fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

အပူလောင်ခြင်း

အပူလောင်ခြင်း

လူတိုင်း လူတိုင်း ဘဝမှာ အပူလောင်ခြင်း၊ ကြုံဖူးကြပါလိမ့်မည်။

သင့်ပတ်ဝန်းကျင်ရှိ ဘယ်အရာတွေက အပူလောင်ခြင်း ဖြစ်စေတာလဲ?

မီး
ဆီပူ၊ ရေနွေးပူ၊ ရေနွေးငွေ့
အပူပေးထားသောပစ္စည်းများ
နေရောင်ခြည်
ဓာတ်ရောင်ခြည်
ဓာတုပ္စည်း Chemicals များ (eg. အက်ဆစ်၊ ထုံး၊ သုတ်ဆေးများ၊ အယ်ကာလီများ)
အသေးစား အပူလောင်ခြင်းများဟာ အိမ်တွင် ကုသလို့ ရပါတယ်။ သို့သော် အပူလောင်သော ဒဏ်ရာကြီးလျှင် ၊ နက်လျှင်၊ များလျှင်၊ အန္တရာယ်ရှိသော နေရာများ လောင်လျှင် ဆေးရုံတွင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဒဏ်ရာပြင်းထန်မှုအဆင့် (၃) ဆင့် ရှိပါတယ်။
(၁) ပထမအဆင့် အရေပြား နီရုံသာ ရှိသော အနေအထား
(၂) ဒုတိယအဆင့် ရေကြည်ဖုများ တွေ့ရပါမည်။
(၃) တတိယအဆင့် အပူလောင်သော နေရာတွင် မဲနေခြင်း၊ ညိုနေခြင်း၊
ဖြူသွားခြင်း တွေ့ရပါမယ်။
မီးကျွမ်းဒဏ်ရာများ တွေ့ရနိုင်ပါတယ်။
အာရုံကြော ထိခြင်း၊ ထုံခြင်းများ ရှိတတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ပိုးဝင်၍ အနာရင်းခြင်း
ရေဓာတ်ဆုံးရှုံးခြင်း
အပူချိန် ကျသွားခြင်း
အသက်ရှူ ခက်ခဲခြင်း
အမာရွတ်ကျန်ခြင်း
အရိုး နှင့် အဆစ်များ ထိခြင်း

 အပူလောင် ဒဏ်ရာ ကုသခြင်း နည်းလမ်းများ

ကုသမှုမှာ အပူလောင်ဒဏ်ရာ၏ နေရာ / အတိမ်အနက်ပေါ် မူတည်ပါတယ်။
သာမန် ပထမအဆင့် နှင့် ဒုတိယအဆင့် ဒဏ်ရာများဟာ အိမ်တွင် သို့မဟုတ် ဆေးခန်းတွင် ကုသနိုင်ပါတယ်။
တတိယအဆင့် အပူလောင်ဒဏ်ရာများကတော့ ဆေးရုံတွင် ကုသရန် လိုအပ်ပါတယ်။

အိမ်တွင်းကုထုံး

အပူလောင်သော နေရာကို အေးမြသော ရေဖြင့် ဆေးပါ။ (၁၅ မိနစ် မှ ၃၀ မိနစ်)
နာကြဉ်မှု သက်သာအောင် အဝက်စလေးနှင့် ပတ်ထား၊ တင်ထားပေးနိုင်သည်။
ရေခဲ နှင့် တိုက်ရိုက် မကပ်ပါနှင့်။
အပူလောင်သော နေရာ ယောင်ယမ်းမှု မဖြစ်ခင် လက်စွပ်များ၊ လက်ကောက်များ ကြို ချွတ်ထားပါ။
ရှားစောင်းလတ်ပတ် နှင့်ပိုးသတ်ဆေး လိမ်းဆေးလိမ်းနိုင်သည်။
အပူလောင်သော နေရာ လေနှင့် မထိအောင် ပတ်တီးပတ်နိုင်သည်။
ရေကြည်ဖုများကို မဖောက်ပါနှင့်။
မေးခိုင်ကာကွယ်ဆေး ထိုးနိုင်သည်။
အနာသက်သာဆေးသောက်ခြင်း
စိတ်ပူပန်မှုလျော့ဆေးများ
ပိုးသတ်ဆေး ထိုးခြင်း/ သောက်ခြင်း
ရေဓါတ်မဆုံးရှုံးရအောင် ပုလင်းချိတ်ခြင်း
အဆစ်များ မီးလောင်ခံရ ၊ အပူလောင်ခံရလျှင် ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်း လုပ်ရန် လိုသည်။
မျက်နှာနှင့် လည်ပင်း အပူလောင်၊ မီးလောင်လျှင် အသက်ရှူစက် ၊ အစာပိုက်များ၊ နှာခေါင်းပိုက် များ ထည့်ရန် လိုသည်။
အနာကို သန့်စင်ခြင်း၊ အညစ်အကြေး ဖယ်ခြင်း
တစ်ခါတစ်ရံ မီးကျွမ်းသော အသားများကို ဖယ်ရန် လိုသည်။
အရေပြား အစားထိုးခြင်း နှင့် ဒဏ်ရာပျောက် ခွဲစိတ်ကုသခြင်း။

ဆရာဝန် နှင့် ဘယ်အချိန် ပြသင့်သလဲ?

(1) ခြေဖဝါး၊ လက်၊ မျက်နှာ၊ ပေါင်ခြံ၊ တင်ပါး နှင့် အဓိက အဆစ်ကြီးများ အပူလောင်လျှင်
(၂) ခန္ဓာကိုယ်၏ ၁၀ ရာခိုင်နှုန်းထက် ကျော်ပြီး မီးလာင် / အပူလောင်လျှင်
(၃) နက်လျှင်
(၄) သားရေကဲ့သို့ အရေပြား အရောင်ပြောင်းလဲမှု ၊ ထိတွေ့မှု ပြောင်းလဲမှုဖြစ်လျှင်
(၅) အပူလောင်နေရာ ညိုခြင်း၊ မဲခြင်း၊ အဖြူကွက်ထခြင်းဖြစ်လျှင်
(၆) အသက်ရှူလမ်းကြောင်း အပူလောင်လျှင်
(၇) အသက်ရှူရခက်ခဲလျှင်
(၈) ဓာတ်လိုက်ခံရလျှင်
(၉) ဓာတုပစ္စည်း (chemical) ကြောင့် အပူလောင်လျှင်
(၁၀) နှစ်ပတ်အတွင်း အနာမကျက်လျှင်
(၁၁) အနာရင်းလျှင်
(၁၂) အမာရွတ်ကြီးလျှင်

Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ