ဗိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားကြမယ်   

ဗိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားကြမယ်

အမျိုးသမီး အများစုဟာ ဗိုက်ပူတာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစားမယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။

အဆင့် (၁) လေ့ကျင့်ခန်း-ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ

ကြမ်းပြင်ပေါ်လေးဖက်ထောက် အနေအထားမျိုး နေပါ။ လက်နှစ်ဖက် အကွာအဝေးက ပခုံးတွေထက် အနည်းငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့်ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့်ပါတယ်။ ပြီးရင် နဂိုအနေအထားမှာ ပြန်နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။

တင်ပါးမြှင့်လေ့ကျင့်ပါ

ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါးတွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင်လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံးနဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း

စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာပါတယ်။ ကော်တီစောဟော်မုန်း မြင့်တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။

အဆင့် (၃) အစားအစာ

ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ်ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရိုတင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါတယ်။ လိုက်နာသင့်တဲ့ အစာစားနည်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

– အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး- နှစ်မျိုး ပါဝင်ပါစေတစ်နေ့မှာ ကယ်လိုရီနည်း အစာကို လေးကြိမ် – ငါးကြိမ်စားရင် ဟင်းသီးဟင်းရွက်စားဖြစ်နိုင်ခြေက ၄ – ၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။

– ရေများများသောက်ပါ။ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက်ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်ခန့် သောက်ပါ။

– အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ်ကို စားပါ။ ပရိုတင်းပါတဲ့ အစာက အစာကြေလွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီများများလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာဗိုက်ပြည့် နေစေပါတယ်။

– အဆီကို မကြောက်ပါနှင့်။ အိုမီဂါ 3 ဖက်တီးအက်စစ်ပါတဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေးငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။

Dr.Z

ဆက်စပ် ဆောင်းပါးများ