ်ပြီး လိမ်းပေးသင့်ပါတယ်။ကဲ လူကြီးမင်းရဲ့ မြင်အပ် မမြင်အပ် အရပ်ရပ်က အမာရွတ်တွေအတွက် စိတ်ညစ်နေစရာမလိုတော့ဘူူးလို့ထင်ပါတယ်။ခုပြောခဲ့တဲ့အချက်တွေ အများဆုံးပါဝင်တဲ့ လိမ်းဆေးအဆီတမျိုးမျိုးသာ ပြေးရှာပြီး လိမ်းလိုက်ပါတော့။အမာရွတ်ဆိုတာ ဘာမှမဟုတ်တော့မှန်း သိသွားပါလိမ့်မယ်။Dr.လန်း

ဆက်စပ် ဆောင်းပါးများ