fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

Thalassaemia (သာလဆီးမီယား)

Thalassaemia (သာလဆီးမီးယား) ဆိုတာ သွေးရောဂါ တစ်ခုပါ။ သွေးကင်ဆာတော့ မဟုတ်ပါဘူး၊ သွေးနီဥရဲ့ ဟေမိုဂလိုဘင် (Harmoglobin) မှာဖြစ်တဲ့ ပြဿနာပါ၊ မျိုးရိုးလိုက်တတ်ပါတယ်။

Thalassaemia (သာလဆီးမီးယား) ရောဂါမှာမှ (α) နဲ့ ဘီတာ (β) ဆိုပြီးထပ်ခွဲပါတယ်။ နှစ်မျိုးလုံးမှာတော့ အဆင့်တွေ ရှိပါတယ်။
Thalassaemia (သာလဆီးမီးယား) ရောဂါရှိသူတွေထဲမှာ တစ်ချို့က ဘာရောဂါလက္ခဏာမှ မပြပါဘူး၊ တစ်ချို့ကတော့ သွေးအားနည်းတာမျိုးလောက်သာ ပြပါတယ်။ တစ်ချို့ကတော့ တကယ်ကို ရောဂါလက္ခဏာ အပြည့်အ၀ ခံစားရတတ်ပါတယ်။
ပုံမှန်အားဖြင့် သွေးနီဥတွေရဲ့ သက်တမ်းက ရက်ပေါင်း ၁၂၀ ခံပါတယ်။ Thalassaemia (သာလဆီးမီးယား) မှာကတော့ သွေးနီဥတွေရဲ့ ဟီမိုဂလိုဘင် (Haemoglobin) တွေက ချို့ယွင်းချက်တွေ ပါလာတာကြောင့် ပျက်စီးလွယ်လာပါတယ်။

Thalassaemia (သာလဆီးမီယား) မှာ အစကတော့ သွေးအားနည်းတာကြောင့် မူးတာ၊ မောတာ၊ နှလုံးတုန်၊ စားမဝင်တာ၊ ရင်ဘတ်အောင့်တာ၊ နုံးချိတာ စသဖြင့် ဖြစ်နိုင်ပါတယ်။ သွေးနီဥတွေ ပျက်စီးပေမယ့် သံဓာတ်တွေကတော့ ပုံမှန်ဖြစ်ပြီး သွေးအားနည်းတာပါ။ သွေးနီဥရဲ့ အထဲက သံဓာတ်တွေ ကျန်နေခဲ့တာကြောင့်ပါ။ သွေးအားနည်းတာ ကြာလာတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ရိုးတွင်းချဉ်ဆီတွေက သွေးနီဥတွေ ပိုပြီး ထုတ်ပေးလာကြပါတယ်။ နောက်ပိုင်းမှာ အရိုးတွေက ပုံစံပြောင်းပြီး ဦးခေါင်းခွံတွေ ငေါထွက်လာတာမျိုး၊ ခြေတွေလက်တွေ ကြီးလာတာမျိုး ဖြစ်လာပါတယ်။ အရိုးတွေမှာလည်း သွေးနီဥတွေ ပိုမိုထုတ်ပေးရသလို ပျက်စီးသွားတဲ့ သွေးနီဥတွေကိုလည်း ခြေဖျက်နေရတာမို့လည်း ကြီးလာတတ်ကြပါတယ်။
Thalassaemia (သာလဆီးမီးယား) မှာ သွေးအားနည်းလာရင် သံဓာတ်အားဆေး မစားရပါဘူး၊ လိုအပ်ရင် သွေးပဲသွင်းနေရတာပါ။
သွေးခဏခဏ သွင်းနေရတာကြောင့်ရော သွေးနီဥတွေ ခဏခဏ ပျက်စီးနေတာကြောင့်ရော ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ များများလာပါတယ်။ အဲဒီသံဓာတ်တွေက ခန္ဓာကိုယ်အနှံမှာ သွားဖုံးနေတာကြောင့် ကြာလာရင် အသားအရေ ညိုညစ်လာတတ်ပါတယ်။ ဆီးချိုဖြစ်လာနိုင်ပါတယ်။ ဟော်မုန်းထုတ်တဲ့နေရာတွေမှာ ပုံလာတဲ့ အခါ ဟော်မုန်းအထွက်နည်းတာလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်၊ အသည်း၊ နှလုံး၊ အရိုးနဲ့ အဆစ်တွေမှာ လည်း ဒုက္ခပေးနိုင်ပါတယ်။
Thalassaemia (သာလဆီးမီယား) က သွေးစစ်ကြည့်ရတာပါ။ သွေးအားနည်းတာအပြင် သံဓာတ်ရောဟီမိုဂလိုဗင် (Haemoglobin) ကိုပါ စစ်ဆေးဖို့လိုပါတယ်။ လိုတဲ့အခါ ဓာတ်မှန်လည်း ရိုက်ရပါတယ်။

ဒီရောဂါ ဖြစ်တဲ့သူတွေက အာဟာရ ပြည့်အောင်စားဖို့ လိုပေမယ့် သံဓာတ်ပါတာ တွေကိုတော့ ရှောင်ဖို့လိုပါတယ်။ သွေးအားနည်းတာအတွက် သွေးကိုပုံမှန်သွင်းနေတာက အရိုးတွေ ပြောင်းလဲလာတာကို နည်းစေပါတယ်။ သံဓာတ်က လိုတာထက် ပိုများနေတာကို လျော့ဖို့လည်း ဆေးသောက်ရပါတယ်။ Vitamin C ကို သောက်ခြင်းဖြင့်လည်း ဆီးထဲကနေ သံဓာတ်စွန့်ပစ်တာကို များစေပါတယ်။
သွေးခဏခဏ သွင်းနေရတာက တစ်နှစ်ကို 250 ml/kg ထက်ပိုလာရင်၊ သရက်ရွက်ကြီးလာပြီး နေရတာ အဆင်မပြေတာမျိုးတွေမှာ သရက်ရွက်ထုတ်ရတတ်ပါတယ်။ မထုတ်ခင်မှာ ကာကွယ်ဆေးကြိုထိုးဖို့ လိုသလို ထုတ်ပြီးရင်လည်း ဆေးသောက်နေဖို့ လိုပါတယ်။
လိုအပ်လာရင် ဟော်မုန်းနည်းတာမျိုးတွေ အတွက်ပါ ဆေးသောက်နေရတတ်ပါတယ်။
Thalassaemia (သာလဆီးမီးယား) ရောဂါက ကုလို့မရပါဘူးဆိုပေမယ့် နောက်ပိုင်းမှာ ရိုးတွင်းခြင်ဆီ လဲတာ မျိုးတွေ လုပ်လာကြပါတယ်။
ဒီရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိဘတွေမှာ မျိုးရိုးရှိနေရင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ ကြိုတင် စစ်ဆေးနိုင်ပါတယ်။

 

AUTHOR – Dr. CST

ဆက်စပ် ဆောင်းပါးများ