သမင်မမျက်လုံးပိုင်ရှင် ဖြစ်လိုပါက

သမင်မမျက်လုံးပိုင်ရှင် ဖြစ်လိုပါက

မိန်းမသားတယောက်မှာ အရိုး၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏ကောင်းခြင်း၊အသား၏ကောင်းခြင်း၊အရွယ်၏ကောင်းခြင်းဆိုပြီး ကောင်းခြင်းငါးဖြာရှိပါတယ်။ ထိုကောင်းခြင်းငါးဖြာထဲမှာမပါပေမယ့် အရေးကြီးတဲ့ကောင်းခြင်းတပါးရှိသေးသည်။ ထိုအရာကား မျက်လုံးအလှ ဖြစ်သည်။

မိန်းမသားတို့ရဲ့မျက်လုံးအလှကို ဖွဲ့ထားသော သီချင်းများစွာရှိသည်။ မျက်လုံးမှာ ညို့ဓါတ်ရှိသည်။ ပါးစပ်နဲ့ စကားပြောစရာမလိုဘဲ မျက်လုံးခြင်း စကားပြောနိုင်သည်။ အကြည့်တချက်မှာ ငြိသွားနိုင်သည်။

က္ကုတ္ထိ ရူပံ ဓနံ လို့ မြတ်စွာဘုရားက ဟောကြားခဲ့သည်။ မိန်းကလေးတွေရဲ့မျက်လုံးအလှ ကောင်းခြင်းသည် အခြားကောင်းခြင်းများကဲ့သို့ ပုရိသတို့အား ဆွဲဆောင်ညို့ယူဖမ်းစားနိုင်သည်။

မျက်လုံးကလေးရွှန်းလဲနေဖို့၊ တောက်ပကြည်လင်နေဖို့ အရေးကြီးသလို မျက်လုံးရဲ့အောက်မှာ အရေးအကြောင်းတွေမရှိဖို့လည်းလိုအပ်ပါတယ်။ မျက်လုံးအောက်မှာအရေးအကြောင်းတွေရှိနေရင် အသက်ကြီးကြောင်းပြသနေသလိုဖြစ်ကာ မိမိအလှကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်လုံးရဲ့ညို့ဓါတ်ကိုပါ ထိခိုက်လျော့ကျစေနိုင်ပါတယ်။

ဒီတော့ မျက်ခွံများနဲ့ မျက်လုံးအောက်ဘက်ရှိ မျက်ရစ်များတွင် အရေးအစင်းကြောင်းများမရှိစေရန် နေ့စဉ် နွားနို့ အစိမ်းအေးအေး(ဆိုလိုတာက မကျိူချက်ထားတဲ့နွားနို့)နဲ့ အနည်းငယ်ဆွတ်ပေးပါ။ မျက်ခွံများနဲ့ မျက်လုံးအောက်ဘက်၊မျက်ရစ်များတွင် နွားနို့အနည်းငယ်ကိုခပ်ပါးပါးသုတ်လိမ်းပါ။ ပြီးလျှင် အခြောက်ခံပါ။

ခြောက်သွားပါက နောက်တကြိမ် ထပ်မံသုတ်လိမ်းပေးပါ။ ပြီးလျှင် ပြန်အခြောက်ခံပါ။အခြောက်ခံနေစဉ်မှာ ငြိမ်သက်စွာ လဲလျောင်းနေဖို့ လိုပါတယ်။ ဒုတိယတကြိမ် အခြောက်ခံတာ ခြောက်သွားပါက ရေသန့်သန့်ဖြင့် မျက်နှာသစ်ပေးပါ။

ဒီလိုမကြာခဏလုပ်ခြင်းဖြင့် မျက်လုံးအောက်ဘက်ရှိအရေးအစင်းများ လျော့နည်းပပျောက်လာကာ အလှတိုးလာပြီး သမင်မမျက်လုံးကဲ့သို့ လှပသောမျက်လုံးလေးများကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ