ပျက်စီးနေတဲ့ အသားအရေကို ငွေမကုန်ပဲ ထိန်းသိမ်းကြမယ်

ပျက်စီးနေတဲ့ အသားအရေကို ငွေမကုန်ပဲ ထိန်းသိမ်းကြမယ်

ယနေ့ခေတ်မှာ အသားအရေအတွက် ထိခိုက်မှုလဲ မဖြစ်စေ ငွေလဲမကုန်စေပဲ အသားအရေတွေ ထိန်းသိမ်းလာတတ်ကြပါတယ်။ သဘာဝက နည်းလမ်းတွေဟာ ဘယ်တော့မဆို ထိခိုက်မှုနည်းပီး အကျိုးအာနိသင်များပါတယ်။ စိတ်ချလက်ချသုံးလို့ရပီး ထိရောက်မဲ့ နည်းလမ်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်။

၁။ရှားစောင်းလက်ပတ် (Aloe Vera)

ဒါကတော့ နာမည်ကြီးလေးပေါ့။အရေပြားကို ရေဓာတ်ပြည့်ဝစေလို့ ဝက်ခြံပေါက်ပီးကျန်ခဲ့တဲ့ အသားအရေကို တဖြည်းဖြည်း ကုစားပေးမှာပါ။အမဲစက် အမာရွတ်တွေအတွက်ကောင်းပြီး ဆဲလ်သေတွေလဲ ဖယ်ရှားပေးမှာနော့်။Antioxidant လဲပါတာမို့ အရွယ်တင်နုပျိုစေပါတယ်။

အသုံးပြုပုံ……

ညအိပ်ခါနီး မျက်နှာသစ်ပီးလိမ်းရင်တော့ မနက်ထတာနဲ့ချောမွေ့ကြည်လင်တဲ့ အသားအရေကိုရမှာပါ။

၂။အာလူး

သူ့မှာပါတဲ့ဓာတ်ဟာ အသားအရောင်မညီတာ အမဲစက် အမာရွတ်တွေအပေါ်ပါးပါးလေး လိမ်းရုံနဲ့ သက်သာစေမှာပါ။ မျက်ကွင်းညိုတာတွေလဲ သက်သာစေမယ်နော့။

အသုံးပြုပုံ…….

အကွင်းလိုက်လှီးပြီးမျက်ကွင်းညိုတဲ့နားကို သံပုရာသီးအရည်ညှစ်ထားတာနဲ့ ရောပီးအုံထားပေးပါ။ နာရီဝက်ခန့်တင်ထားပေးပါ။ တလဆိုတာနဲ့ ထူးခြားတာကိုမြင်ရမှာနော်။ အမဲစက်အတွက်ဆိုလဲ အမဲစက် အမာရွတ်တွေရှိတဲ့နေရာကို တို့ထားပီးအိပ်ရုံပါပဲ။

၃။ကြက်ဥအကာ

ကြက်ဥအကာမှာ luteinပါလို့ အများကြီးအသုံးဝင်ပါတယ်။ အရေပြားကို ရေဓာတ်ပြည့်ဝစေပြီး တင်းရင်းစေ အကျုံ့အဆန့်ကောင်းစေလို့ အရွယ်တင်စေမှာပါ။နောက်ပီး ဆဲသေတွေကိုဖယ်ရှားပေးလို့ တဖြည်းဖြည်းဝင်းလက်လာမှပါ။

အသုံးပြုပုံ……မျက်နှာပေါင်းတင်ခြင်း

အကာအသားနည်းနည်းယူပီးသန့်ရှင်းတဲ့မျက်နှာပေါ်တပြင်လုံးလိမ်းပါ။ နာရီဝက်လောက်နေရင်တော့ ရေနွေးလေးနဲ့ သစ်ပေးပါ။ နှစ်ရက်ခြားတခါ လုပ်ပေးရုံနဲ့ နှစ်လပြည့်ရင် ဝင်းလက်ကျန်းမာတဲ့မျက်နှာပိုင်ရှင်ဖြစ်မှာပါ။

၄။ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပီးမျက်နှာတပြင်လုံးပွတ်ပေးပါ။ နှစ်လနေရင် တောက်ပနေတဲ့ အသားအရေရမှာပါ။ နှာခေါင်းက ဆားဝက်ခြံတွေအတွက်ဆိုရင်တော့ ထက်ခြမ်းခြမ်းထားတဲ့ ခရမ်းချဉ်သီးအပေါ် သကြားဖြူးပီး နှာခေါင်းပေါ်ပွတ်ပေးပါ ။ချက်ချင်းချောမွေ့ပီး အမဲစက်ကင်းစင်မှာပါ။

၅။Vaseline Petroleum Jelly

ဒါကတော့မိတ်ကပ်ဖျက်ရင် အသုံးဝင်ပါတယ်။ တနေကုန်လိမ်းထားတဲ့မိတ်ကပ်တွေကို ဒါနဲ့ဖျက်ပီး မျက်နှာသစ်လိုက်ရုံနဲ့ အသားအရေထိန်းသိမ်းပြီးသားဖြစ်မှာပါ။

ကဲ အန္တရာယ်ကင်းကင်းနဲ့ ငွေမကုန် လူမပန်းပဲ လှကြမယ်နော်။