သဘာဝအတိုင်း နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်ဖို့

 

သဘာဝအတိုင်း နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်ဖို့

ကောက်လိုက် ဖြောင့်လိုက်တို့ဆံပင်တွေဘယ်သူအတွက်လဲ ချစ်အတွက်ပါပဲ ဟူရျ် အမျိုးမျိုးသောပြုပြင်မူတွေကြောင့်သင်ဆြံပင်ပါးလာသည်ကို ကြည့်ရတာစိတ်ပျက်စရာပါ။အထူးသဖြင့် ဆံပင်စုစည်းသောအခါ ဆံပင်နားသန်ထောင့်လေးနားမှာ ဆံပင်ကျွတ်ရျ် ပါးလျနေသည်မှာ ကြည့်ရအလွန်ဆိုးပါတယ်။အဆိုပါဆံပင်ထောင့်နေရာပါးလျနေသည်ကို သဘာဝအတ်ုင်းပြန်အားဖြည့်ပေါက်လာအောင် ဘယ်လိုနည်းသုံးသင့်သလဲအဖြေရှာနေသူများအတွက် ရိုးရှင်းသောနည်းများဖော်ပြလိုက်ပါတယ်။
ဆံပင်ကျွတ်ခြင်းသည် အမျိုးသားရော အမျိုးသမီးများပါဖြစ်နိုင်သော်လည်းအများအားဖြင့်အမျိုးသားများသည် ထိပ်ပြောင်တတ်ရျ် အမျိုးသမီးများသည် ဆံပင်နားသန်ထောင့်နားလေးများပါးလျလာတတ်ပါတယ်။

(1)ဖြစ်စေသောအကြောင်းရင်းများမှာ

-မျိုးရိုးဗီဇကြောင့်ဖြစ်စေခြင်း
-ဆံပင်ကိုတင်းကျပ်စွာစည်းနှောင်ခြင်း
-ဆံပင်ပြုပြင်ခြင်း
-ဟော်မုန်းမညီမျှခြင်းစသည်တို့ကြောင့် အဖြစ်များပါတယ်။

(2)သဘာဝနည်းလမ်းများဖြင့် ဆံပင်ပြန်လည်ပေါက်ရျ် သန်စွမ်းစေနိုင်သောနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

-သံလွင်ဆီ
သံလွင်ဆီသည် အလှအပအတွက်အမျိုးမျိုးအဖုံဖုံအသုံးဝင်သောအဆီဖြစ်ပါတယ်။သံလွင်ဆီအနည်းငယ်ကိုအပူပေးကာ ဦးရေပြားကို လိမ်းခြယ်နှိပ်နယ်ပေးပါ။ဆံပင်နားသန်ထောင့်နေရာအဓိကထားပါ။ ၁၅မိနစ်ခန့် ပွတ်လိမ်းပေးပါ။ထို့နောက်တနေကုန်ထားလိုက်ပါ။အလုပ်မှအပြန် သံလွင်ဆီအနည်းငယ်နှင့်ထပ်မံပွတ်လိမ်းပြီးနောက် ရေအေးဖြင့်ဆေးချပေးပါ။သံလွင်ဆီဖြင့်နှိပ်နယ်ပေးမူကြောင့် ဆံပင်အမွှေးပေါက်များကိုလှုံဆော်မူပေးကာ သွေးလည်ပတ်မူအားကောင်းရျ် ဆံပင်များပြန်လည်ထူထပ်လာပါလိမ့်မယ်။တစ်ပတ်လျှင် ၂-၃ကြိမ်ပြုလုပ်ပါ။

-ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အသားကိုခြစ်ယူကာ ဆံပင်တစ်ခုလုံးသုတ်လိမ်းပေးပါ။တစ်နာရီခန့်အကြာ ခေါင်းလျော်ရည်အပျော့ဖြင့်လျော်ချလိုက်ပါ။ရှားစောင်းလက်ပတ်တွင်ပါဝင်သော ဆံပင်သန်စွမ်းစေသောဗီတာမင် A;B;C နဲ့E ကြောင့်ဆံပင်အာဟာရပြည့်ကာ ပြန်လည်သန်စွမိးလာပါလိမ့်မယ်။တစ်ပတ် ၃-၄ကြိမ်ပြုလုပ်ပါ။

-ကြက်သွန်နီ
သင့်မီးဖိုချောင်ထဲက ကြက်သွန်နီသည်လည်းသင့်ဆံပင်အတွက်အထူးကောင်းမွန်သည်ကိုမမေ့ပါနဲ့။ကြက်သွန်နီကိုအရည်ညစ်ကာဆံပင်နားသန်ထောင့်ပါးသောနေရာကိုသုတ်လိမ်းပေးပါ။၁၅မိနစ်ထားပြီးနောက်ခေါင်းလျော်ရည်အပျော့ဖြင့်လျော်ပါ။ကြက်သွန်နီတွင် ဆာဖာလ်ပါဝင်မူများေကြောင့်ဆံပင်ကျွတ်စေသောပိုးမွှားများသေစေနိုင်သည့်အပြင်သွေးလည်ပတ်မူကောင်းကာဆံပင်ပြန်လည်ထူးလာနိုင်ပါတယ်။

-လက်ဖက်စိမ်း
လက်ဖက်စိမ်းခြောက်နှစ်ထုပ်ကို ဖျော်ပါ။ပြီးနောက်အအေးခံကာ ဦးရေပြားနှင့်ဆံပင်တခုလုံးသုတ်လိမ်းပေးပါ။မိနစ်၃၀အကြာရေဆေးချပါ။လက်ဖက်စိမ်းတွင်ပါဝင်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဦးရေပြားဆဲလ်များပျက်ဆီးခြင်းကိုကာကွယ်ပြီးကျန်းမာသန်စွမ်းသောဆံပင်များပြန်လည်ရရှိစေနိုင်ပါတယ်။

-အားလူးပြုတ်ရည်
အရွယ်အနေတော်အားလူး၂လုံးအလုံးအတိုင်းကို ရေထဲထည့်ပြုတ်ကာ ရရှိလာသောအားလူးပြုတ်ရည်ကိုအအေးခံပါ။ထိူ့နောက် ပုံမှန်အတိုင်း ခေါင်းလျော်ပါ။နောက်ဆုံးတွင်အဆိုပါအာလူးပြုတ်ရည်နှင့်ခေါင်းလျော်လိုက်ပါ။အားလူးတွင်ပါဝင်သော vit B;vit C ;ဇင့်နှင့်နာရာစင် တို့ကြောင့်ဆံပင်များအာဟာရပြည့်ကာကျန်းမာသန်စွမ်းစေပါတယ်။

-အုန်းဆီ
သဘာဝအုန်းဆီအသုံးပြုသူနည်းလာသောကြောင့်အဆိုပါနည်းပါထည့်သွင်းရေးသားလိုက်ပါတယ်။အုန်းဆီကိုအနည်းငယ်နွေးအောင်ပြုလုပ်ရျ် တစ်ခေါင်းလုံးရွှဲအောင်ပြုလုပ်ပေးပါ။မိနစ်၃၀အကြာရေးဆေးချလိုက်ပါ။အုန်းဆီတွင်ပါဝင်သော Fatty acidသည် ဦးရေပြားအားဖြည့်ကာဆံသားများပျော့ပြောင်းနူးညံစေပါတယ်။ပိုးစေနိူင်သောကြောင့် ဆံပင်များကျန်းသန်စွမ်းစေပါတယ်။
အထက်ပါ လွယ်ကူသက်သာဘေးအန္တရာယ်ကင်းစေသောသဘာဝနည်းလမ်းများကို တစ်ပတ်လျှင် ၂ကြိမ် ၃ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့်ဆံပင်သန်စွမ်းမူကိုပြန်လည်ရယူလိုက်ပါ။

Dr.ပြည့်ရှင်း

unicode Vesrion

 

ဆက်စပ် ဆောင်းပါးများ