အကြောပြတ်ခြင်း(Stretch Marks)အတွက် အကောင်းဆုံးအဖြေ                                

   အကြောပြတ်ခြင်း(Stretch Marks)အတွက် အကောင်းဆုံးအဖြေ

သင့်အရေပြားဟာ တကယ်တော့ လှပပြီး တန်ဖိုးကြီးတဲ့ ပိုးသားဝတ်ရုံလေးလိုပါပဲ။အရေပြားရဲ့အောက်မှာ အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတွေကို အကာအကွယ် ပေးထားပါသေးတယ်။အဲဒီ ပိုးသားဝတ်ရုံလေးမှာ အစွန်းအထင်းတခုပေတာပဲဖြစ်ဖြစ် သေးသေးလေးစုတ်ပြဲသွားတာမျိုးပဲဖြစ်ဖြစ် ကြည့်ရလည်း ဆိုးစေပါတယ်။သင့်အရေပြားမှာ ဒီလိုတွေ ဖြစ်ခဲ့ရင်တော့ ကြည့်ရဆိုးစေတဲ့အပြင် အန္တရာယ်ပါဖြစ်နိုင်သေးပါတယ်။အရေပြားမှာ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေ အမာရွတ်တွေ အကြောပြတ်တာတွေ နဲ့ အဖုအထစ်တွေဟာ သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ဘာလို့ အကြောပြတ်တာလဲ

အရေပြားပေါ်မှာ မြင်တွေ့ရလေ့ရှိတဲ့ အကြောပြတ်တာတွေကို အင်္ဂလိပ်လို Stretch marks လို့ ခေါ်ပါတယ်။ဒီအကြောပြတ်တဲ့ အကြောင်းအကြောင်းလေးတွေဟာ သင့်ခန္ဓာကိုယ်ကြီးထွားဖွိ့ဖြိုးလာတဲ့အခါတိုင်း ဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့် ဒီအကြောပြတ်တဲ့အရေးအကြောင်းလေးတွေကို ဝလာတဲ့အခါ ကြီးကောင်ဝင်လာတဲ့အခါ ကိုယ်ဝန်ဆောင်တဲ့အခါနဲ့ ခန္ဓာကိုယ်ကြီးထွားစေမဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါတွေမှာ အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ကြီးထွားမှုနှုန်းက ကော်လေဂျင် (Collagen)တည်ဆောက်မှုနှုန်းထက် အဆမတန်ပိုများနေလို့ဖြစ်ပါတယ်။

ဘယ်နေရာတွေမှာ အများဆုံးတွေ့နိုင်လဲ

တကယ်တော့ အကြောပြတ်တယ်လို့ခေါ်တဲ့အရေးအကြောင်းတွေဟာ အရေပြားအောက်က အမာရွတ်တွေလို့တောင် ပြောလို့ရပါတယ်။ဒီအရေးအကြောင်းတွေဟာ အမျိုးသမီးတွေမှာ အတွေ့ရများတယ်ဆိုပေမဲ့ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။နေရာအနှံ့မှာ ဖြစ်နိုင်ပြီး များသောအားဖြင့် ပေါင်တွေ ခြေသလုံးတွေ တင်ပါးတွေ ဗိုက်တွေမှာ အတွေ့ရများပါတယ်။

သူ့အလိုလို ပျောက်သွားနိုင်လား

အချိန်ကြာတဲ့အခါ အရောင်မှိန်တာမျိုး ဖြစ်နိုင်ပေမဲ့ အကြောပြတ်တဲ့အရေးအကြောင်းတွေဟာ သူ့အလိုလိုတော့ မပျောက်သွားနိုင်ပါဘူး။တကယ်လို့ သင် ပြန်ပြီးတော့ ပိန်သွားတာတောင် အဲဒီ အမှတ်တွေ ကျန်နေနိုင်ပါသေးတယ်။

ဘယ်လို ပျောက်အောင် လုပ်မလဲ

စိတ်မပူပါနဲ့ ။ဒီအတွက် အဖြေရှိပါတယ်။ “Bio-Oil” ဆိုတဲ့ လိမ်းဆေးအဆီပါ။ဒီအဆီဟာ အကြောပြတ်တဲ့အရေးအကြောင်းတွေကိုသာမက အမာရွတ်တွေ ဝက်ခြံတွေ အမဲစက်တွေ နဲ့ အသားရောင်မညီတာတွေကိုပါ သိသိသာသာ သက်သာစေပါတယ်။ဒါ့အပြင် အသားအရေခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်မီအိုမင်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။အကြောပြတ်ခြင်းကို အများဆုံးခံစားရလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးမွေးပြီးစမိခင်တွေအတွက် အလွန်အသုံးဝင်ပါတယ်။

” Bio-Oil” ကို ဘာတွေနဲ့ ဖော်စပ်ထားသလဲ

ဒီ Bio-Oil အဆီကို ဂျာမန်အလှအပရေးရာ သိပ္ပံပညာရှင် Dieter Beir က ဖန်တီးခဲ့တာပါ။Bio Oil ကို သဘာဝသစ်ပင်ပန်းပင်တွေနဲ့ ဗီတာမင်အချို့ကို ပေါင်းစပ်ပြီး အဆီပုံစံထုတ်လုပ်ထားပါတယ်။ဒါပေမဲ့ Bio Oil မှာ ထူးခြားတဲ့အဆီတစ်မျိုးပါဝင်ပါသေးတယ်။ဒါကတော့ ” PurCellin Oil™” လို့ခေါ်ပါတယ်။” PurCellin Oil™ ” ဟာ Bio Oil ရဲ့ အကျိုးအာနိသင်တွေကို အဓိကပေးတဲ့အဆီတစ်မျိုးပဲဖြစ်ပါတယ်။

Bio Oil ကို ဘယ်လို သုံးရမလဲ

-မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် အကြောပြတ်တဲ့အရေးအကြောင်းတွေရှိရာနေရာကို အရေပြားထဲစိမ့်ဝင်သွားတဲ့အထိ လိမ်းပေးနိုင်ပါတယ်။ -တစ်နေ့ ၂ ကြိမ် နဲ့ ၃ လ တိတိ လိမ်းပေးမယ်ဆိုရင် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ခံစားရပါလိမ့်မယ်။ -ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ဒီလို အကြောပြတ်နိုင်တဲ့နေရာတွေဖြစ်တဲ့ ဗိုက် ရင်သား ပေါင် နဲ့ တင်ပါးတွေကို ကိုယ်ဝန်ဆောင်ကာလ လေးလမြောက်ကနေ စတင်လိမ်းပေးနိုင်ပါတယ်။

သုံးဖူးတဲ့သူတွေက ဘာပြောလဲ

-လာဗန်ဒါအနံ့သင်းသင်းလေးနဲ့မို့ လိမ်းရတာ အဆင်ပြေပါတယ်။ စေးကပ်ကပ်မဖြစ်တာကလည်း အဆင်ပြေတဲ့နောက်တချက်ပါ။နောက်တခုက ဈေးလည်းသက်သာပြီး အကြာကြီးလည်း အသုံးခံပါသေးတယ်။ -အရေးအကြီးဆုံးကတော့ လတ်တလောထွက်လာတဲ့အကြောပြတ်တဲ့အမှတ်တွေ တဖြေးဖြေးမှေးမှိန်သွားပြီး ထပ်ပြီးလည်း အသစ်တွေ မထွက်တော့တာပါပဲ။ ဒါကြောင့် အကြောပြတ်တဲ့အမှတ်တွေ အမာရွတ်တွေ ဝက်ခြံတွေအတွက် ဘာမှ စိတ်ပူစရာမလိုတော့ပါဘူး။ပန်းပေါင်းစုံပါတဲ့ Bio-Oil အဆီလေး တစ်နေ့ ၂ ကြိမ်သာ လိမ်းလိုက်ပါ။စိုပြေသန့်ရှင်းပြီး အရေးအကြောင်းကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါရစေ။

ဆက်စပ် ဆောင်းပါးများ