အမာရွတ်ပျောက်စေတဲ့ အိမ်တွင်းဆေးနည်းများ

အမာရွတ်ပျောက်စေတဲ့ အိမ်တွင်းဆေးနည်းများ

လူတိုင်းသည် မိမိတွင်အမာရွတ်ရှိသည်ကိုမနှစ်မြို့ကြပါ။အမာရွတ်သည် ဒဏ်ရာရလို့ဖြစ်စေ။ဝက်ခြံ။အကောင်ကိုက်လို့ဖြစ်စေရရှိနိုင်ပါတယ်။အထူးသဖြင့်အခြားသူအလွယ်တကူတွေ့နိုင်သောက်နှာ။လက်တို့တွင်ရှိပါက ဖျောက်ဖျက်ရန်အမြဲတစေကြိုးစားကြပါတယ်။အမာရွတ်ပျောက်ရန် အိမ်တွင်းဆေးမြီတိုနည်းလေးများ လက်ဆင့်ကမ်းဝေမျှလိုက်ပါတယ်။
အမာရွတ်မဖျောက်ခင် အမာရွတ်အကြောင်းလေးသိသင့်ပါတယ်။အမာရွတ်ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ကွဲပြားပါတယ်။
-ချိုင့်ကွက်ကဲ့သို့အမာရွတ်
ကုတ်ဖဲ့သောကြောင့် ချိုင့်ကွက်ကဲ့သို့ဖြစ်နေသောအမာရွတ်
-ကီးလွိုက်အမာရွတ်
အမဲရောင် ကြီးမာသောအဖုအလုံးကဲ့သို့ကြည့်ရရုပ်ဆိုးသောအမာရွတ်
-အဖုလိုဖြစ်နေသောအမာရွတ်
အများဆုံးဖြစ်တတ်သောအမာရွတ်အမျိုးအစားဖြစ်ပါတယ်။
အမာရွတ်သည်ဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်ရျ် ပုံစံအမျိုးမျိုးကွဲပြားခြားနားတတ်ပါတယ်။နည်းလမ်းများသည်လည်းအချိန်အတိုင်အတာတစ်ခုထိပြုလုပ်ရန်လိုအပ်ပါတယ်။
(1)လိမ္မော်ရည်
ပထမဦးဆုံးအနေဖြင့်အမာရွတ်အနီးတဝိုက်ကိုသန့်စင်အောင်ပြုလုပ်ပါ။ညှစ်ထားသောလိမ္မော်ရည်ထဲကို ဂွမ်းလုံးအသန့်ကိုနှစ်ရျ် အမာရွတ်ကိုတို့ပေးပါ။ဆယ်မိနစ်ခန့်အကြာထားပြီး ရေသေချာဆေးချပါ။တနေ့၂ကြိမ်ပြုလုပ်ပေးပါ။လိမ္မော်ရည်တွင်ပါဝင်သောAHA အက်ဆစ်သည် မကောင်းသောဆဲလ်များဖယ်ရှားပေးပြီးအမာရွတ်ကိုသဘာဝနည်းဖြင့်ချွတ်ပေးသောကြောင့်အမာရွတ်သည်ထင်ရှားမူလျော့ကာ အချိန်အတန်ကြာလျှင် ပျောက်ကင်းစေနိုင်ပါတယ်။
(2)ပျားရည်
ပျားရည်နှင်မုန့်ဖုတ်ဆော်ဒါကို ရောမွှေပါ။ပြီးလျှင်အမာရွတ်ပေါ်သုတ်လိမ်းပေးပါ။ထို့နောက် ပေါင်းထားသောအပူငွေ့ရှိသောသဘက်စကို အဆိုပါနေရာတွင်အုပ်ထားပါ။သဘက်စ အေးလျှင် အဆိုပါနေရာကိုသုတ်ချရျ် သန့်ရှင်းရေးပြုလုပ်ပေးပါ။တနေ့၂ကြိမ်ပြုလုပ်ပေးပါ။အဆိုပါနည်းသည် ပျားရည်တွင်ရှိသော နုပျိုစေသောအစွမ်းသည် တစ်ရှုးများအငစ်ပြန်ဖြစ်ရန်အားပေးပြီး မုန့်ဖုတ်ဆော်ဒါသည် ဆဲလ်အသေများဖယ်ရှားကာ ချောမွေ့သောအသားအရေပြန်လည်ရရှိစေနိုင်ပါတယ်။
(3)ကြက်သွန်နီ
ကြက်သွန်နီကိုပါးပါးလှီးအရည်ညစ်ပါ။ကြက်သွန်နီအရည်ကိုအမာရွတ်ပေါ်သို့သုတ်လိမ်းပေးပါ။၁၅မိနစ်ခန့်အခြောက်ခံပါ။ရေဆေးချပါ။ကြက်သွန်နီတွင်ပါဝင်သော အရောင်ကျစေသောအစွမ်းနှင့် ကိုလက်ဂျင်ထုတ်မူတားစေသောအစွမ်းတို့ကြောင့်အမာရွတ်သည်တဖြေးဖြေးပါးလာပါလိမ့်မယ်။တနေ့၃ကြိမ်ပြုလုပ်ပေးပါ။
(4)ရှာစောင်းလက်ပတ်
ရှာစောင်းလက်ပတ်အစေးကို အမာရွတ်အပေါ်သုတ်လိမ်းပေးပါ။၎င်းတွင်ပါဝင်သော အရေပြားဆဲလ်အသစ်ဖြစ်သေမူကိုအားပေးသောအစွမ်းကြောင့် အရေပြားညစ်ညမ်းမူသက်သာစေပါတယ်။နေ့စဉ် ၃ကြိမ်ပြုလုပ်ပေးပါ။
(5)Gooseဘယ်ရီပေါင်ဒါ
Gooseဘယ်ရီပေါင်ဒါမူန့်ကို သံလွင်ဆီရောပြီး အမာရွတ်ပေါ်သုတ်လိမ်းပေးပါ။၁၀မိနစ်ခန့်ထားပါ။ရေဆေးချပေးပါ။တစ်ရက်ခြားပြုလုပ်ပေးပါ။Gooseberryတွင်ပါဝင်သော ဗီတာမင်စီသည်အမာရွတ်ကြီးလာမူကိုဟန့်တားပြီးသံလွင်ဆီသည် အာဟာရရှိအောင်အားဖြည့်ပေးပါတယ်။
(6)လက်ဘက်စိမ်း
လက်ဘက်စိမ်အဆီတစ်စက်၂စက်ကို ရေနှင့်သံလွင်ဆီရောပါ။အမာရွတ်ပေါ်သုတ်လိမ်းပေးပါ။တစ်ညထားပါ။ညစဉ်အိပ်ရာဝင်တိုင်းလိမ်းပေးပါ။လဘက်စိမ်းတွင်ပါဝင်သော phytochemicals ကြောင့်အမာရွတ်ကိုသက်သာစေပါတယ်။အမာရွတ်ဆီသို့သွေးရောက်မူများစေကာ ပိုးကူးစက်မူကိုကာကွယ်ပေးပါတယ်။
အထက်ပါအိမ်သုံးနည်းများအပြင် ဈေးကွက်အတွင်းအလွယ်တကူဝယ်ယူရရှိနိုင်သောဆေးများလည်းရှိပါတယ်။
(7)ဆေးဆိုင်တွင်အလွယ်တကူဝယ်ယူနိုင်သောလိမ်းဆေးများ
အရေပြားအထူးကုဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာအကြံပေးချက်အညီသင့်တော်သော အမာရွတ်လိမ်းဆေးများကိုအလွယ်တကူဝယ်ယူနိုင်ပါတယ်။
(8)အမာရွတ်ပျောက်စေသောအလှပြင်ပစ္စည်းများ
အမာရွတ်ပျောက်စေသောအလှပြင်ပစ္စည်းများဖြင့် အမာရွတ်ကို ဖယ်ရှားပေးလိုါရပါတယ်။မိမိနှင်သြင့်တော်သော   အမာရွတ်ပျောက်စေသောအလှပြင်ပစ္စည်းများ ရွေးချယ်ရျ် ချေးချွတ်ပေါင်းတင်ပါ။အဆိုပါနည်းသည်အပေါ်ယံအမာရွတ်များကိုအလွယ်တကူပျောက်ကင်းစေပါတယ်။
(9)လေဆာဖြင့်ဖျောက်နည်း
အမာရွတ်အကြီးစားများသည် အထက်ပါနည်းဖြင့်ဖျောက်ရန်မလွယ်ကုူပါ။ထိုအခါလေဆာနည်းဖြင့် အသုံးပြုနိုင်ပါတယ်။လေဆာဖြင့် ကီးလွိုက်အမာရွတ်ကိုဖျောက်ရန်သင့်တော်ပါတယ်။လေဆာနည်းသည် အချိန်တိုအတွင်းမည်သည့်အမာရွတ်မဆိုအမြန်ပျောက်ကင်းပါတယ်။
အထက်ပါနည်းလမ်းများအသုံးပြုရျ် အမာရွတ်ကြောင့်စိတ်မသက်သာဖြစ်နေသောသင့်အရေပြားကို အမာရွတ်ကင်းစင်သောဘဝသို့ပြန်လည်ရောက်ရှိရန်ကြိုးစားသင့်ပါတယ်။

ဆက်စပ် ဆောင်းပါးများ